အလှပြင်ဆိုင်သွားပြီး မျက်နှာသန့်ရှင်းရေးလုပ်၊ ချွေးပေါက်သန့်ရှင်းရေးလုပ်တာတွေ ခဏခဏ သွားလုပ်စရာမလိုပါဘူး။ ဆားဝက်ခြံတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးပါမယ်။

ဆားဝက်ခြံတွေကို ဖယ်ရှားပေးပြီး အသားအရေ ကြည်လင်စေမယ့် သဘာဝပေါင်းတင်နည်း

ပါဝင်ပစ္စည်းတွေကလည်း ကုန်ကျစရိတ်လည်း သက်သာပြီး ဘေးထွက်ဆိုးကျိုးလည်း ကင်းတာမို့ သဘာဝနည်းလမ်းကို မျှဝေပေးပါမယ်။

၁။ ပါဝင်ပစ္စည်း

ရွှံ့စေးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ပန်းသီးရှလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ခွက်တစ်လုံးထဲမှာ ပါဝင်ပစ္စည်းနှစ်မျိုးကိုရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်လိမ်းပေးပါ။ ဆားဝက်ခြံရှိတဲ့နေရာကို ညင်သာစွာပွတ်ပေးပါ။ အဲဒီနော်က ၁၀ မိနစ်လောက်ထားပြီး ရေအေးအေးနဲ့ သေချာဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ်ပြုလုပ်နိုင်ပါတယ်။

၂။ ပါဝင်ပစ္စည်း

သွားတိုက်ဆေး စားပွဲတင်ဇွန်း ၁ ဇွန်း

ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေခဲ တုံး ၁ တုံး

ပြုလုပ်နည်း

အရင်ဆုံး သွားတိုက်ဆေးနဲ့ ဆားကို ခွက်တစ်လုံးထဲ အရင်ထည့်ပြီး မွေလိုက်ပါ။ အရင်ဆုံး မျက်နှာကို ရေနွေးနွေးလေးနဲ့ အရင်သစ်ပါ။ အဲဒီနောက် ဆားနဲ့ သွားတိုက်ဆေးရောထားတာကို လိမ်းပေးပါ။ အထူးသဖြင့် နှာခေါင်း မေးစေ့နဲ့ ဆားဝက်ခြံရှိတဲ့နေရာကို သေချာပွတ်လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီး လက်ကို ရေစွတ်ကာ ညင်သာစွာပွတ်ပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချပါ။ အဲဒီနောက် တဘက်နဲ့ သုတ်ပြီး ရေခဲတုံးနဲ့ မျက်နှာကို ပွတ်ပေးပါ။ ချွေးပေါက်တွေ ပြန်ပိတ်သွားအောင်လို့ လုပ်ပေးရတာပါ။ တစ်ပတ်ကို ၂ ကြိမ် ၂ ပတ်အနည်းဆုံး လုပ်ပေးပါ။