ကော်ဖီကြိုက်နှစ်သက်တဲ့ကိုကိုမမမောင်လေး ညီမလေးတွေအတွက် သတင်းကောင်းလေးတစ်ခုပြောပြပေးချင်ပါတယ်။ လေ့လာမှုအသစ်အရ ပုံမှန်ကော်ဖီသောက်ခြင်းကသင်ရဲ့သက်တမ်းကို ၂ နှစ်ခန့်တိုးနိုင်ပါတယ်။နံနက်ခင်းကော်ဖီတစ်ခွက်က လူပျင်းတစ်ယောက်ဖြစ်နေရင်တောင်မှ ချက်ချင်းလက်သီးထထိုးနိုင်လောက်အောင် လန်းဆန်းတက်ကြွစေပါတယ်။

ဒါကြောင့်ကော်ဖီက အသက်ရှည်ကျန်းမာစေရုံသာမက အခြားအကျိုးကျေးဇူးများစွာရှိတဲ့အတွက် စာဖတ်သူများအတွက်ပြောပြပေးလိုက်ပါတယ်။

၁။နှလုံးရောဂါဖြစ်နိုင်ချေကိုလျှော့ချပေးပါတယ်

ဘရာဇီးတွင်ပြုလုပ်သော လေ့လာမှုတစ်ခုအရ တစ်နေ့လျှင်ကော်ဖီ (၃) ခွက်အထက်သောက်သူများက မသောက်သူများထက် ပိုမိုသွေးအားကောင်း ကြောင်းတွေ့ရှိခဲ့ပါတယ်။ ၎င်းက ပိုမိုလွတ်လပ်သောသွေးစီးဆင်းမှုကိုခွင့်ပြုပြီး နှလုံးရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။ ကိုရီးယား သုတေသီများကပြုလုပ်သော အခြားလေ့လာမှုတစ်ခုတွင်လည်း အလားတူရလဒ်များကိုတွေ့ရှိရပါတယ်။

၂။အယ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို လျော့နည်းစေပါတယ်

လေ့လာမှုများစွာက ကော်ဖီသောက်ခြင်းဟာ အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးတယ်လို့ဖော်ပြခဲ့ကြပါတယ်။ ကဖိန်းဓာတ်ဟာ ရောဂါကို ကာကွယ်ဖို့ အားကောင်းစေတဲ့အရာဖြစ်ပါတယ်။ ဒါ့အပြင် သိပ္ပံပညာရှင်များအဆိုအရ ကဖိန်းဓာတ်ကအယ်လ်ဇိုင်းမား၏ အဓိကအကြောင်းရင်း ဖြစ်သည့် beta-amyloid တည်ဆောက်မှုကို တားဆီးပေးပါတယ်။ တစ်နေ့ကော်ဖီ ၃ ခွက်သောက်ခြင်းက စိတ်ဖောက်ပြန်မှု နှေးကွေးစေ နိုင်တယ်လို့လည်း လေ့လာတွေ့ရှိရပါတယ်။ ကော်ဖီသောက်သောအမျိုးသမီးများ (နေ့စဉ် ၂၆၁ မီလီဂရမ်ထက်ပိုမိုသောက်သုံးသူ) တွင် စိတ်ဖောက်ပြန်မှု ၃၆ ရာခိုင်နှုန်း နိမ့်ကျကြောင်း တွေ့ရှိရပါတယ်။

၃။အသည်းခြောက်ခြင်းမှကာကွယ်ပေးတယ်

အသည်းကျန်းမာရေးကို ဘယ်လို ဂရုစိုက်မလဲ

အရက်ဖြတ်ပစ်လိုက်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပေမယ့် လက်တွေ့လုပ်ဖို့က တစ်ချို့လူတွေအတွက် အလွန်ခက်ခဲလွန်းပါတယ်။ အဲဒီအတွက် အခြားအကောင်းဆုံးရွေးချယ်မှုကတော့ ကော်ဖီများများသောက်ပေးဖို့ဖြစ်ပါတယ်။ အသည်းကို ကောင်းစွာကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး ယခင်လေ့လာမှု (၉) ခုမှပါဝင်သူ (၄၃၀,၀၀၀) နှင့်လေ့လာခဲ့သော သုတေသနတစ်ခုအရ တစ်နေ့ကော်ဖီ (၂) ခွက်သောက်ခြင်းက အသည်းရောဂါဖြစ်နိုင်ခြေကို ၄၄% အထိ လျှော့ချနိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။

၄။စိတ်ကျရောဂါကိုလျှော့ချပေးပါတယ်

ဟားဗတ်ပြည်သူ့ကျန်းမာရေးကျောင်းမှ သုတေသီများ ဦးဆောင်သောလေ့လာမှုတစ်ခုမှာ ကဖိန်းဓာတ်ပါသောကော်ဖီ (၄) ခွက် ဒါမှမဟုတ် အဲ့ထက်ပိုသောက်သေ ာအမျိုးသမီးများတွင်ခံစားနေရသော စိတ်ဖိစီးမှု ၂၀% ရာခိုင်နှုန်းလျော့နည်းသွားကြောင်းကို လုံးဝမသောက်သူများနှင့် နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် တွေ့ရှိခဲ့ရပါတယ်။ အမျိုးသားများလည်း အလားတူရလဒ်များကိုတွေ့ရှိခဲ့ပါတယ်။

၅။အသည်းကင်ဆာဖြစ်နိုင်ချေကိုလျော့နည်းစေတယ်

သုတေသီများအဆိုအရ ကော်ဖီတွင် ကဖိန်းဓာတ်ပါဝင်သောကြောင့် တစ်နေ့ကော်ဖီတစ်ခွက် ၁-၃ ခွက်အကြားသောက်ခြင်းက အသည်းကင်ဆာကို သက်သာစေနိုင်တယ်လို့ဆိုပါတယ်။

ကဲ..စာဖတ်ပရိတ်သတ်ကြီးတွေထဲမှာရော ကော်ဖီကြိုက်နှစ်သက်တဲ့သူတွေပါပါသလား။ကော်ဖီသောက်ရင်း ကျန်းမာပျော်ရွှင်သော ဘဝလေး ပိုင်ဆိုင်ကြပါစေနော်။