ကလေးရှိတဲ့ မိခင်တွေအားလုံး DHA ဆိုတာ ကလေးတွေအတွက် အရေးကြီးတယ်ဆိုတာ သိကြပေမယ့် ဘာလို့ တကယ်အရေးကြီးတာလဲဆိုတာ မသိကြပါဘူး။ DHA ဆိုတာ နို့စို့အရွယ် နဲ့ ကလေးတွေရဲ့ ဦးနှောက်၊ မျက်လုံး အာရုံကြော ဗဟိုစနစ်တွေရဲ့ လုပ်ဆောင်ချက်တွေ အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်ဖို့ရာအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပါပဲ။

DHA ဓာတ်ဟာ ဦးနှောက် တည်ဆောက်မှုပိုင်းမှာ အဓိက အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး Omega 3 fatty acid docosahexaenoic acid (DHA) ဟာ ဦးနှောက် ကျန်းမာရေးနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုအတွက် အဓိက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ DHA ဟာ နို့စို့အရွယ် ကလေးတွေနဲ့ ကလေးတွေရဲ့ ဦးနှောက်၊ မျက်လုံးနဲ့ ဗဟိုအာရုံကြောစနစ် လုပ်ဆောင်မှုနဲ့ ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်ပါတယ်။

လေ့လာတွေ့ရှိချက်အရ DHA ဓာတ်စားသုံးမှုမြင့်မားတဲ့ ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာရော အမြင်အာရုံပိုင်းဆိုင်ရာ လုပ်ဆောင်မှုမှာရော တခြားကလေးတွေထက် ပိုကောင်းတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

DHA ကို ဘယ်ကနေ ရနိုင်မလဲ

DHA ဓာတ်ဆိုတာ မိခင်နို့မှာ ပါပြီးသားဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ကိုယ်အလေးချိန်မပြည့်ဘဲ မွေးလာတဲ့ မွေးကင်းစကလေးတွေနဲ့ မိခင်နို့တိုက်ဖို့ အခက်အခဲဖြစ်နေတဲ့ နို့တိုက်ကျွေးတဲ့အရွယ် ကလေးငယ်တွေ အတွက် Infant Formulas နှို့မှုန့်တွေ၊ ဖြည့်စွက်စာတွေမှာ DHA ဓာတ်ကို ပေါင်းစပ် ထုတ်လုပ်လာကြပါတယ်။ (Infant Formulas နို့မှုန့်တွေ မတိုက်ကျွေးခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။) သဘာ၀ DHA ဓာတ်ကိုတော့ မိခင်နို့၊ ပင်လယ်ငါး အထူးသဖြင့် ငါးကြီးဆီ၊ ဆဲလ်မွန်ငါး တို့လိုငါးတွေ၊ ရေညှိတွေမှာ တွေ့ရလေ့ရှိပါတယ်။

DHA ရဲ့ အကျိုးကျေးဇူး

သန္ဓေသားအရွယ် ကလေးတွေအတွက်

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မိခင်တွေအနေနဲ့ DHA ပါဝင်တဲ့ အစားအစာတွေ စားပေးမယ်ဆိုရင် ကလေးတွေရဲ့ IQ ကို မြှင့်တင်ပေးနိုင်ပါတယ်။

တစ်နေ့ကို ၄၀၀ မီလီဂရမ်နဲ့ ၄၀၀ မီလီဂရမ်ထက် ပိုပြီး စားသုံးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေက ဗီတာမင်ဓာတ်တွေ မလုံလောက်ဖြစ်တတ်တာမို့ အသီးအရွက်တွေကို စားပေးသင့်ပါတယ်။

မွေးကင်းစမှ ၆ လအထိ

ဉာဏ်ရည် ဖွံ့ဖြိုးမှု၊ မျက်လုံးနဲ့ လက်ရဲ့ လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပါတယ်။

၆ လမှ ၂ နှစ်အထိ

DHA ဟာ ကလေးတွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အဓိကအရေးပါတဲ့ ဟော်မုန်းကို စတင်ထုတ်လုပ်ပေးပါတယ်။

DHA နဲ့ သဘာဝဗီတာမင် E ပေါင်းစပ်လိုက်တဲ့အခါ

DHA ကတော့ Omega-3 fatty acid ဖြစ်ပြီး ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးရေး၊ အမြင်အာရုံနဲ့ အာရုံကြောစနစ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ သဘာ၀ ဗီတာမင် E ကတော့ Antioxidant တစ်မျိုးဖြစ်ပြီး ဆဲလ်တွေ ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ သဘာ၀ ဗီတာမင် E က ကလေးတွေရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုအတွက်ပိုမိုအရေးပါပြီး၊ ခန္ဓာကိုယ်ကနေ အာဟာရဓာတ် စုပ်ယူမှုကို အပြည့်ရရှိစေပါတယ်။ ဒါ့ကြောင့် သာမန် DHA ချည်း ပါဝင်တဲ့ နို့မှုန့်ကို တိုက်ကျွေးတာထက် သဘာ၀ ဗီတာမင် E နဲ့ ပါဝင်တဲ့ နို့မှုန့်ကို တိုက်ကျွေးမယ်ဆိုရင် ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ လေ့လာသင်ယူမှုကို ပိုမိုအားကောင်းစေပါတယ်။