ကိုယ်ဝန်ဆောင်ပြီးချိန်မှာ ဗိုက်ကြောပြတ်တာတွေဖြစ်တတ်ပါတယ်။ ဒါတင်မက ဝလိုက်ပိန်လိုက်ဖြစ်တဲ့သူတွေလည်း အကြောပြတ်တတ်ပါတယ်။ ဟော်မုန်းဓါတ်မညီမျှတာကြောင့် အခုလို အကြောပြတ်တာမျိုးဖြစ်ပေါ်တာဖြစ်ပြီးတော့ သဘာဝနည်းလမ်းနဲ့လည်း ကုသလို့ရပါတယ်။

အကြောပြတ်လေ့ရှိတဲ့နေရာတွေကတော့

ဗိုက်သား၊ တင်ပါး၊ ရင်သား၊ လက်မောင်းသား ၊ ပေါင်းသားတွေမှာ အဓိကဖြစ်ပေါ်လေ့ရှိပါတယ်။

အခုလိုအကြောပြတ်တာက ဒီအတိုင်းထားရင် လုံးဝအရှင်း မပျောက်သွားပါဘူး။ သဘာဝနည်းလမ်းနဲ့ အဖြေရှာလိုက်ရအောင်ပါ။

ပြုလုပ်နည်း ၁

ကြက်ဆူဆီ

ကြက်ဆူဆီကို ဝါဂွမ်းနှစ်ပြီး အကြောပြတ်တဲ့နေရာတွေမှာ လိမ်းပေးပါ။ ပြီးရင် အသားထဲ စိမ့်ဝင်သွားတဲ့ထိ မိနစ်အနည်းငယ် ပွတ်လိမ်းပေးပါ။ နေ့တိုင်းလုပ်ပေးပါ။ ၁ လလောက်ဆိုရင် သိသာလာပါလိမ့်မယ်။

အုန်းဆီ

အုန်းဆီမှာ အသားအရေ စိုပြေစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး အကြောပြတ်တာတွေကို သက်သာစေပါတယ်။ အုန်းဆီခဲကို လက်ဝါးမှာ အရင်ပွတ်လိမ်းလိုက်ပြီး ဗိုက်ကြောပြတ်တဲ့နေရာတွေမှာ လိမ်းပေးပါ။ အသားထဲ စိမ့်ဝင်သွားတဲ့ထိ ပွတ်ပေးပါ။ တစ်နေ့ကို ၂ ကြိမ်လုပ်ပါ။ ၁ လလောက်ဆိုရင် သက်သာသွားမှာဖြစ်ပါတယ်။

ဗီတာမင် E အဆီ

ဗီတာမင် E အဆီကို ဝယ်ပါ။ ပြီးရင် ဝါဂွမ်းစွတ်ပြီး အကြောပြတ်တဲ့နေရာမှာ လိမ်းပါ။ ပြီးရင် ငြင်သာစွာ ပွတ်လိမ်းပေးပါ။ နေ့တိုင်းလုပ်ပေးပါ။ ၁ လဆိုရင် သိသိသာသာ ပျောက်ကင်းသွားမှာပါ။