အဆုတ်ကင်ဆာဆိုတာဟာ အဆုတ်ထဲမှာ ဖြစ်ပွားတဲ့ ကင်ဆာအမျိုးအစားဖြစ်ပါတယ်။ အဆုတ်မှာ ၂ ခြမ်းရှိပြီး အသက်ရှူလိုက်တဲ့အချိန်မှာ အောက်စီဂျင်ကို စုပ်ယူပြီး အသက်ရှူထုတ်တဲ့အချိန်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စွန့်ထုတ်ပေးပါတယ်။

အဆုတ်ကင်ဆာက အမေရိကန်ပြည်ထောင်စုမှာဆိုရင် လူသေဆုံးမှုအများဆုံးကင်ဆာ ရောဂါထဲမှာပါဝင်နေပါတယ်။ အဆုတ်ကင်ဆာက တခြား အစာအိမ်ဟောင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာတွေထက် လူသေဆုံးမှုပိုများပါတယ်။

အဓိက ဆေးလိပ်သောက်တဲ့သူတွေကတော့ အဆုတ်ကင်ဆာဖြစ်ပွားနိုင်ချေ ပိုမြင့်ပါတယ်။ ကိုယ်ဆေးလိပ်ဘယ်နှစ်လိပ်ကို ဘယ်လောက်နှစ်ကြာကြာ သောက်သလဲအပေါ်မူတည်ပြီး အဆုတ်ကင်ဆာဖြစ်နိုင်ချေက ကွာခြားပါတယ်။

လက္ခဏာများ

အဆုတ်ကင်ဆာက ရောဂါသက်တမ်းနုတဲ့အချိန်မှာ လက္ခဏာပြလေ့မရှိပါဘူး။ အများအားဖြင့် ကင်ဆာအဆင့်မြင့်မှသာ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာလေ့ရှိပါတယ်။

ချောင်းဆိုးတာ မရပ်တော့ခြင်း

ချောင်းဆိုးရင် သွေးအနည်းငယ်ပါခြင်း

အသက်ရှူမဝခြင်း

ရင်ဘတ်အောင့်ခြင်း

ကိုယ်အလေးချိန်တွေ လျော့လာခြင်း

အရိုးတွေ နာခြင်း

ခေါင်းကိုက်ခြင်း စသည့် လက္ခဏာရပ်များဖြစ်တဲ့အတွက် အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။

Credit: Mayoclinic