အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ချွေးဂရင်း ပိုများကြပြီး ချွေးပိုထွက်စေပါတယ်။ ဒါ့အပြင် “ စိတ်ဖိစီးမှုများတဲ့သူတွေ၊ အပြင်ထွက်ပြီး အလုပ်လုပ်နေကြရတဲ့ သူတွေဟာ ပိုပြီး ချွေးထွက်မှုပိုများပါတယ်။” ချွေးထွက်ရင် ချွေးတွေဟာ အရေပြားပေါ်မှာ ဘက်တီးရီးယားတွေနဲ့ ရောသွားပြီး ခန္ဓာကိုယ်ကနေ အနံ့ထွက်လာပါတယ်။ ဒါ့ကြောင့် နေ့စဉ်ပုံမှန်ရေချိုးပေးရုံနဲ့ တင်မလုံလောက်ပါဘူး။

အမျိုးသားတွေအတွက် ခန္ဓာကိုယ် အနံ့သက်ကို ကောင်းမွန်စေမယ့် နည်းလမ်း (၁၄) သွယ်ကို မျှဝေပေးချင်ပါတယ်။

၁။ နေ့တိုင်း ရေချိုးမယ်

နေ့တိုင်း ရေချိုးပေးရုံသာမက ဘက်တီးရီးယားတွေကို သေစေတဲ့ ဆပ်ပြာနဲ့ ရေချိုးပေးသင့်ပါတယ်။ ဒါဆိုရင် အသားအရေပေါ်က ဘက်တီးရီးယားတွေကို လျှော့ချပေးပြီး ခန္ဓာကိုယ်က အနံ့တွေလည်း သက်သာသွားမှာပါ။

၂။ ချွေးနံ့ ပျောက်ကင်းစေတဲ့ ကုန်ပစ္စည်းတွေ သုံးမယ်

ချွေးတိတ်ဆေး Antiperspirant ချွေးနံ့ ပျောက်ဆေး Deodorant မှာ အလူမီနီယံ ဆား (Aluminum Salts) တွေပါဝင်ပြီး ချွေးတွေမှာ ပျော်ဝင်ပါတယ်။ ချွေးထွက်တဲ့ ပမာဏကို လျှော့ချပေးနိုင်ပြီး ချွေးတွေကို ခန္ဓာကိုယ်ပေါ်ရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ရောနှောသွားခြင်းမှ ကာကွယ်ပေးတာကြောင့် အနံ့ အသက်ဆိုးတွေ ဖြစ်ပေါ်ခြင်းကနေ ကာကွယ်ပေးပါတယ်။

Rexona ဟာ Motion Sense နည်းပညာနဲ့ ထုတ်လုပ်ထားတာကြောင့် သင့်လှုပ်ရှားမှုတိုင်းကို လန်းဆန်းနေစေမှာဖြစ်ပါတယ်။ ချွေးနံ့နဲ့ အနံ့ဆိုးတွေကို ၄၈ နာရီကြာ ကာကွယ်ပေးတာမို့ Rexona ကို သုံးပြီး တစ်နေကုန် ယုံကြည်မှုအပြည့်နဲ့ အနှောင့်ယှက်ကင်းကင်း နေထိုင်လိုက်ပါ။

၃။ ပေါင်ဒါလိမ်းပေးမယ်

ချိုင်းအောက်မှာ ချွေးတိတ်ဆေးနဲ့ ချွေးနံ့ပျောက်ဆေးကို လိမ်းပေးပြီးရင်တော့ ပေါင်ဒါကို ထပ်လိမ်းပေးလိုက်ပါ။

၄။ ခန္ဓာကိုယ်ပေါ်မှာ ရေမွှေး (သို့) အမွှေးတစ်ခုခု ဖြန်းပေးပါ

သင့်ရဲ့ ကိုယ်သင်းနံ့ဟာ စွဲဆောင်မှုတစ်ခုပါပဲ။ ချွေးနံ့ သက်သာစေဖို့အတွက် ရေမွှေးတစ်ခုခုကို သုံးပေးပါ။

၅။ လက်ကောက်ဝတ်မှာ ရေမွှေးဖြန်းပြီးရင် လက်ကောက်ဝတ်နှစ်ခုကို မပွတ်လိုက်ပါနဲ့

လက်ကောက်ဝတ်မှာ ရေမွှေးဖြန်းပေးပြီးရင် လက်ကောက်ဝတ်နှစ်ခုကို မပွတ်ပေးပါနဲ့။ အဲဒီလိုလုပ်ပေးတာဟာ အနံ့ပြယ်တာ မြန်စေပါတယ်။ ဒါ့ကြောင့် ဖြန်းပဲဖြန်းပေးလိုက်ပါ။

၆။ အနံ့ မပြင်းတဲ့ ဆံပင်နဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်းတွေသုံးမယ်

