ဒီနေ့ပြောပြပေးချင်တာကတော့ ကင်ဆာဆိုတဲ့ ရှုပ်ထွေးလှတဲ့ရောဂါတစ်မျိုးဖြစ်ပြီး ကင်ဆာ ဖြစ်နိုင်တဲ့အကြောင်းအရင်းတွေလည်း အများကြီးရှိတဲ့ အကြောင်းပဲဖြစ်ပါတယ်။ ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများက မျိုးရိုးဗီဇကြောင့်၊ လူနေမှု ပုံစံတွေဖြစ်တဲ့ ဆေးရွက်ကြီး သုံးတာတွေ၊ ဆေးလိပ်သောက်တာ၊ စားသောက်မှု ပုံစံ၊ နေထိုင်မှု ပုံစံ၊ ပတ်ဝန်းကျင် သက်ရောက်မှု (ဓာတု နဲ့ ဓာတ်ရောင်ခြည် တွေနဲ့ ထိစပ်မှု) စသည်တို့ ဖြစ်ပါတယ်။

ယနေ့ခေတ်လူတွေရဲ့ နေထိုင်မှု ပုံစံတွေက ကင်ဆာကိုဖြစ်ပွားနိုင်ချေနှုန်း ဘယ်လောက်ရှိနိုင်သလဲဆိုတာ  သင် ထင်ထားတာထက် ပိုများပါတယ်နော်။

ကမ္ဘာ့ကင်ဆာသုတေသနအဖွဲ့ (World Cancer Research Fund) က အမေရိကန်ပြည်ထောင်စုမှာဖြစ်ပွားနေတဲ့ ကင်ဆာရောဂါများရဲ့ ဖြစ်ပွားတဲ့ အကြောင်းအရင်းရဲ့ ၂၀ ရာခိုင်နှုန်းက လူနေထိုင်မှု ပုံစံမမှန်၊ ကိုယ်အလေးချိန် မမှန်၊ အသက်အလွန်အကျွံသောက်သုံးတာ၊ အာဟာရ ပြည့်ပြည့်၀၀ရအောင် မစားသုံးတာတွေကြောင့် ဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး ဒါတွေက တကယ်ဆိုရင် ကာကွယ်လို့ရတဲ့အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်နော်။

ဒါကြောင့် ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်လိုက်ခြင်းဖြင့် ကင်ဆာရောဂါကို ကာကွယ်နိုင်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

ဓာတုပစ္စည်းတွေ သုံးပြီး ချိုအောင် လုပ်ဆောင်ထားတဲ့အစားအစာများ

ဓာတုဆေးတွေပါဝင်တဲ့သကြားဓါတ်တွေအချိုတွေက သွေးအတွင်း သကြား ဓာတ်ကိုလည်း တက်စေရုံသာမက ကင်ဆာဆဲလ်တွေကိုလည်း ဖြစ်စေပြီး ဆဲလ်တွေကို ကြီးထွားအောင် ကူညီပေးနေပါတယ်။ ၁၉၃၁ ခုနှစ်က ဆေးပညာဆိုင်ရာ နိုဗယ်လ်ဆုရ ဂျာမန်ဆရာဝန် အိုတိုဝါဘက် (Otto Warburg) က အကျိတ်တွေ၊ ကင်ဆာတွေက သကြားဓာတ်နဲ့ ဆက်စပ်နေတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကင်ဆာဆဲလ်တွေ ကြီးထွားဖို့က သကြားဓာတ်တွေ လိုအပ်ပါတယ်။

ဒါကြောင့် ဓာတုနည်းအရ လုပ်ထားတဲ့သကြားတွေအစား ဟင်းချက်တဲ့နေရာမှာ ပျားရည်၊ ထန်းညက် တို့လို သဘာ၀အချိုတွေကို အစားထိုး ချက်သင့်ပါတယ်။

ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာများ

ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာတွေဖြစ်တဲ့ ဝက်ပေါင်ခြောက်၊ ကြက်အူချောင်းတွေ စတာတွေက ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ဟာဝိုင်အီ တက္ကသိုလ်က ပြုလုပ်ထားတဲ့ သုတေသနပြုလုပ်ချက်အရ ကြာရှည်ခံအောင် လုပ်ထားတဲ့အစားအစာတွေက အူမကြီးကင်ဆာ ဖြစ်စေနိုင်နှုန်း ၆၇ ရာခိုင်နှုန်းလောက်ရှိတယ်လို့ သိရပါတယ်။ သူတို့မှာ ဓာတုပစ္စည်းတွေ အများကြီးပါဝင်ပြီး၊ ကြာရှည်ခံအောင် နိုက်ထရိုက်ဓာတ်တွေနဲ့ ပြုလုပ်ထားကာ အရသာကောင်းအောင် carcinogens တွေ ထည့်ထးပါတယ်။

အကင်တွေကလည်း ကင်တဲ့အချိန်မှာ တူးတာတွေ ရှိတာကြောင့် ကင်ဆာဖြစ်စေနိုင်ပါတယ်။

မွေးမြူရေး ငါး

Source:Guest Blog Post

စီးပွားရေးအရ ငါးမွေးမြူမှုတွေ ပြုလုပ်လာပြီးတဲ့နောက်မှာ ငါးတွေက နေရာ ကျဉ်းကျဉ်းလေးထဲမှာ အမြောက်အမြား မွေးလာကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ စားသုံးနေတဲ့ ဆယ်မွန်ငါး ပမာဏရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ မွေးမြူရေးကန်တွေကနေဘဲ လာကြတာပါ။ မွေးမြူရေးကန်တွေမှာ ရောဂါ မဖြစ်အောင် ပိုးသတ်ဆေးတွေ၊ တခြား ဓာတု ဆေးဝါးတွေ အများကြီး သုံးကြပါတယ်။ နေရာ ကျဉ်းကျဉ်းမှာ ငါးတွေ အများကြီး မွေးတာကြောင့် ရောဂါ ဖြစ်ပွားလွယ်တာကြောင့် မဖြစ်အောင် ဓာတု ဆေးဝါးတွေ သုံးကြရပါတယ်။ အဲ့ဒီအပြင် မွေးမြူရေးကန်က ဆယ်လမွန်ငါး ဟာ တခြား သဘာ၀ မြစ်တွေ၊ ချောင်းတွေ၊ ပင်လယ်တွေကနေ ဖမ်းတဲ့ ဆယ်လမွန်ငါးတွေလောက် Omega 3 ဓာတ်တွေလည်း မပါဝင်ပါဘူး။

ကဲ..MyHealth ပရိသတ်ကြီးလည်း ဘယ်လိုအစားအစာတွေက ကင်ဆာကိုဖြစ်စေနိုင်သလဲဆိုတာ သိသွားပြီဆိုတော့ အဲဒီအစားအစာတွေအစား သဘာဝအစားအစာ လတ်လတ်ဆတ်ဆတ်လေးတွေကို စားသုံးခြင်းဖြင့် ကင်ဆာရောဂါကို ကာကွယ်ပေးရုံသာမက ကျန်းမာရေးလည်းကောင်းပြီးသား ဖြစ်ပါတယ်နော်။