ထောပတ်သီးမှာ Fatty Acid နဲ့ Antioxidant ပါဝင်လို့ ကျန်းမာရေးအတွက်ရော အလှပအတွက်ပါ အကျိုးကျေးဇူးရှိပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအပြင် အမျှင်ဓါတ်လည်းပါဝင်လို့ ရောဂါအမျိုးမျိုးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ထောပတ်သီးကို အလှပအတွက်ရော ဘယ်လိုအသုံးပြုမလဲဆိုတာ မျှဝေပေးပါမယ်။

၄။ ဆဲလ်သေတွေ ဖယ်ရှားနိုင်ဖို့

အသားအရေစိုပြေပြီး ဆဲလ်သေတွေဖယ်ရှားနိုင်ဖို့အတွက် ထောပတ်သီးကို အသုံးပြုနိုင်ပါတယ်။

ထောပတ်သီးမှည့် ၁ လုံး

ကွေကာအုတ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းတွေကို သေချာရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာ ညှင်သာစွာနှိပ်ပေးပြီး ၅ မိနစ်လောက်ထားကာ ရေနွေးလေးနဲ့ ဆေးချပေးပါ။ တစ်ပတ်ကို ၁ ကြိမ် (သို့) ၂ ကြိမ်လုပ်ပေးပါ။

၅။ နှုတ်ခမ်းသား နူးအိနေစေဖို့

ပိုးသားလေးလို နူးညံ့တဲ့ နှုတ်ခမ်းသားလေးပိုင်ဆိုင်ဖို့ ထောပတ်သီးကို အသုံးပြုလို့ရပါတယ်နော်။

ထောပတ်သီမှည့် တစ်ခြမ်း

သင်္ဘောသီး တစ်စိတ်

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းတွေကိုရောပြီး ကျိတ်လိုက်ပါ။ ပြီးရင် နှုတ်ခမ်းပေါ်လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လောက်လုပ်ပေးပါ။

၆။ ဆံဖျားနှစ်ခွဖြစ်တာကို သက်သာစေဖို့

ဆံဖျားနှစ်ခွဖြစ်တာတွေ သက်သာပျောက်ကင်းစေဖို့အတွက် ထောပတ်သီးအသုံးပြုနည်းကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

ထောပတ်သီးမှည့် ၁ လုံး

အုန်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

ပါဝင်ပစ္စည်းတွေကို သေချာရောပြီးမွှေလိုက်ပါ။ ပြီးရင် ဆံဖျားလေးကနေ အရင်းနားထိ လိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီး အခြောက်ထားပါ။ ပြီးရင် ခေါင်းလျှော်ရည်နဲ့ လျှော်ချပေးပါ။ ၃ ရက်တစ်ခါလုပ်ပေးပါ။