အားလုံးပဲမဂ်လာပါနော်.MyHealth Myanmar မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်။

တရုတ်နံနံမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ထိုဟင်းရွက်ကို စားသုံးပြီးတဲ့နောက်မှာ အချိန်အတော်ကြာတဲ့အထိ ဗိုက်ပြည့်သလို ခံစားနေရမှာပဲဖြစ်ပါတယ်။ အဲဒါ့အပြင် ဗီတာမင်နှင့် သတ္တုဓာတ်တို့အပြင် အခြားသော အာဟာရဓာတ်များ ပါဝင်တဲ့အတွက်ကြောင့် တရုတ်နံနံဖျော်ရည်က သာမာန်ဖျော်ရည်တစ်ခုတော့မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ဖျော်ရည်တစ်ခုပဲဖြစ်ပါတယ်။

ဒါကြောင့် တရုတ်နံနံဖျော်ရည်ကို မနက်မိုးလင်းတိုင်း တစ်ခွက်စီသောက်သုံးခြင်းအားဖြင့် ရရှိမယ့်အကျိုးကျေးဇူးများကို ပြောပြပေးချင်ပါတယ်။

၁။အမြင်အာရုံကောင်းမွန်စေတယ်

တရုတ်နံနံတွင် ဗီတာမင်အေဓာတ် မြင့်မားစွာပါဝင်ပြီး ထိုဗီတာမင်ဓာတ်က အမြင်အာရုံကောင်းမွန်ဖို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ မျက်ကြည်လွှာထဲသို့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားများ ဝင်ရောက်မလာအောင် ကူညီပေးတာကလည်း ဗီတာမင် အေပဲဖြစ်ပါတယ်။ ဒါ့အပြင် အသက်ကြီးလာတဲ့အခါ ခံစားရလေ့ရှိတဲ့ မျက်စိတိမ်ဖုံးခြင်းတို့မှ ကာကွယ်ပေးတာကလည်း ဗီတာမင် အေပါပဲ။

၂၊ကင်ဆာရောဂါခံစားရခြင်းမှကာကွယ်စေတယ်

သကြားဓာတ်က ကင်ဆာဆဲလ်တွေကို ကြီးထွားစေနိုင်

တရုတ်နံနံပင်ထဲမှာ luteolin ပါ၀င်ပြီးသုတေသီတွေက အဲဒီဒြပ်စင်ဟာ ကင်ဆာဆဲ (လ်) တွေကိုအားနည်းစေပြီး ကုသမှုကိုပိုမိုလွယ်ကူစေတယ်လို့ ဆိုခဲ့ပါတယ်။ တရုတ်နံနံပင်ကို တရုတ်ဆေးပညာတွင်ကင်ဆာရောဂါတိုက်ဖျက်ရေးပစ္စည်းများအဖြစ် အရင်ကတည်းကအသုံးပြုခဲ့တာဖြစ်ပါတယ်။

၃။ရေပမာဏကိုထိန်းညှိပေးတယ်

Source:Brightside

တရုတ်နံနံပင်တွင်ပိုတက်ဆီယမ်ပါဝင်မှုအလွန်မြင့်မားပြီး ၎င်းသတ္တုကကျွန်တော်တို့ခန္ဓာကိုယ်အတွင်းရှိလုပ်ငန်းဆောင်တာများတွင် အရေးပါသောအခန်းမှပါ၀င်ပါတယ်။ သိပ္ပံပညာရှင်များက ပိုတက်ဆီယမ်ကလူတွေရဲ့ကိုယ်ခန္ဓာအတွက် ကောင်းစွာအလုပ်လုပ်ရန် တတိယအရေးကြီးဆုံးဓာတ်သတ္တုဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ ကျွန်တော်တို့က ရေ ၆၀% ခန့်နှင့်ပြုလုပ်ထားပြီး အဲဒီရေရဲ့ ၄၀% ကို ကျွန်တော်တို့ရဲ့ဆဲလ်များအတွင်းတွင်တွေ့ရှိပြီးကျန်ရှိသော၂၀% ကို တခြားဆဲလ်များ၊ကျောရိုးအရည်၊ သွေးနှင့်သင့်ဆဲလ်များအကြားတွင်တွေ့ရှိရမှာ ဖြစ်ပါတယ်။ဆဲလ်များအတွင်းနှင့်ပြင်ပရှိ ၎င်းပမာဏက electrolytes များစုဆောင်းခြင်းကြောင့်အရေးကြီးပါတယ်။ ပိုတက်ဆီယမ်ကရေတွင်ပျော်ဝင်နိုင်ပြီး ဆဲလ်အတွင်းရှိရေပမာဏကိုထိန်းညှိပေးပါတယ်။

တရုတ်နံနံပင်ဖျော်ရည်ကို စမ်းသောက်ကြည့်ပါလား ဒါမှမဟုတ် အစကတည်းက တရုတ်နံနံပင်စားသုံးတဲ့သူလား။အဲဒါဆိုရင် တရုတ်နံနံပင်စားခြင်းဖြင့် ကျန်းမာသောဘဝလေးကို ပိုင်ဆိုင်ကြပါစေနော်။