အဆုတ်က အသက်ရှူစနစ်အတွက် အရေးကြီးတဲ့ ကဏ္ဍမှာပါဝင်ပါတယ်။ လေက နှာခေါင်း သို့ ပါးစပ် ထဲကနေ လေပြွန်ထဲကို ဝင်လာပါတယ်။ ပြီး မှ အဆုတ်ထဲကိုရောက်တာပါ။

ဆေးလိပ်သောက်သုံးသူ ၉၀ ရာခိုင်နှုန်းဟာ အဆုတ်ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။

အဲ့ဒီအပြင် ဆေးလိပ်သောက်တဲ့သူရဲ့အငွေ့ကို ရှူမိသူ Second-Hand Smoke တွေမှာလည်း အဆုတ်ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။

အဲ့ဒီအပြင် Arsenic, Silicon အငွေ့တွေကို ရှူမိရင်လည်း အဆုတ်ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။

အဆုတ်ကင်ဆာရောဂါရဲ့ လက္ခဏာများ

  • အဆက်မပြတ် ချောင်းဆိုးခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • အသက်ရှူရတာ အခက်အခဲဖြစ်ခြင်း

  • ချောင်းဆိုး သွေးပါခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • လည်ပင်းနာခြင်း
  • ရုတ်တရက် ကိုယ်အလေးချိန် လျော့ကျလာခြင်း စသည်တို့ ဖြစ်ပါတယ်။

အဆုတ်ကင်ဆာက တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကူးသွားလို့ရှိရင်

  • အသည်းကို ကူးသွားရင် အသားဝါလာခြင်း
  • အရိုးနာခြင်း
  • ခေါင်းကိုက်ခြင်း

  • ခြေလက်တွေ အားနည်းခြင်း
  • မူးဝေခြင်း
  • ဝမ်းချုပ်ခြင်း စသည်တို့ ခံစားရနိုင်ပါတယ်။

ဒီလို လက္ခဏာတချို့ကို ၃ ပတ်ကျော်အောင် ခံစားနေရရင် ဆရာဝန်နဲ့ တွေ့ဆုံမေးမြန်းသင့်ပါတယ်။

ကာကွယ်နိုင်သည့်နည်းလမ်း

  • ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်အငွေ့ကင်းရာကို ရှောင်ပါ။
  • အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေ ပိုစားပါ။
  • ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။

  • အိမ်မှာ သစ်သားမီးရှို့တာတို့ မီးရှို့တာတွေ မလုပ်ပါနဲ့။
  • စက်မှုဇုန်တွေနဲ့ ဝေးရာမှာနေပါ။
  • အရက်မသောက်ပါနဲ့။
  • ပုံမှန် ဆေးစစ်ပါ။