[Unicode]
မျက်နှာပေါ်မှာ အမွှေးအမျှင်တွေ များနေလို့ စိတ်ညစ်နေလား။ ဒါဆိုရင်တော့ သဘာဝနည်းလမ်းနဲ့ အမွှေးပါးသွားအောင် ပြုလုပ်နည်း ၂ ခုကို မျှဝေပေးသွားမယ်နော်။
၁။ ပါဝင်ပစ္စည်း
သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
ခွက်တစ်လုံးထဲမှာ သကြားနဲ့ ပျားရည်ကိုထည့်လိုက်ပါ။ မမွှေသေးဘဲ microwave ထဲကို ၂ မိနစ် ၃ မိနစ်လောက်ထည့်ပြီး အပူပေးပါ။ သကြားပျော်မသွားသေးရင်ပျော်သွားတဲ့ထိ ပေးပါ။
ပြီးရင် သံပုယိုရည်ထည့်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် microwave ထဲ ၂ မိနစ်လောက်ထပ်ထည့်ပါ။ ပြီးရင် မိနစ် ၂၀ လောက်အအေးခံထားပါ။ စောစောကဖော်စပ်ထားတဲ့ အရည်က ခပ်နွေးနွေးလေးပဲ ရှိနေပါဦးမယ်။ ပြီးရင် အမွှေးတွေရှိတဲ့နေရာမှာ လိမ်းပေးပါ။ ပြီးရင် ခြောက်အောင်ထားပြီး ရေနွေးနဲ့ ဆေးချပါ။ စောစောက ပျားရည် သကြား သံပုယိုရည်ရောထားတဲ့ အရည်ကိုလိမ်းပြီး ခဏထားကာ အမွှေးကို ဆွဲနုတ်ချင်လည်းရပါတယ်။ နာမှာစိုးရင်တော့ ရေနွေးနဲ့ပဲ ဆေးချလိုက်ပါ။
၂။ ပါဝင်ပစ္စည်း
ကော်မှုန့် (Corn Flour) စားပွဲတင်ဇွန်း တစ်ဝက်
ကြက်ဥ ၁ လုံး
သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
ကြက်ဥကိုခွဲလိုက်ပြီး အကာကိုပဲယူပါ။ ပြီးရင် သကြားနဲ့ ကော်မှုန့်ထည့်ပြီး သေချာမွှေပေးပါ။
လုံး၀ ပျော်ဝင်သွားပြီဆိုရင် မျက်နှာပေါ်က အမွှေးတွေရှိတဲ့နေရာမှာ လိမ်းပေးပြီး မိနစ် ၂၀ လောက်ခြောက်အောင်ထားပါ။ ခြောက်သွားရင် အသားက တင်းလာမှာဖြစ်ပါတယ်။ ပြီးရင် လက်နဲ့ ဖြည်းဖြည်းလေး ခွာချပါ။
တစ်ပတ်ကို ၃ ကြိမ် (သို့) ၄ ကြိမ်လုပ်ပေးပါ။
လိုက်နာရမယ့်နည်းလမ်းများ
အိမ်တွင်း သဘာဝနည်းလမ်းတွေအတွက်စိတ်ရှည်ပါ။ တစ်နေ့ကို ရေများများ အသီးအနှံများများစားပါ။
အထက်ဖော်ပြပါနည်းလမ်းတွေ မလုပ်ခင် ရေနွေးနဲ့ ရေချိုးပါ။
လုပ်ပြီးသွားရင်လည်း ရေသေချာဆေးပေးပါ။
[Zawgyi]
