ကြက်ဥအကာနဲ့ပေါင်းတင်တာဟာ အသားအရေအတွက် တကယ်ကိုကောင်းမွန်ပါတယ်။ အရေပြားပေါ်မှာရှိတဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ၁၀ နှစ်လောက် နုပျိုသွားသလို ခံစားရရှိစေမှာပါ။

ပါဝင်ပစ္စည်း

ae72c2dc7ea3dfe108083253c22e424a

ကြက်ဥအကာ ၁ လုံး

main-qimg-104a630802b5c8a7e268edb7eb1e3011-c

သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဝက်

အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ခြင်း

Egg-White-Face-Mask-with-Lemon-for-Oily-and-Acne-Skin

အလယ်အလတ်အရွယ်လောက်ရှိတဲ့ ကြက်ဥအကာကို ယူပါ။ ပြီးရင် ခွက်တစ်လုံးထဲထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် သံပုယိုသီးနဲ့ အုန်းဆီထည့်ပြီး ထပ်မွှေပေးပါ။

အဲဒီအအရည်ကို မျက်နှာပေါ်မှာလိမ်းပေးပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်ထားပါ။

မျက်နှာမှာကပ်ထားတဲ့ ကြက်ဥခြောက်သွားတဲ့အခါ ရေနွေးနဲ့ မျက်နှာသစ်ချပါ။

ဒီနည်းလမ်းလေးက ဘယ်အသားအရေမျိုးနဲ့မဆို အဆင်ပြေစေမှာပါ။

မျက်နှာပေါ်က အရေးကြောင်းတွေကို သက်သာပျောက်ကင်းစေမဲ့အပြင် ဆားဝက်ခြံတွေကိုလည်း ပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ဝက်ခြံ အမာရွတ်တွေကိုလည်း သက်သာစေပါတယ်။