အခုလို စိုစွတ်တဲ့ မိုးရာသီမှာ ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ် ခြင်တွေအောင်းနေတတ်ပါတယ်။ အိမ်မှာရှိတဲ့ နေရာတွေမှာ ခြင်တွေပေါက်ဖွားလာပြီး ကိုယ့်ရဲ့အသားအရေကို လာကိုက်တဲ့အခါ ယားယံပြီး အနီအပိမ့်တွေထွက်လာလို့ မကုတ်ဘဲနဲ့လည်း မနေနိုင်ကြပါဘူး။

ဒီလိုနေရာအနှံ့ကိုသွားလာနေတဲ့ ခြင်တွေဟာ စိုးရိမ်စရာကောင်းတဲ့ ရောဂါပေါင်းစုံကို သယ်လာနိုင်ပြီးတော့ သူတို့အကိုက်ခံလိုက်ရပြီဆိုလည်း ယားတာက တော်တော်နဲ့ ပျောက်မသွားပါဘူး။ ဒါကြောင့် ခြင်ကိုက်ရာကနေ ဖြစ်ပေါ်လာတဲ့ အနီအစက်တွေကို သက်သာအောင် လုပ်တဲ့နည်းလေးတွေကို ပြောပြပေးချင်ပါတယ်။

ရှားစောင်းလက်ပတ်

Source: medicalnewstoday.com

ရှားစောင်းလက်ပတ်အနှစ်ကို ရေခဲသေတ္တာထဲမှာ ၁၀ မိနစ် ၁၅ မိနစ်လောက် အအေးခံကာ ခြင်ကိုက်ထားတဲ့နေရာတွေမှာ ပွတ်ပေးလိုက်ပါ။ ရောင်ရမ်းပြီး ယားယံနေတာတွေကို သက်သာသွားစေနိုင်ပါတယ်။

ဆား

Source: farmersalmanac.com

စားပွဲတင်ဆားအနည်းငယ်နဲ့ ရေတစ်စက်နှစ်စက်တို့ကို ရောကာ ရလာတဲ့အနှစ်ကို ခြင်ကိုက်ရာတွေပေါ်မှာ သုတ်လိမ်းပေးပါ။ ခြင်ကိုက်ရာတွေ သက်သာသွားပါလိမ့်မယ်။

နုပ်နုပ်စဉ်းပြီးသား ကြက်သွန်နီ သို့မဟုတ် ကြက်သွန်ဖြူ

Source: seamaid.dk

ခြင်ကိုက်ခြင်းကြောင့် ရောင်ရမ်းခြင်းအတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကိုလည်း သုံးပေးနိုင်ပါတယ်။ နုပ်နုပ်စင်းထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ခြင်ကိုက်ထားတဲ့နေရာမှာ အုပ်လိုက်ပါ။ မိနစ်အနည်းငယ်လောက်ထားပြီးရင် ရေနဲ့ဆေးကြောနိုင်ပါတယ်။

ရေခဲ

Source: videoblocks.com

ခြင်ကိုက်လို့ ယားယံပြီး ရောင်နေတဲ့နေရာကို ရေခဲကပ်ပေးခြင်းကလည်း သက်သာစေပါတယ်။

Featured Image Source: TheActivetimes.com