မြေပဲမှာ အမျှင်ဓာတ်၊ ပရိုတင်း၊ ပိုတက်စီယမ်၊ အဆီနဲ့  အာဟာရဓာတ်များစွာ ကြွယ်ဝစွာ ပါဝင်ပါတယ်။ မြေပဲ 100 ဂရမ်တိုင်းမှာ အဆီ 75% ပါဝင်ပြီး 35% က saturated fat ၊ ပိုတက်စီယမ် 20% နဲ့ အမျှင်ဓာတ် 36% တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။   ဒါပေမယ့် ဒီအခွံမာသီးတွေမှာတော့ ကယ်လိုရီနဲ့ အဆီတွေ အများကြီး ပါဝင်တာကြောင့် မြေပဲကို တစ်နေ့တာ စားသုံးသင့်တဲ့ပမာဏထက် ပိုစားသုံးမိရင် မလိုလားအပ်တဲ့ အရာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မြေပဲကို လိုတာထက် ပိုစားမိရင် ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်အလေးချိန်တတ်ခြင်း

ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေတယ်ဆိုရင်တော့ မြေပဲစားတာကို အတတ်နိုင်ဆုံး လျှော့စားသင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ မြေပဲ 100 ဂရမ်မှာ 567 ကယ်လိုရီတောင် ပါဝင်နေလို့ပါ။

ဝမ်းချုပ်စေခြင်း

မြေပဲမှာပါဝင်တဲ့ ပရိုတင်းကအရမ်းများလွန်းတာကြောင့် အစာချေပြဿနာရှိတဲ့သူတွေက ဆရာဝန်ခွင့်ပြုချက်မရှိဘဲ အများကြီးမစားသင့်ပါဘူး။ တစ်နေ့ကို မြေပဲလက်တစ်ဆုပ်ထပ်ပိုပြီးစားမိရင် ဝမ်းချုပ်တာ ၊ ဖောရောင်တာ ၊ အစာအိမ်နာတာ၊ ဝမ်းပျက်ဝမ်းလျောတာတွေ ဖြစ်တတ်ပါတယ်။

အသားအရေပြဿနာ

အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ အသားအရေရှိသူတွေက  မြေပဲကိုလျှော့စားသင့်ပါတယ်။ မြေပဲလို အခွံမာသီးတွေက ကယ်လိုရီနဲ့  အဆီအများကြီးပါတာမလို့ အလွန်အကျူးစားမိရင် မျက်နှာနဲ့နောက်ကျောမှာ ဝက်ခြံတွေထွက်လာပြီး အထိမခံနိုင်အောင် နာတတ်ပါတယ်။

Allergy

အရေပြားနီမြန်းခြင်း၊ မျက်နှာရောင်ရမ်းခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနဲ့ ပါးစပ်တွေယားယံခြင်းနဲ့ အသက်ရှူမဝခြင်း စတဲ့ လက္ခဏာတွေက မြေပဲနှင့် ဓါတ်မတည့်သူတွေမှာ တွေ့ရတဲ့ လက္ခဏာတွေပါ။ ဒါကြောင့် မြေပဲစားပြီးတဲ့အချိန် ဒီလို လက္ခဏာတွေပြလာပြီဆိုရင် နီးစပ်ရာဆေးခန်း ဆေးရုံကို သွားပြသင့်ပါတယ်။