နေထိုင်ပုံစံ မှားယွင်းမှုကြောင့် ဇက်ကြောတက်တာ၊ နောက်ကြောတက်တာတွေဖြစ်တတ်ပါတယ်။

ထိုင်ခုံမှာထိုင်တဲ့ ပုံစံမမှန်တာတွေကြောင့် ကြွက်သားတွေ၊ အဆစ်အမြစ်တွေနာကျင်ပြီး ဇက်ကြောတက်၊ နောက်ကြောတက်၊ ကြွက်သားနာတာတွေ ဖြစ်တတ်ပါတယ်။

မြွေဟောက်ပုံစံ

  • ဝမ်းဗိုက် မှောက်ထားပြီး ခြေထောက်ကိုဆန့်ထားပါ။
  • လက်မောင်း၂ဖက်ကို ခန္ဓာကိုယ်ဘေးနားကပ်ထားပါ။
  • အသက်ရှူထုတ်တဲ့အချိန်မှာ ဖြည်းဖြည်းချင်း ခေါင်းနဲ့ရင်ဘတ်ကို မတင်ပါ။
  • အဲ့လိုမတင်တဲ့အချိန်မှာ ကျောက ကြွက်သားတွေကို သုံးပါ၊ လက်ကိုမသုံးပါနဲ့။
  • ဒါပေမယ့် တင်ပါးကို ကြမ်းပြင်ပေါ်မှာဘဲ ဆက်တင်ထားပါ။ ဂုတ်ကို သက်တောင့်သက်သာ ထားပါ။
  • ပြီးရင် ဖြည်းဖြည်းချင်း ပြန်ချပါ။
  • တစ်ခါလုပ်ရင် ၃ကြိမ် လုပ်ပါ။

Chair Pose

  • မတ်တပ်ရပ်ပါ။ အသက်ရှူထုတ်တဲ့အချိန်မှာ ဒူးကိုကွေးလိုက်ပါ။
  • ၉၀ ဒီဂရီ ထက်ပိုပြီး ဒူးကိုမကွေးပါနဲ့။
  • တစ်ခါလုပ်ရင် ၂ ကြိမ်လုပ်ပါ။

Plank ထောက်ပါ

  • လက်နဲ့ ခြေထောက်ကို ပုံမှာပြထားတဲ့အတိုင်း ထောက်လိုက်ပါ။ လက်၂ ချောင်းကို ကြမ်းပြင်ပေါ်မှာထောက်ထားပြီး ခြေထောက်ချောင်းတွေနဲ့ကြမ်းပြင်ကို ထောက်ပါ။
  • ဒီလို ပုံစံကို ကြာနိုင်သမျှ ကြာအောင် နေပါ။