ခေါင်းလျှော်တာ၊ gel လိမ်းပေးတာမျိုး လုပ်တဲ့အခါ အနံ့ သိပ်မပြင်းဘဲ ခပ်သင်းသင်းရှိပြီး စိတ်ကိုကြည်လင် လတ်ဆတ်စေတဲ့ ဆံကေသာ အလှကုန်ပစ္စည်းတွေကို သုံးပေးပါ။

၇။ ကြက်သွန်ဖြူနဲ့ တခြား အနံ့ထွက်စေတဲ့ အစားအစာတွေရှောင်မယ်

ချွေးအရမ်းထွက်တတ်ပြီး ချွေးနံ့ နံတတ်တယ်ဆိုရင် သင့်ချွေးနံ့ကို ပိုပြီးနံစေတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတဲ့အစားအစာတွေကို ရှောင်ပေးပါ။ အရက်သောက်တာများရင်လည်း ချွေးနံ့နံတာမို့ အရက်ကိုလည်း အများကြီး မသောက်ပါနဲ့။

၈။ Green Tea သောက်မယ်

Green Tea ဟာ ခံတွင်းနံ့ကို ကောင်းမွန်စေသလို ဘက်တီးရီးယားတွေကို သေစေပါတယ်။ ဒါ့ကြောင့် သောက်ပေးသင့်ပါတယ်။

၉။ ပီကေဝါးမယ်

ခံတွင်းအနံ့ဆိုးတာဟာ ခံတွင်းခြောက်တာကြောင့်ဖြစ်ရတာပါ။ ဒါ့ကြောင့် ပီကေဝါးပေးပါ။ သကြားမပါတဲ့ ပီကေဝါးပေးမယ်ဆိုရင် ခံတွင်းနံ့ သင်းနေစေမှာဖြစ်ပါတယ်။

၁၀။ အရက်ပါတဲ့ ကုန်ပစ္စည်းတွေကို ရှောင်မယ်

အရက်ဟာ ခံတွင်းကို ခြောက်သွေ့စေပြီး ဘက်တီးရီးယားတွေကို ပိုမိုရှင်သန်စေလို့ ခံတွင်းနံ့ဆိုးစေပါတယ်။ ဒါ့ကြောင့် ခံတွင်းဆေးရည်ကိုသုံးရင်တော့ အရက်ပါတာမသုံးပါနဲ့။

၁၁။ အဝတ်အစားနဲ့ ဖိနပ်တွေကိုလည်း သန့်ရှင်းလတ်ဆတ်နေပါစေ

သင့်အဝတ်အစားနဲ့ ဖိနပ်ရဲ့ အနံ့သင်းသင်းနဲ့ အမြဲတမ်း သန့်ရှင်းလတ်ဆတ်နေအောင်ထားပါ။ သင့်ခန္ဓာကိုယ် အမြဲတမ်း အနံ့အသက် ကောင်းမွန်နေစေဖို့ အင်္ကျ ီ ဖိနပ်တွေကို သန့်သန့်ရှင်းရှင်းဝတ်ဆင်ပေးသင့်ပါတယ်။

၁၂။ အိပ်ယာခင်းကို ၂ ပတ်ခြား တစ်ခါလဲပေးပါ

အိပ်ယာခင်းက နှစ်ပတ် တစ်ခါလောက် လဲပေးသင့်ပါတယ်။ အိပ်ယာခင်းမှာလည်း အနံ့သင်းတဲ့ စပရေးကို ဖြန်းပေးထားပါ။

၁၃။ လေချဉ်တက်စေပြီး အနံ့ဆိုးထွက်စေတဲ့ အစားအစာတွေ မစားပါနဲ့

ဥပမာ Hot Dogs ၊ ဟမ်ဘာဂါ စတဲ့အစားအစာတွေဟာ သင့်ကို ရင်ပြည့်စေပြီး ခံတွင်းအနံ့ဆိုးထွက်စေပါတယ်။ အစာမကြေဖြစ်စေပြီး လေချဉ်တက်စေပါတယ်။ ဒါ့ကြောင့် ခံတွင်းနံ့ ဆိုးစေပါတယ်။

၁၄။ ပေါ့ပေါ့ပါးပါးရှိတဲ့ အတွင်းခံ အင်္ကျ ီအဖြူဝတ်ပေးပါ။

ပေါ့ပေါ့ပါးပါးရှိပြီး ချွေးစုပ်တဲ့ စွပ်ကျယ် (သို့) တီရှပ်အင်္ကျ ီပါးပါးကို အထဲမှာ ခံဝတ်ထားပေးသင့်ပါတယ်။ ဒါဆိုရင် ချွေးထွက်တာသက်သာပြီး သင့်ကိုယ်သင်းနံ့လည်း သင်းပျံ့နေမှာပါ။