ရင်သားကင်ဆာရောဂါဟာ အမျိုးသမီးတွေအတွက်တော့ အိပ်မက်ဆိုးကြီးတစ်ခုပါ။ ရင်သားကင်ဆာဟာ အသက်ကြီးပိုင်းအမျိုးသမီးတွေ အဖြစ်တဲ့ ရောဂါတစ်ခုလို့ဆိုနိုင်ပေမယ့် အရွယ်ရောက်ပြီး သူအမျိုးသမီးတိုင်းသတိထားသင့်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ မျိုးရိုးဗီဇအရလည်း ကင်ဆာဖြစ်နိုင်ခြေများပြီး နေထိုင်စားသောက်မှုပုံစံတွေကြောင့် ရင်သားကင်ဆာဖြစ်နိုင်ပါတယ်။

ဒီတစ်ခေါက်မှာတော့ကြောက်စရာကောင်းတဲ့ ရင်သားကင်ဆာရောဂါအတွက် ကြိုတင်ကာကွယ်နိုင်မယ့် စားသောက်နေထိုင်မှုပုံစံတွေကိုပြောပြပေးချင်ပါတယ်။

(၁) ကိုယ်အလေးချိန်ကိုထိန်းညှိပါ

Source : Shutterstock

ကိုယ်အလေးချိန်ထိန်းခြင်းက ကျန်းမာရေးအတွက်များစွာသောအကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။အကယ်၍ကိုယ်အလေးချိန်မထိန်းသိမ်းဘူးဆိုရင် အဝလွန်ခြင်း နှလုံး သွေးတိုး ဆီးချိုရောဂါတွေအပြင် ရင်သားကင်ဆာအပါအဝင် ကြောက်စရာကောင်းတဲ့ ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အမျိုး သမီးတွေအနေနဲ့ သွေးဆုံးပြီချိန်မှာ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းမရှိဘူးဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေရာခိုင်နှုန်း ပိုများတာကြောင့် အတက်နိုင်ဆုံးကိုယ်အလေးကိုထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

(၂) ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ

Source : Shutterstock

နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်မယ်ဆိုရင် အရွှယ်တင်နုပျိုစေတဲ့အပြင် ကျန်းမာပြီး ကျစ်လစ်သွယ်လျတဲ့ခန္ဓာကိုယ်ကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ်အလေးချိန်ကိုထိန်းသိမ်းရာရောက်သလို ရင်သားကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့်အမျိုးသမီးတွေ အနေနဲ့ တစ်ရက်ကိုအနည်းဆုံး နာရီဝက်ခန့်အားကစားလုပ်ဖို့ တိုက်တွန်းခြင်ပါတယ်။

(၃) ဟင်းသီးဟင်းရွှက်နဲ့ သစ်သီးဝလံများစားသုံးပါ

Source : Shutterstock

ကျန်းမာတဲ့စားသောက်မှုပုံစံရှိခြင်းက ရင်သားကင်ဆာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွှက်နဲ့ သစ်သီးဝလံတွေက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ် ဗီတာမင်ဓာတ်များပါဝင်ပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေကာ ရောဂါပိုးမွှားတွေ အလွယ်တကူမကူးစက်နိုင်အောင်လည်းကာကွယ်ပေးပါတယ်။ အမျိုးသမီးတွေအတွက်အသားအရေလှပပြီး ရင်သားကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် ဟင်းသီးဟင်းရွှက်နဲ့ သစ်သီးဝလံတွေများများစားသုံးပေးဖို့လို အပ်ပါတယ်။

(၄) ဆေးလိပ်နဲ့အရက်သောက်ခြင်းကိုရှောင်ကျဉ်ပါ

Source : Shutterstock

ဆေးလိပ်နဲ့အရက်သောက်ခြင်းက ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ဆေးလိပ်နဲ့ အရက်တွေမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက ကင်ဆာရောဂါပိုး ၁၅ မျိုးခန့်ဖြစ်ပွားစေနိုင်တဲ့အပြင် နှလုံးရောဂါ လေဖြတ်ခြင်း နဲ့ ရင်သား ကင်ဆာရောဂါများ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်နဲ့ အရက်သောက်ခြင်းကို အတက်နိုင်ဆုံးရှောင်ကျဉ်သင့်ပါတယ်။

(၅) မိခင်နို့တိုက်ကျွေးပါ

Source : Shutterstocka

အိမ်ထောင်ရှင်အမျိုးသမီးတွေအနေနဲ့ မိမိတို့ရဲ့ ရင်သွေးကိုမိခင်နို့တိုက်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ မိခင်နို့က ကလေးအတွက် အသန့်ရှင်းဆုံးနဲ့ အာဟာရအဖြစ်ဆုံးဖြစ်ပြီး ကလေးတွေရဲ့ကျန်းမာရေးအတွက်အထူးကောင်းမွန်စေပါတယ်။ ဒါ့အပြင်မိခင်ကိုယ်တိုင်မှာလည်း ရင်သားကင်ဆာရောဂါဖြစ်နိုင်ခြေလျော့နည်းသွားစေတာကြောင့် ကလေးမွေးပြီး အနည်းဆုံးတစ်နှစ်ခန့် မိခင်နို့သာတိုက်ကျွေးသင့်ပါတယ်။

Reference Source : https://siteman.wustl.edu/prevention/take-proactive-control/8-ways-to-prevent-breast-cancer/?fbclid=IwAR2lP0QAlS1iDx22RjdIv2E4qivWSztI-dMlXwwfyqb9QKi9RhNBXjTYeoA