[Unicode]
အမျိုးသမီးတွေရဲ့ အလှအပလျှို့ဝှက်ချက်ကို ပြောပါဆိုရင် ပျားရည်လို့ ဆိုရမှာပါ။ မျက်လုံးညိုနေတာ၊ မသားအရေခြောက်သွေ့တာနဲ့ တခြားအရေးပြားဆိုင်ရာပြဿနာတွေကို အဆိပ်အတောက်ကင်းကင်းနဲ့ ဖြေရှင်းပေးနိုင်ဖို့ ပျားရည်က အကောင်းဆုံး အဖော်မွန်ပါတယ်။
ငွေကြေးလည်း သိပ်အကုန်ကျခံစရာမလိုတာကြောင့် ဒီနည်းလမ်းလေးတွေကို မျှဝေလိုက်ပါတယ်။
၁။ အမာရွတ်
လူမြင်တဲ့နေရာမှာ အမာရွတ်ရှိတာ သိပ်ကို ကြည့်ရဆိုးပါတယ်။ ဒါ့ကြောင့် အမာရွတ်ပျောက်ဖို့ နည်းလမ်းကိုရှာဖွေကြပါတယ်။
ပျားရည် အမာရွတ်ကို အရောင်ဖျော့စေပြီး တဖြည်းဖြည်းပျောက်ကွယ်သွားစေမှာပါ။
ပါဝင်ပစ္စည်း
ပျားရည်
သန့်စင်တဲ့ အုန်းဆီ (Extra-Virgin Coconut Oil) (သို့) သံလွင်ဆီ
ပြုလုပ်နည်း
ပါဝင်ပစ္စည်းနှစ်ခုကို အချိုးကျရောစပ်ပြီး အမာရွတ်ရှိတဲ့နေရာမှာ တစ်မိနစ် ၂ မိနစ်လောက် ပွတ်လိမ်းပေးပါ။
ပြီးရင် ရေနွေးစွတ်ပြီး ရေညစ်ထားတဲ့ အဝတ်စကို အဲဒီအပေါ်မှာ အေးသွားတဲ့ထိဖိထားပေးပါ။
အဲဒီနောက် ဝါဂွမ်းစနဲ့ သန့်စင်ပေးပါ။
တစ်နေ့ ၂ ကြိမ်ပြုလုပ်ပေးပါ။
၂။ Psoriasis (ဆိုရီယက်စစ်) လို့ခေါ်တဲ့ အရေပြားရောဂါ
Psoriasis အရေပြားရောဂါမှာတွေ့ရတဲ့ အကြေးထူအရေပြားအနာတွေက အလယ်ဖြူ၊အနားနီတတ်ပြီး ယားယံမှုလည်းရှိပါတယ်။ ဦးရေခွံ၊ တတောင်ဆစ်၊ ဒူး နဲပခါးတွေမှာအဖြစ်များပါတယ်။
ရောဂါပြင်းထန်မှုအလိုက် အနာအသေးလေးကနေ တစ်ကိုယ်လုံးအထိ ပြန့်ပွားသွားတတ်ပါတယ်။ လုံးဝအရှင်းပျောက်သွားဖို့ ကုထုံးမရှိသေးပါဘူး။ ပျားရည်ကလည်း ဒီရောဂါကို ပျောက်ကင်းစေတယ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီရောဂါကြောင့်ဖြစ်တဲ့ အရေပြားပျက်စီးသွားတာမျိုးကို ပြန်လည် ချောမွေ့စေပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။
ပါဝင်ပစ္စည်း
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပျားဖယောင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ပျားရည် ၊ သံလွင်ဆီ၊ ပျားဖယောင်း စတာတွေကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းဆီယူပြီး ပန်းကန်တစ်လုံးထဲထည့်ကာ မိုင်ခရိုဝေ့ဖ်မီးဖို (Microwave) ထဲထည့်ပါ။
အဲဒီ မီးဖိုကို ပျားဖယောင်းအရည်ပျော်သွားတဲ့ထိ အပူပေးပါ။ ပြီးရင် အားလုံးကိုသေချာမွေပေးပြီး အေးအောင်ထားပါ။
ရလာတဲ့အရည်ကို အရပြားပျက်စီးနေတဲ့နေရာမှာ လိမ်းပေးပါ။
