ယနေ့မှစတင်၍ မြန်မာနိုင်ငံရှိ ဆီးချို၊ သွေးတိုးနှင့် အခြားနာတာရှည်ရောဂါများရှိသော မိသားစုများအတွက် ဆေးဝါးကုန်ကျစရိတ်သက်သာစေသော နည်းလမ်းသစ်တစ်ခုရောက်ရှိလာပါပြီ။

Common Health သည် ဆီးချို နှင့် သွေးတိုးဝေဒနာရှင်များ နေ့စဉ်သောက်သုံးနေသော စျေးနှုန်းသက်သာသည့် ဆေးဝါးများရောင်းချပေးသည့်အပြင် ဆေးများကို အိမ်အရောက် အခမဲ့ပို့ဆောင်ခြင်းနှင့် နိုင်ငံတကာအဆင့် အရည်အသွေး အာမခံချက်ပေးဆောင်သည့် e-commerce ပလက်ဖောင်းအသစ်တစ်ခုကို မိတ်ဆက်လိုက်ပါသည်။ ဝယ်ယူသူများအနေဖြင့်လည်း ကျပ် ၁၀၀၀၀ ဖိုးနှင့်အထက် ပထမဆုံးအကြိမ်ဝယ်ယူပါက အထူးလျော့စျေး ၃၀၀၀ ကျပ်လည်း ရရှိမည်ဖြစ်သည်။

Common Health မှ မြန်မာနိုင်ငံရှိ မိသားစုများအတွက် စိတ်လှုပ်ရှားဖွယ်ဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဖြစ်သည်။

စျေးသက်သာသောဆေးများ – ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနှင့် နာတာရှည်ရောဂါရှင် များအတွက် မြန်မာနိုင်ငံ၏ ရွေးချယ်မှုအများဆုံးဆေးဝါးမျိုးစုံနှင့် အင်ဆူလင်းများကို စျေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနေပါသည်။

အိမ်အရောက်အခမဲ့ပို့ဆောင်မှု – ရန်ကုန်မြို့(၃၁ မြို့နယ်)ဆိုလျှင် တစ်ပတ်လျှင် ၆ ရက်ပို့ဆောင်ပေးပြီး ပဲခူးမြို့ (၃၅ မြို့နယ်)အတွက် တစ်ပတ်လျှင် ၃ ရက် အခမဲ့ ပိုဆောင်ပေးနေပါသည်။ မြန်မာနိုင်ငံရှိ အခြားမြို့နယ်များအတွက် ကျပ် ၅၀၀၀၀ နှင့် အထက် မှာယူပါကလည်း အခမဲ့ပို့ဆောင်ပေးပါသည်။

Common Health ၏ အရည်အသွေးအာမခံမှု – Common Health ပလက်ဖောင်းမှ တဆင့်ရောင်းချသော ဆေးဝါးတိုင်းသည် မှတ်ပုံတင်ထားသော အရည်အသွေး စစ်မှန်ကန်သည့် ဆေးဝါးများဖြစ်ကြောင်း အပြည့်အ၀အာမခံပေးပါသည်။

ကျွမ်းကျင်ဆရာဝန်များနှင့် အခမဲ့ဆွေးနွေးတိုင်ပင်မှု – ကျန်းမာရေးနှင့်ပက်သတ်သည့် မေးခွန်းများ၊ ဓာတ်ခွဲခန်းသွေးစစ်ချက်အဖြေများကိုဖတ်ရှုပေးရန် နှင့် အခြားကျန်းမာရေး အကြံပြုချက်များ မေးမြန်းသိရှိလိုပါက Common Health ၏ ကျွမ်းကျင်ဆရာဝန်များနှင့် တစ်ရက်လျှင် ၂၄ နာရီ ပိတ်ရက်မရှိ အချိန်မရွေး ဖုန်းခေါ်ဆိုပြီး အခမဲ့ဆွေးနွေး တိုင်ပင်နိုင်ပါသည်။

Common Health မှတစ်ဆင့် ဆေးဝါးများမှာယူရန် အလွန်လွယ်ကူပါသည်။ ဝယ်ယူသူများအနေဖြင့် ဆေးစျေးနှုန်းများကို www.commonhealth.com.mm သို့အချိန်မရွေး ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ သို့မဟုတ် ဆေးစျေးနှုန်းများကို ဖုန်းနံပါတ် ၀၉၇၇၀၄၄၅၀၀ အား (နေ့စဉ် မနက် ၇း၀၀ နာရီ မှ ည ၁၀း၀၀ နာရီအတွင်း) သို့ ဖုန်းဆက်မေးမြန်းနိုင်သလို Facebook သို့မဟုတ် Viber မှတဆင့် ဆက်သွယ်မေးမြန်း မှာယူနိုင်ပါသည်။

အော်ဒါများကို Common Health ဝန်ထမ်းများမှ ဖုန်းဆက် အတည်ပြုပေးမည် ဖြစ်ပြီး ငွေပေးချေမှုနည်းလမ်းများကို ပြောပြပေးသွားပါမည်။ ဆေးအော်ဒါများကို ကုမ္ပဏီ၏ မိတ်ဖက်ဆေးဆိုင်မှ ထုတ်ပိုးပေးမည် ဖြစ်ပြီး Common Health ဝန်ထမ်းများမှ အရည်အသွေးများကို စိစစ်ပေးပြီး ဝယ်ယူသူထံ ပို့ဆောင်ပေးရန်အတွက် ဆောင်ရွက်ပေးပါသည်။

