အသားအရေအတွက်ရော ဆံကေသာအတွက်ရော နှစ်မျိုးလုံးပြောပြပေးမှာပါနော်။

သင့်အသားအရေကို ကြည်လင်လာစေဖို့

ပါဝင်ပစ္စည်း

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

နို့ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို ရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး ၁၀ မိနစ်ထားကာ မျက်နှာသစ်ချလိုက်ပါ ။ ဗီတာမင်နဲ့ အမိုင်နိုအက်ဆစ်ဓာတ်ပါဝင်ပြီး အရေးကြောင်းတွေကို သက်သာစေသလို အသားအရေကို စိုပြေစေမှာဖြစ်ပါတယ်။

မျက်နှာအသားအရေ ကြည်လင်လာစေဖို့

ပါဝင်ပစ္စည်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
အုတ်ဂျုံ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို သေချာရောပြီး မျက်နှာပေါ်လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ ပုံမှန်လုပ်ပေးရင် အသားအရေ ကြည်လင်ပြီး ဖြူလာမှာဖြစ်ပါတယ်နော်။

ဆံပင်ထူစေပြီး တောက်ပြောင်စေဖို့

ပါဝင်ပစ္စည်း

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ကြက်ဥ အနှစ် ၁ လုံး

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်မျိုးကို သေချာရောလိုက်ပါ။ ပြီးရင် ဆံပင်ကို ရေအရင်စိုအောင်လုပ်ပေးပြီး လိမ်းပေးလိုက်ပါ။ ဆံကေသာ အနှံ့ကို သေချာလိမ်းပေးသင့်ပါတယ်။ ပြီးရင်မိနစ် ၃၀ လော်ကထားပြီး ခေါင်ေးလျှာ်ချပါ။

ဆံသားခြောက်သွေ့ရင်တော့ ပျားရည်နဲ့ သံလွင်ဆီရောပြီး လိမ်းပေးနိုင်ပါတယ်။