[Zawgyi]
အမ်ိဳးသမီးေတြရဲ့ အလွအပလွ်ိဳ႕၀ွက္ခ်က္ကို ေျပာပါဆိုရင္ ပ်ားရည္လို႔ ဆိုရမွာပါ။ မ်က္လံုးညိဳေနတာ၊ မသားအေရေျခာက္ေသြ႕တာနဲ႔ တျခားအေရးျပားဆုိင္ရာျပႆနာေတြကို အဆိပ္အေတာက္ကင္းကင္းနဲ႔ ေျဖရွင္းေပးႏိုင္ဖို႔ ပ်ားရည္က အေကာင္းဆံုး အေဖာ္မြန္ပါတယ္။
ေငြေၾကးလည္း သိပ္အကုန္က်ခံစရာမလိုတာေၾကာင့္ ဒီနည္းလမ္းေလးေတြကို မွ်ေ၀လိုက္ပါတယ္။
၁။ အမာရြတ္
လူျမင္တဲ့ေနရာမွာ အမာရြတ္ရွိတာ သိပ္ကို ၾကည့္ရဆိုးပါတယ္။ ဒါ့ေၾကာင့္ အမာရြတ္ေပ်ာက္ဖို႔ နည္းလမ္းကိုရွာေဖြၾကပါတယ္။
ပ်ားရည္ အမာရြတ္ကို အေရာင္ေဖ်ာ့ေစၿပီး တျဖည္းျဖည္းေပ်ာက္ကြယ္သြားေစမွာပါ။
ပါ၀င္ပစၥည္း
ပ်ားရည္
သန္႕စင္တဲ့ အုန္းဆီ (Extra-Virgin Coconut Oil) (သို႕) သံလြင္ဆီ
ျပဳလုပ္နည္း
ပါ၀င္ပစၥည္းႏွစ္ခုကို အခ်ိဳးက်ေရာစပ္ၿပီး အမာရြတ္ရွိတဲ့ေနရာမွာ တစ္မိနစ္ ၂ မိနစ္ေလာက္ ပြတ္လိမ္းေပးပါ။
ၿပီးရင္ ေရေႏြးစြတ္ၿပီး ေရညစ္ထားတဲ့ အ၀တ္စကို အဲဒီအေပၚမွာ ေအးသြားတဲ့ထိဖိထားေပးပါ။
အဲဒီေနာက္ ၀ါဂြမ္းစနဲ႔ သန္႔စင္ေပးပါ။
တစ္ေန႔ ၂ ႀကိမ္ျပဳလုပ္ေပးပါ။
၂။ Psoriasis (ဆိုရီယက္စစ္) လို႔ေခၚတဲ့ အေရျပားေရာဂါ
Psoriasis အေရျပားေရာဂါမွာေတြ႔ရတဲ့ အေၾကးထူအေရျပားအနာေတြက အလယ္ျဖဴ၊အနားနီတတ္ၿပီး ယားယံမွဳလည္းရွိပါတယ္။ ဦးေရခြံ၊ တေတာင္ဆစ္၊ ဒူး နဲပခါးေတြမွာအျဖစ္မ်ားပါတယ္။
ေရာဂါျပင္းထန္္မွဳအလုိက္ အနာအေသးေလးကေန တစ္ကုိယ္လံုးအထိ ျပန္႔ပြားသြားတတ္ပါတယ္။ လံုး၀အရွင္းေပ်ာက္သြားဖို႔ ကုထံုးမရွိေသးပါဘူး။ ပ်ားရည္ကလည္း ဒီေရာဂါကို ေပ်ာက္ကင္းေစတယ္ေတာ့မဟုတ္ပါဘူး။ ဒါေပမဲ့ အဲဒီေရာဂါေၾကာင့္ျဖစ္တဲ့ အေရျပားပ်က္စီးသြားတာမ်ိဳးကို ျပန္လည္ ေခ်ာေမြ႕ေစၿပီး ေရာင္ရမ္းမႈကို သက္သာေစပါတယ္။
ပါ၀င္ပစၥည္း
ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း
သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၁ ဇြန္း
ပ်ားဖေယာင္း လက္ဖက္ရည္ဇြန္း ၁ ဇြန္း
ျပဳလုပ္နည္း
ပ်ားရည္ ၊ သံလြင္ဆီ၊ ပ်ားဖေယာင္း စတာေတြကို လက္ဖက္ရည္ဇြန္း ၁ ဇြန္းဆီယူၿပီး ပန္းကန္တစ္လံုးထဲထည့္ကာ မိုင္ခရိုေ၀့ဖ္မီးဖို (Microwave) ထဲထည့္ပါ။
အဲဒီ မီးဖိုကို ပ်ားဖေယာင္းအရည္ေပ်ာ္သြားတဲ့ထိ အပူေပးပါ။ ၿပီးရင္ အားလံုးကိုေသခ်ာေမြေပးၿပီး ေအးေအာင္ထားပါ။
ရလာတဲ့အရည္ကို အရျပားပ်က္စီးေနတဲ့ေနရာမွာ လိမ္းေပးပါ။