မ်က္ႏွာေပၚမွာ အေမႊးအမွ်င္ေတြ မ်ားေနလို႔ စိတ္ညစ္ေနလား။ ဒါဆိုရင္ေတာ့ သဘာ၀နည္းလမ္းနဲ႔ အေမႊးပါးသြားေအာင္ ျပဳလုပ္နည္း ၂ ခုကို မွ်ေ၀ေပးသြားမယ္ေနာ္။
၁။ ပါ၀င္ပစၥည္း
သံပုယုိရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း
ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း
သၾကား စားပြဲတင္ဇြန္း ၃ ဇြန္း
ခြက္တစ္လံုးထဲမွာ သၾကားနဲ႔ ပ်ားရည္ကိုထည့္လိုက္ပါ။ မေမႊေသးဘဲ microwave ထဲကို ၂ မိနစ္ ၃ မိနစ္ေလာက္ထည့္ၿပီး အပူေပးပါ။ သၾကားေပ်ာ္မသြားေသးရင္ေပ်ာ္သြားတဲ့ထိ ေပးပါ။
ၿပီးရင္ သံပုယုိရည္ထည့္ၿပီး ေသခ်ာေမႊလိုက္ပါ။ ၿပီးရင္ microwave ထဲ ၂ မိနစ္ေလာက္ထပ္ထည့္ပါ။ ၿပီးရင္ မိနစ္ ၂၀ ေလာက္အေအးခံထားပါ။ ေစာေစာကေဖာ္စပ္ထားတဲ့ အရည္က ခပ္ေႏြးေႏြးေလးပဲ ရွိေနပါဦးမယ္။ ၿပီးရင္ အေမႊးေတြရွိတဲ့ေနရာမွာ လိမ္းေပးပါ။ ၿပီးရင္ ေျခာက္ေအာင္ထားၿပီး ေရေႏြးနဲ႔ ေဆးခ်ပါ။ ေစာေစာက ပ်ားရည္ သၾကား သံပုယုိရည္ေရာထားတဲ့ အ၇ည္ကိုလိမ္းၿပီး ခဏထားကာ အေမႊးကို ဆြဲႏုတ္ခ်င္လည္းရပါတယ္။ နာမွာစိုးရင္ေတာ့ ေရေႏြးနဲ႔ပဲ ေဆးခ်လိုက္ပါ။
၂။ ပါ၀င္ပစၥည္း
ေကာ္မႈန္႔ (Corn Flour) စားပြဲတင္ဇြန္း တစ္၀က္
ၾကက္ဥ ၁ လံုး
သၾကား စားပြဲတင္ဇြန္း ၁ ဇြန္း
ၾကက္ဥကိုခြဲလိုက္ၿပီး အကာကိုပဲယူပါ။ ၿပီးရင္ သၾကားနဲ႔ ေကာ္မႈန္႔ထည့္ၿပီး ေသခ်ာေမႊေပးပါ။
လံုး၀ ေပ်ာ္၀င္သြားၿပီဆိုရင္ မ်က္ႏွာေပၚက အေမႊးေတြရွိတဲ့ေနရာမွာ လိမ္းေပးၿပီး မိနစ္ ၂၀ ေလာက္ေျခာက္ေအာင္ထားပါ။ ေျခာက္သြားရင္ အသားက တင္းလာမွာျဖစ္ပါတယ္။ ၿပီးရင္ လက္နဲ႔ ျဖည္းျဖည္းေလး ခြာခ်ပါ။
တစ္ပတ္ကို ၃ ႀကိမ္ (သို႔) ၄ ႀကိမ္လုပ္ေပးပါ။
လိုက္နာရမယ့္နည္းလမ္းမ်ား
အိမ္တြင္း သဘာ၀နည္းလမ္းေတြအတြက္စိတ္ရွည္ပါ။ တစ္ေန႔ကို ေရမ်ားမ်ား အသီးအႏွံမ်ားမ်ားစားပါ။
အထက္ေဖာ္ျပပါနည္းလမ္းေတြ မလုပ္ခင္ ေရေႏြးနဲ႔ ေရခ်ိဳးပါ။
လုပ္ၿပီးသြားရင္လည္း ေရေသခ်ာေဆးေပးပါ။