လောကမှာ အဆိုးတွေကြုံလာတဲ့အခါ စိုးရိမ်ပူပန်မှုတွေကို သူငယ်ချင်း မိတ်ဆွေ ရင်းနှီးတဲ့သူတွေဆီမှာ ရင်ဖွင့်ရလေ့ရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ သူစိမ်းတစ်ယောက်ကို ရင်ဖွင့်ဖို့ အဆင်မပြေတဲ့ အချိန်တွေလည်း ရှိပါသေးတယ်နော်။

ဒီလိုနဲ့ အချိန်ကြာလာတာနဲ့အမျှ စိတ်ဓာတ်ကျလာပြီး စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာရောဂါတွေ ခံစားလာရပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းတွေကို လိုက်နာကျင့်သုံးသင့်ပါတယ်။

လေ့ကျင့်ခန်း

စိတ်ကျန်းမာရေးက အတွေး စိတ်ခံစားမှုနဲ့ပဲ သက်ဆိုင်တယ်လို့ ယူဆထားရင် ဒါဟာတကယ်တော့ မှားတဲ့အယူအဆပါ။ လေ့ကျင့်ခန်းလုပ်တာကစိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပြီး စိတ်ဓာတ်ကျခြင်းကိုလည်း အထောက်အကူပြုနိုင်တဲ့အပြင် စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။

အိပ်ချိန်

အိပ်ရေးပျက်တာက ရေရှည်မှာ စိတ်ကျရောဂါကို ဖြစ်စေနိုင်တာကြောင့် လူကြီးတစ်ယာက်ဟာ တစ်နေ့မှာ အိပ်ချိန် ခုနှစ်နာရီကနေ ရှစ်နာရီအထိ အိပ်သင့်ပါတယ်။

အစားအသောက်

အာဟာရပြည့်ဝတဲ့ အစားအစာတွေက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတယ်ဆိုတာ သိပြီးသားဖြစ်ကြမှာပါ။ အထူးသဖြင့် ဗီတာမင် B12 နဲ့ D တို့က စိတ်ကျန်းမာရေးအတွက် ကောင်းမွန်ပြီး စိတ်ဓာတ်ကျခြင်းကို ဖယ်ရှားဖို့ အများကြီးကူညီပေးပါတယ်။

အပန်းဖြေပါ

စိတ်ကောလူကော ပင်ပန်းလာတဲ့အခါမျိုးမှာ အပန်းဖြေပါ။ အပန်းဖြေတာက သွေးပေါင်ကျစေပြီး စိတ်ကိုလန်းဆန်းစေကာ စိတ်ဖိစီးမှုနည်းစေနိုင်ပါတယ်။

တရားထိုင်ပါ

တရားထိုင်တဲ့အခါ စိတ်ငြိမ်သက်မှုကို ခံစားရပါတာကြောင့် စိတ်ကျန်းမာရေးကို အထောက်အကူပြုပြီး ငြိမ်းချမ်းတဲ့အရာကို အာရုံစိုက်ရတာကြောင့် စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်ပါတယ်။

ဆေးလိပ်နဲ့ အရက်သောက်ခြင်းကို ရပ်လိုက်ပါ

အထီးကျန်လာတဲ့အခါ တချို့လူတွေက စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်လာစေဖို့ အရက်နဲ့ ဆေးလိပ်ကို အဖော်ပြု သောက်တတ်ကြပါတယ်။ ဒါပေမယ့် ဒီအကျင့်တွေက ကျန်းမာရေးအတွက် မကောင်းပါဘူး။ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ဖြေရှင်းဖို့ တခြားနည်းလမ်တွေကိုရွေးချယ်ပါ။