အဆိုပါဝန်ဆောင်မှုကို ကုမ္ပဏီက အကန့်အသတ်ဖြင့် သုံးစွဲသူအချို့ကို အစမ်းပေးသုံးကြည့်ရာတွင် ဒေါ်ချိုချိုသိန်းကဲ့သို့သော သုံးစွဲသူများထံမှ ကောင်းမွန်သောတုံ့ပြန်မှုကို ရရှိခဲ့ပါသည်။ “Common Health ကနေတဆင့် ဆေးမှာယူတဲ့အတွက် ကျွန်မတို့ရဲ့ မိသားစုဝင်တစ်ဦးလျှင် တစ်လကို ဆေးဖိုး၂၅၀၀၀ ကျပ် ဆေးစရိတ်သက်သာပါတယ်” ဟု အမျိုးအစား ၂ ဆီးချိုရောဂါရှိသော မိဘနှစ်ပါးကို ပြုစုစောင့်ရှောက်သူ ဒေါ်ချိုချိုသိန်းက ပြောသည်။

“ဆေးဝါးတွေရဲ့ သက်တမ်းကုန်ဆုံးရက်အတွက် စိတ်ပူစရာ မလိုပါဘူး။ မေးစရာတွေရှိတိုင်း ကျွန်တော်တို့ရဲ့ မိသားစုဆရာဝန်ဆီ ဖုန်းဆက်မေးမြန်းလို့ရပါတယ်။”

မြန်မာနိုင်ငံရှိ မိသားစုတိုင်းနီးပါးသည် နာတာရှည်ရောဂါများနှင့် မကင်းရှင်းကြပါ။ လူဦးရေ ၅.၃ သန်းတွင် ကျောက်ကပ်ရောဂါ၊ ၅.၄ သန်းတွင် ဆီးချိုရောဂါ သို့မဟုတ် ဆီးချိုရောဂါအကြိုရှိသူများ နှင့် ၉.၇ သန်း တွင် သွေးတိုးရောဂါများရှိသည်။ လူနာတော်တော်များများသည် သူတို့၏ ရောဂါအခြေအနေကို ထိန်းချုပ်ရန် ကြိုးစားရုန်းကန်နေရပါသည်။

ဥပမာအားဖြင့် သွေးတိုးရောဂါရှိသူများ၏ ၁၅ ရာခိုင်နှုန်းခန့် (၆ ယောက်တွင် ၁ ယောက်) သည်သာ သူတို့၏ ရောဂါအခြေအနေကို ကောင်းမွန်စွာထိန်းချုပ်ထားနိုင်သည်။ Common Health သည် အဆိုပါအခက်အခဲများကို ကူညီဖြေရှင်းပေးရန် ရည်ရွယ်ထားပါသည်။

Common Health ၏ တည်ထောင်သူ နှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Matthew Guilford က “နာတာရှည်ရောဂါဝေဒနာရှင်တွေကို ငွေကုန်သက်သာပြီး ပိုမိုကောင်းမွန်တဲ့ ကျန်းမာရရေး ရလဒ်တွေရရှိအောင် ကူညီပေးမှာဖြစ်တဲ့အတွက် ဒီဝန်ဆောင်မှုအသစ်ကို မိတ်ဆက်ပေးဖို့ ကျွန်တော်တို့ အရမ်းကိုစိတ်လှုပ်ရှားမိပါတယ်”ဟု ပြောပါသည်။

“ဆီးချိုရောဂါနှင့် သွေးတိုးရောဂါအတွက် အရှေ့တောင်အာရှ၏ ပထမဆုံး e-commerce ပလက်ဖောင်းဖြစ်တဲ့ Common Health က မြန်မာနိုင်ငံရှိ မိသားစုများကို ဝန်ဆောင်မှုပေးနိုင်သည့် အတွက်လည်း ဂုဏ်ယူမိပါတယ်။”


###

Common Health အကြောင်း

Common Health, Inc. သည် အရှေ့တောင်အာရှနိုင်ငံရှိမိသားစုများအတွက် ရှုပ်ထွေးသော ကျန်းမာရေးလိုအပ်ချက်များရှိသည့် နာတာရှည်ရောဂါရှင်များ၊ ကိုယ်ဝန်မိခင် နှင့် အစောပိုင်း ကလေးကျန်းမာရေး ပြုစုစောင့်ရှောက်မှုများကို စီမံခန့်ခွဲရာတွင် ကူညီပေးသည့် ရွယ်ချက်ချ လုပ်ဆောင်နေသော ကုမ္ပဏီတစ်ခုဖြစ်သည်။

Common Health ကို ၂၀၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံတွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံရှိ လုပ်ငန်းများကို စတင်လည်ပတ်ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးသူများအား အရည်အသွေး မြင့်မားသော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် နှင့် ကလေးငယ်ရှိသောမိသားစုများအတွက် မရှိမဖြစ်လိုအပ်သော ဆေးဝါးများကို ပံ့ပိုးကူညီပေးခဲ့ပါသည်။

Common Health ၏ e-commerce ပလက်ဖောင်း အသစ်ကို စတင်လိုက်မိတ်ဆက်ခြင်းဖြင့် Common Health သည် အရှေ့တောင်အာရှရှိ ဆီးချိုနှင့် သွေးတိုးရောဂါရှိသူပေါင်း ၁၅၁ သန်း အတွက် ဆေးဝါးကုန်ကျစရိတ် သက်သာပြီး ပိုမိုကောင်းမွန်သော ကျန်းမာရေးရလဒ်များ ရရှိစေရန် အစွမ်းကုန်ကြိုးစားလုပ်ဆောင်နေပါသည်။

ပိုမိုသိရှိလိုပါက www.commonhealth.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။