မင်္ဂလာနော်။ ချစ်သူနှစ်ဦးလက်ထပ်ပြီး ဘဝတစ်ခုထူထောင်ကြပြီဆိုရင် မိသားစုဆိုတဲ့ ဘဝလေး ပိုမိုသာယာစိုပြေဖို့ ရင်သွေးဆိုတာ ဘုရားကပေးတဲ့ အပိုဆုတစ်ခုပါပဲ။ ကလေးယူဖို့တွေးထားကြတဲ့ အိမ်ထောင်ရှင်တွေအတွက် ကိုယ့်ကိုကိုယ် ကလေးယူဖို့ အဆင်သင့်ဖြစ်မဖြစ် သိရှိနိုင်မယ့် အချက်တွေကို မျှဝေပေးချင်ပါတယ်။

၁။ ကလေးယူဖို့အတွက် ရင့်ကျက်တဲ့ ဆုံးဖြတ်ချက်တစ်ခုရှိရမယ်။

၂။ ကလေးဆိုတာ သင့်မိသားစုပြဿနာတွေကို ဖြေရှင်းပေးဖို့ မွေးဖွားလာတာမဟုတ်ပါဘူး။

သင်တို့နှစ်ယောက်က လေးယူဖို့ အဆင်သင့်ဖြစ်နေကြပြီလား

၃။ ကလေးဆိုတာ ပြီးပြည့်စုံတဲ့ မော်ဒယ်တစ်ယောက်မဟုတ်ပါဘူး။

၄။ သင့်ရဲ့ စွမ်းအင်းတွေကို လက်တွေ့ကျကျ အသုံးချဖို့တွေးပါ။

၅။ တခြားသူတစ်ယောက်က သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း လိုက်ပြောင်းလဲဖို့မလိုပါဘူး။

၆။ ကိုယ်ဝန်ဆောင်တယ်ဆိုတာ အိပ်မက်ဆိုးတစ်ခုမဟုတ်သလို စိတ်ညစ်စရာမဟုတ်ပါဘူး။

၇။ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုကို သေချာလုပ်ပါ။

၈။ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ အဆင်သင့်ဖြစ်နေပါစေ။

၉။ ကလေးယူတယ်ဆိုတာ တစ်ခုခု ပြန်လိုချင်တာမျိုး မဖြစ်ရပါဘူး။