မျက်နှာပေါ်မှာ အမွှေးတွေများနေလို့ စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးကိုမျှဝေပေးပါမယ်။ မျက်နှာပေါ်မှာ အမွှေးများတာဟာ ဟော်မုန်းကြောင့်လည်းဖြစ်နိုင်သလို ကိုယ်စားသုံးနေတဲ့ အစားအစာကြောင့်လည်းပါပါတယ်။ အမျိုးသမီးအများအားဖြင့် မျက်နှာပေါ်ကအမွှေးတွေကိုဖယ်ရှားဖို့အတွက် Waxing လုပ်ကြပါတယ်။ ဒါပေမယ့်လည်း သဘာဝနည်းလမ်းလေးတွေကအကောင်းဆုံးပဲမို့ သဘာဝနည်းလမ်းလေးတွေကိုမျှဝေပေးပါမယ်။

၁။ ပျားရည်နဲ့ သံပုယိုသီး

ပျားရည်နဲ့ သံပုယိုသီးကို မျက်နှာပေါ်က မလိုအပ်တဲ့အမွှေးအမျှင်တွေဖယ်ရှားရာမှာအသုံးပြုနိုင်ပါတယ်။

ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သံပုယိုရည် အနည်းငယ်လိုပါမယ်။

အဲဒီပါဝင်ပစ္စည်းနှစ်မျိုးကိုရောပြီး မျက်နှာပေါ်ရှိ အမွှေးတွေရှိတဲ့နေရာကို အဓိကထားပြီး လိမ်းပေးပါ။ ပြီးရင် ခြောက်အောင်ထားပြီး ရေနွေးနဲ့ ဆေးချပါ။ တစ်နေ့ကို ၂ ကြိမ်လုပ်ပါ။

၂။ ကြက်ဥအကာနဲ့ သံပုယိုသီး

ကြက်ဥအကာတစ်လုံးနဲ့ သံပုယိုရည်ကိုလည်း မျက်နှာပေါ်က အမွှေးတွေကို ဖယ်ရှားဖို့အတွက် အသုံးပြုနိုင်ပါတယ်။

ကြက်ဥတစ်လုံးကနေ အနှစ်နဲ့ အကာကိုဖယ်လိုက်ပြီး အကာကို ခွက်တစ်လုံးထဲထည့်ထားပါ။ ပြီးရင် သံပုယိုရည်နည်းနည်းထည့်ပါ။ ပြီးရင်တော့ မျက်နှာပေါ်က အမွှေးတွေရှိတဲ့နေရာမှာ အဓိကထားလိမ်းပေးပြီး ခြောက်အောင်ထားပါ။ ပြီးရင် ရေနွေးလေးနဲ့ ဆေးချပါ။

၃။ ကွေကာအုတ်နဲ့ ပျားရည်

ကွေကာအုတ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းလိုပါမယ်။

ပါဝင်ပစ္စည်းတွေကိုရောလိုက်ပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ ပြီးရင် ခြောက်အောင်ထားပြီး ရေနွေးလေးနဲ့ ဆေးချပေးပါ။ ပြီးရင်ခြောက်အောင်သုတ်ပြီး Moisturizer လိမ်းပေးထားပါ။

၄။ သင်္ဘောသီးခွံ

သင်္ဘောသီးခွံပေါ်မှာ သကြားဖြူးလိုက်ပြီး သကြားအရည်မပျော်ခင်မျက်နှာပေါ်မှာလိမ်းပေးလိုက်ပါ။ ပြီးရင် ခြောက်အောင်ထားပြီး ရေနွေးနဲ့ဆေးချပါ။

၅။ မှုန့်ဖုတ်ဆိုဒါ

Baking Soda လို့ခေါ်တဲ့ မှုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရေနည်းနည်းနဲ့ရောကာ ခပ်ပျစ်ပျစ်လေးဖျော်လိုက်ပါ။ ပြီးရင်မျက်နှာပေါ်မှာလိမ်းပေးပြီး ခြောက်အောင်ထားပါ။ ပြီးရင်ရေနွေးလေးနဲ့ဆေးချလိုက်ပါ။