အထူးသဖြင့် မိန်းကလေးတွေဟာ မျက်နှာပေါ်မှာ အမွှေးများတာကို မလိုချင်ကြပါဘူး။ မျက်နှာပေါ်ကအမွှေးတွေကို ဖယ်ရှားနိုင်ဖို့အတွက် သဘာဝနည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ သဘာဝပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာမို့ စာဖတ်သူတို့ သဘောကျ နှစ်ခြိုက်မယ်လို့ မျှော်လင့်ပါတယ်။

ပါဝင်ပစ္စည်း

ကွေကာအုတ်အကြမ်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကိုသေချာရောပြီး မွှေပေးပါ။ ပျစ်ပျစ်လေးဖြစ်လာပြီဆိုရင် မျက်နှာပေါ်က အမွှေးတွေရှိတဲ့နေရာကို လိမ်းပေးပါ (ဥပမာ နှုတ်ခမ်းမွှေး)။ ပြီးရင် သေချာပွတ်ပေးပြီး ၁၅ မိနစ်လောက်ထားပါ။ ပြီးရင် အမွှေးကပ်နေတဲ့ဖက်နဲ့ ဆန့်ကျင်ဖက်ကိုယိမ်းပြီး ရေနွေးနဲ့ ဆေးချပါ။ ဒါမှမဟုတ် လက်နဲ့အရင်ခွာချပြီးမှ ရေနွေးနဲ့ဆေးပါ။ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်ခန့်လုပ်ပေးပါ။ ၁ လလောက်ဆိုရင် သိသာလာမှာဖြစ်ပါတယ်။

သဘာဝအတိုင်းဆိုတော့ အမွှေးကြမ်းကြမ်းတွေ ထွက်လာမှာ စိတ်ပူစရာမလိုတော့ပါဘူး။