ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကလေးမွေးရမယ့် အခိုက်အတန့်ကို ဖြတ်ကျော်ရမှာ ရင်ခုန် စိတ်လှုပ်ရှားစရာပါပဲ။ ပထမဆုံး သားဦးလေးကို မွေးမယ့်သူတွေဆို ပိုလို့တောင် ရင်ခုန်နေမယ်ထင်ပါတယ်။ ရိုးရိုးမွေးလို့ နာကျင်ရမှာကြောက်တာနဲ့ ခွဲမွေးကြတာများလာပါတယ်။

မိခင်ကျန်းမာမှ သန္ဓေသား ကျန်းမာမှာမို့ မိခင်ဖြစ်သူအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သန္ဓေသားကို ရိုးရိုးလေးပဲ မွေးချင်သူတွေအတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးသွားပါမယ်။

၁။ အာဟာရညီညွှတ်မျှတအောင်စားပါ

ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အားအစာတွေစားပါ။ အသီးအနှံ၊ နှံစားသီးနှံတွေ စားပေးပါ။ ပရိုတင်းဓာတ် (အသားဓာတ်) ကိုလည်း စားပေးရပါမယ်။ နို့၊ ဒိန်ချဉ် သောက်ပါ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီစားပါ။

၂။ ရေများများသောက်ပါ

ကလေးကို ကျန်းကျန်းမာမာမွေးနိုင်ဖို့ ရေးများများသောက်ပေးရပါမယ်။ ရေကို တစ်နေ့ ၃ လီတာ အနည်းဆုံး သောက်ပေးပါ။

၃။ ရှောင်ရမယ့်အရာတွေ

အရက် ဆေးလိပ် ရှောင်ပေးပါ။ အခုလို အရက်သောက်ပေးတာဟာ မိခင်ရဲ့ ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေသလို ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုကိုလည်း နှောင့်နှေးစေပါတယ်။ လမ်းဘေးစာရှောင်ပါ။ အဆီများပြီး အစပ်များတာရှောင်ပါ။ အစာမကြေတဲ့ အစားအစာတွေ ရှောင်ပေးပါ။ ကော်ဖီ များများသောက်ပေးတာရှောင်ပေးပါ။

၄။ အားဆေးသောက်ပါ

ကလေး ကျန်းမာရေးအတွက် လိုအပ်တဲ့ ကိုယ်ဝန်ဆောင် အားဆေးတွေ သောက်ပေးပါ။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ပုံမှန်သောက်ပေးရပါမယ်။

၅။ စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးမှု လျှော့ချဖို့အတွက် သီချင်း အေးအေးလေးနားထောင်ပါ။ ကိုယ်ဝါသနာပါတဲ့ ပန်းချီဆွဲတာ မျိုးလုပ်ပေးသင့်ပါတယ်။ အသက်ရှုလေ့ကျင့်ခန်းကိုလည်း လုပ်ပေးသင့်ပါတယ်။

၆။ အနားယူပါ

ကိုယ်ဝန်ဆောင်နေချိန်မှာ ခန္ဓာကိုယ်က အလုပ်အရမ်းလုပ်ရပါတယ်။ ဒါ့ကြောင့် အနားကောင်းကောင်းယူဖို့ လိုအပ်ပါတယ်။ သာမန်အချိန်ထက် ပိုပြီးအနားယူပါ။

၇။ လေ့ကျင့်ခန်းလုပ်ပေးပါ

ကလေးကို လွယ်လွယ်ကူကူ မွေးနိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်တွေ လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းကို လုပ်ပေးပါ။ အခုလို လေ့ကျင့်ခန်းလုပ်ပေးရင် စိတ်ဖိစီးမှု လျှော့ချပေးနိုင်ပြီး ကလေးကို အလွယ်တကူ မွေးဖွားနိုင်မှာပါ။