လူတိုင်း နုပျိုတဲ့အသားအရေကို ရရှိပိုင်ဆိုင်ချင်ကြပါတယ်။ ဒါ့ကြောင့်လည်း ဈေးကြီးတဲ့ ဆေးတွေ Lotion တွေ မျက်နှာပေါင်းတင်တဲ့ပစ္စည်းတွေ ဈေးကွက်မှာ တွင်တွင်ကျယ်ကျယ်ရရှိနေတာပါ။

အရေးကြောင်းတွေ သက်သာပျောက်ကင်းစေဖို့ အိမ်တွင်းနည်းလမ်း ၁၀ မျိုးကို မျှဝေပေးချင်ပါတယ်။

ဆပ်ပြာကို (No) လို့ပြောလိုက်ပါ။

မနက်မိုးလင်းလို့ မျက်နှာသစ်တဲ့အခါ ရေနွေးနွေးလေးနဲပ သစ်ပေးပါ။ အလုပ်လုပ်ပြီး Gym ဆော့ပြီးလို့ဖြစ်ဖြစ် အိပ်ယာမဝင်ခင်ဘဲဖြစ်ဖြစ် ဆပ်ပြာအစား Moisturizing Cleanser ကိုသုံးပေးပါ။ သဘာဝအဆီတွေပါဝင်ပြီး အသားအရေကို ကျန်းမာစေပါတယ်။

လက်ဖက်ဆီတို့လို့ သဘာဝသစ်ကရတဲ့ အဆီတွေကိုအသုံးပြုပြီး မိတ်ကပ်တေါကို သန့်ရှင်းရေးလုပ်ပေးတာဟာ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပြီး ချွေးပေါက်တွေကိုလည်း သန့်စင်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် ဆပ်ပြာသုံးချင်ရင်လည်း Moisturizer သုံးဖို့မမေ့ပါနဲ့။

အလွန်အကျွံမျက်နှာမသစ်ပါနဲ့။

မျက်နှာကို တစ်နေ့မှာ အကြိမ်ပေါင်းမရေမတွက်နိုင်အောင်မျက်နှာသစ်တာဟာ သင့်ကို အိုမင်းရင့်ရော်စေပါတယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ်သစ်ရင် လုံလောက်ပါပြီ။

ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အဆီတွေသုံးပြီးရေဓာတ်ဖြည့်တင်းပါ။

အသားအရေခြောက်သွေ့တဲ့သူတွေဟာ ပိုပြီးလိုအပ်ပါတယ်။ သဘာဝအတိုင်းအသားအရေဖြူဝင်းစေဖို့ သဘာဝကရတဲ့ ဆီတွေ (အုန်းဆီ၊ သံလွင်ဆီ၊ ထောပတ်သီးအဆီ) ကိုအသုံးပြုပြီး မျက်နှာကို ရေဓါတ်ဖြည့်တင်းပါ။

ဗီတာမင် C စားပါ သုံးပါ။

စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ ကီဝီသီး၊ ပန်းမုန်လာစိမ်း ၊ လိမ္မော်သီး စတဲ့ ဗီတာမင် C ပါဝင်တဲ့အစားအစာတွေကို စားသုံးပေးပါ။ ဒီအသီးတွေနဲ့လည်း မျက်နှာပေါင်းတင်ပေးလို့ရပါတယ်။ အသားအရေကို နုပျိုစိုပြေစေပါတယ်။ ဒါမှမဟုတ်ရင်လည်း ဗီတာမင် C တောင့်ကိုလိမ်းပြီး အိပ်ပေးပါ။

ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ပါ။

ဆေးလိပ်သောက်တာဟာ အသားအရေကို အိုမင်းရင့်ရော်စေပြီး အရေးကြောင်းတွေဖြစ်စေပါတယ်။ ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ။

ဦးထုပ်ဆောင်းပါ။

နေရောင်ချည်နုနုကိုထိတွေ့တာဟာ ဗီတာမင် D ရရှိလို့ ကောင်းမွန်တယ်ဆိုပေမယ့် ထိတွေ့တာများရင် နေရောင်ချည်မှာပါတဲ့ UV ဓါတ်က အသားအရေကို ပျက်ဆီးစေပါတယ်။ ဒါ့ကြောင့် Suncreen လိမ်းပေးတာမျိုး ဦးထုပ်ဆောင်းပေးတာမျိုးလုပ်ပေးပါ။

မျက်မှန်တပ်ပါ။

မျက်လုံးနားတစ်ဝိုက်မှာ အရေးကြောင်းဖြစ်ပေါ်ခြင်းကနေ ရှောင်ကျဉ်ဖို့ နေရောင်ချည်ကာကွယ်ပေးနိုင်တဲ့ မျက်မှန်တပ်ပေးပါ။

ပက်လက်အိပ်ပါ

မျက်နှာကို မှောက်လျက်အိပ်တာဟာ ခေါင်းအုံး အိပ်ယာခင်းတွေမှာပေကျံနေတဲ့ ဘက်တီးရီးယားတွေ ကပ်စေပြီး အရေးကြေင်းတွေဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ပက်လက်အိပ်ပေးပါ။

ချောကလက် အခါးစားပါ။

ချောကလက် အချိုထက် ချောကလက်အခါးစားပေးပါ။ အညိုရောင်ထက် အမည်းရောင်က အသားအရေအတွက် ပိုပြီးကောင်းမွန်ပါတယ်။

ဟင်းလျာတွေမှာ နနွင်းထည့်စားပါ။

နနွင်းဟာ အလှအပအတွက်ရော ကျန်းမာရေးအတွက်ရော များစွာအကျိုးကျေးဇူးရှိစေလို့ နနွင်းကိုထည့်စားသင့်ပါတယ်။ နနွင်းကို မျက်နှာပေါ်မှာလိမ်းပေးတာကလည်း အသားအရေကို စိုပြေလှပစေပါတယ်။

သကြားမစားပါနဲ့။

သကြားပါဝင်တဲ့အစားအစာဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါမကောင်းမွန်ပါဘူး။ သကြားစားသုံးမှုကို လျှော့ချပေးပါ။ သကြားများများစားတာဟာ အသားအရေကို အိုမင်းရင့်ရော်စေပါတယ်။