ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစေ့အဆန်တွေထဲမှာ ရွှေဖရုံစေ့ကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။အများစုကတော့ ရွှေဖရုံစေ့ကို လှော်ပြီး သရေစာအနေနဲ့စားသုံးကြပါတယ်။ဒါပေမယ့် ရွှေဖရုံစေ့မှာ သရေစာတစ်ခုထက်ကိုပိုတဲ့ ကျန်းမာရေးကောင်းကျိုးတွေ များစွာရှိနေပါတယ်။ဒီနေ့မှာတော့ ရွှေဖရုံစေ့စားသုံးခြင်းကနေ ရရှိလာမယ့်အကျိုးကျေးဇူးတွေကိုဝေမျှပေးသွားချင်ပါတယ်။

(၁) ကိုယ်ခံအားကောင်းမွန်စေတယ်

Source : Q-House.pl

ရွှေဖရုံစေ့မှာ ဗီတာမင်ဓာတ်နဲ့ပရိုတင်းဓာတ်တို့ကြွယ်ဝစွာပါဝင်ပါတယ်။ဒါ့အပြင်သွေးအားကောင်းစေတဲ့ သံဓာတ်နဲ့ သွေးဖိအားကိုထိန်းညှိပေးတဲ့ ပိုတက်ဆီယမ်ဓာတ်တို့လည်းပါဝင်တာကြောင့် ခန္ဓာကိုယ်မှာသွေးလည်ပတ်မှုကောင်းစေပြီး အားအင်ပြည့်ဝစေကာ ကိုယ်ခံအားစနစ်ကို အထူးကောင်းမွန်စေတာဖြစ်ပါတယ်။

(၂) နှလုံးအားကောင်းစေတယ်

Source : OMSH

ရွှေဖရုံစေ့က သွေးလည်ပတ်မှုကိုကောင်းစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။အဓိကအားဖြင့် ရွှေဖရုံစေ့မှာပါဝင်တဲ့ Antioxidant ကော့ပါး ဇင့်နှင့် မဂ္ဂနီဆီယမ်ဓာတ်တွေက နှလုံးကိုအထောက်အပံ့ပေးတာကြောင့် ရုတ်တရက်အမောဖောက်ခြင်း သွေးပေါင်ချိန်ထိုးတက်ခြင်း နှလုံးရောဂါဖြစ်ခြင်းစတဲ့ရောဂါတွေကိုကာကွယ်ပေးပြီး နှလုံးကိုအားကောင်းစေပါတယ်။

(၃) အရွှယ်တင်နုပျိုစေတယ်

Source : Vox

အသက်ရှည်ကျန်းမာပြီးအရွှယ်တင်နုပျိုချင်ရင်တော့ ရွှေဖရုံစေ့ နေ့စဉ်စားသုံးပေးဖို့လိုအပ်ပါတယ်။ရွှေဖရုံစေ့မှာပါဝင်တဲ့ Antioxidant ဗီတာမင်အီး ဇင့်စတဲ့ဓာတ်တွေဟာ အသားအရေကိုကြည်လင်လှပကျန်းမာစေပြီး အရွှယ်မတိုင်မီ အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးပါတယ်။

(၄) ကင်ဆာရောဂါကာကွယ်ပေးတယ်

Source : Universitetet i Bergen

ရွှေဖရုံစေ့ကိုနေ့စဉ်ပုံမှန်စားမယ်ဆိုရင် ကင်ဆာရောဂါကိုတောင်မှ ကာကွယ်ပေးတယ်လို့ လေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။ကင်ဆာရောဂါနဲ့ပတ်သတ်ပြီး များသောအားဖြင့် ဖြစ်ပွားလေ့ရှိတဲ့ အူမကြီးကင်ဆာ ရင်သားကင်ဆာ အဆုတ်ကင်ဆာ အစာအိမ်ကင်ဆာ ဆီးကျိတ်ကင်ဆာ စတဲ့ရောဂါတွေဖြစ်မလာဖို့ ရွှေဖရုံစေ့ကတားတီးကာကွယ်ပေးပါတယ်။