ကိုယ်ဝန်ဆောင်နေစဉ်အချိန်ဆိုတာ အစစအရာအရာဂရုစိုက်ပြီး အစားအသောက်အနေအထိုင်ကအစ သတိနဲ့ဆင်ခြင်နေထိုင်မှသာ ကလေးရော လူကြီးပါ ကျန်းမာမှာဖြစ်ပါတယ်။အဓိကအားဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အပြုအမူတိုင်းဟာ ဗိုက်ထဲက ကလေးအပေါ် အများကြီးသက်ရောက်မှု ရှိတာကြောင့် အသေးအမွှားလေးကအစ ထိန်းထိန်းသိမ်းသိမ်း သတိနဲ့ မနေဘူးဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ ကလေးအပေါ်တိုက်ရိုက်သက်ရောက်မှုရှိစေမယ့် အပြုအမှုအမှားတွေကို သတိထားဆင်ခြင်နိုင်စေဖို့ ပြောပြပေးချင်ပါတယ်။

(၁) ဒေါသထွက်ခြင်း

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ရန်ဖြစ်ခြင်း ဒေါသထွက်ခြင်း အကြီးအကျယ် အော်ဟစ်ခြင်း စတဲ့အပြုအမူတွေကိုလုံးဝရှောင်ကျဉ်သင့်ပါတယ်။ မိခင်ရဲ့ ဒေါသတကြီးပြုမှုဆက်ဆံလိုက်ခြင်းက ဗိုက်ထဲမှာရှိတဲ့ ကလေးအပေါ်အများကြီးဆိုကျိုးတွေသက်ရောက်စေသလို မိခင်ကိုယ်တိုင်မှာလည်း စိတ်ဖိစီးခြင်း ကိုယ်လက်မအိပ်မသာဖြစ်ခြင်း ကောင်းစွာအိပ်မပျော်ခြင်းစတဲ့ ဝေဒနာတွေကြုံတွေ့လာရနိုင်ပါတယ်။အကောင်းဆုံးကတော့ ကိုယ်ဝန်ဆောင်နေစဉ်အချိန်မှာ ကောင်းစွာအနားယူပါ စိတ်ဖိစီးဒေါသထွက်မယ့်အရာတွေရှောင်ပါ အငြင်းအခုံကိစ္စတွေရှောင်ကျဉ်ပါ ကောင်းကောင်းအိပ်စက်အနားယူပေးပါ။

(၂) ဝမ်းနည်းငိုကြွေးခြင်း

အမျိုးသမီးတွေအဖို့ ကိုယ်ဝန်ဆောင်နေစဉ်အချိန်ဟာ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေအနေနဲ့ အထိအခိုက်လွယ် စိတ်နုလွယ်တဲ့ အချိန်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် စိတ်ထဲမှာအလိုလိုဝမ်းနည်းတာ တစ်ခုခုကို သတိရလွမ်းဆွတ်တာစသဖြင့် အကြောင်းပြချက် ကောင်းကောင်း မရှိပေမယ့်လည်း ဝမ်းနည်းပူဆွေးစွာ ငိုမိတက်ကြပါတယ်။ဒီလိုဝမ်းနည်းတာ ငိုတာတွေဟာ စိတ်အခြေအနေအရ ပုံမှန်ပဲလို့ ယူဆလို့ရပေမယ့် တစ်ပတ်ဆယ်ရက်ဆက်တိုက်ငိုနေမိတာမျိုးဖြစ်လာရင်တော့ ကလေးအတွက်ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။တစ်ချို့သော အမျိုးသမီးတွေ အနေနဲ့ကတော့ ငိုကြွေးတာမျိုးမဖြစ်ပေမယ့် အလားတူအစားအသောက်တွေချဉ်ချင်းတက်တာ အလွန်အကျွံအိပ်တာ စိတ်ခံစားချက်တွေမကောင်းတာ စသည်ဖြင့်ဖြစ်တက်ပါတယ်။အခုလိုလက္ခဏာမျိုး တစ်ပတ်ဆက်ရက်ထက်ပိုပြီးဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်တာ တခြားသော ကိုယ်ဝန်ဆောင်မိခင်အချင်းချင်း စကားပြောတာမျိုး ပြုလုပ်သင့်ပါတယ်။

(၃) အိပ်မပျော်ခြင်း

လေ့လာတွေ့ရှိချက်တွေအရ ၇၈ ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ခန္ဓာကိုယ်အတွင်း ဟော်မုန်းဓာတ်တွေမြင့်တက်လာခြင်းကြောင့် အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကြုံတွေ့ရလေ့ရှိတယ်လို့ သိရပါတယ်။ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အိပ်စက်အနားယူခြင်းက အင်မတန် အရေးကြီးတာကြောင့် မပေါ့ဆသင့်ပါဘူး။အိပ်ရေးပျက်တဲ့ရက်တွေများလာတဲ့အခါ မိခင်ရော ကလေးပါ ကျန်းမာရေး ဆိုးဆိုးရွားရွား ထိခိုက်လာစေမှာ ဖြစ်ပါတယ်။ ညဘက်တွေအိပ်မပျော်ဘူးဆိုရင်တော့ အိပ်ချိန်ကို အချိန်ဇယားနဲ့ သတ်မှတ်တာ တစ်နေ့ကို နာရီဝက်လောက်လေ့ကျင့်ခန်းလုပ်တာ တစ်နေ့တာလုံးအတွက်ရေများများသောက်ပေးတာ စာအုပ်ဖတ်တာ စတဲ့နည်းလမ်းတွေနဲ့ အိပ်ပျော်အောင် ကြိုးစားကြည့်ဖို့ အကြံပြုလိုပါတယ်။

(၄) အချိုဓာတ်အလွန်အကျွံစားခြင်း

အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ်အချိုဓာတ်လွန်ကဲစွာစားသုံးတဲ့အခါ ကလေးရဲ့ သင်ယူနိုင်စွမ်းနဲ့ မှတ်ဉာဏ်စွမ်းရည်ကို ထိခိုက်စေနိုင် တယ်လို့ လေ့လာမှုတွေအရသိရပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း အချိုဓာတ်များတဲ့ သကြားလုံး ကိတ်မုန့်နဲ့ အချိုရည်တွေကို တက်နိုင်သလောက်ရှောင်ပြီး သကြားအစားထိုးအနေနဲ့ လက်ဆက်တဲ့ အသီးအနှံလေးတွေစားသုံးပေးသင့်ပါတယ်။

Reference Link : https://brightside.me/inspiration-family-and-kids/9-behaviors-of-pregnant-moms-that-affect-their-babies-795088/?fbclid=IwAR0xhTV2gYGY55Fo5_pOkkZ5nDxo6vD2PdTd0JjEEedP_r2LP3rIzLivJnM