သွေးတိုးရောဂါဆိုတာ လူကြီးပိုင်းတွေမှာအဖြစ်တဲ့ရောဂါတစ် ခုလိုသိထားကြပေမယ့် ယနေ့ခေတ်စားသောက်နေထိုင်မှုမှားယွင်းတဲ့ပုံစံတွေကြောင့် လူငယ်ပိုင်းတွေမှာလည်း သွေးတိုးရောဂါအဖြစ်များလာတာတွေ့ရပါတယ်။အဓိကအားဖြင့်သွေးတိုးရှိသူတွေဟာ အစားအသောက်ကို သတိထားဖို့ လိုတာကြောင့် ဒီနေ့မှာတော့သွေးတိုးရှိသူတွေလုံးဝရှောင်ကျဉ်သင့်တဲ့ အစားအသောက်တွေကို ပြောပြပေးချင်ပါတယ်။

(၁) ဆား

Source : New Food magazine

သွေးပေါင်တက်စေတဲ့ အဓိကပြဿနာတစ်ခုက ဆားစားသုံးမှုများခြင်းကြောင့်ပဲဖြစ်ပါတယ်။အစားအစာတွေကိုအရသာပိုမိုလေးနက်အောင် ဆားမဖြစ်မနေသုံးဖို့လိုပေမယ့် သွေးတိုးရောဂါဓာတ်ခံရှိသူတွေအနေနဲ့တော့ ဆားကိုအတက်နိုင်ဆုံးလျော့စားဖို့လိုပါတယ်။

(၂) စည်သွပ်ဘူး

Source : DetikFood

အစားစာတွေကို တာရှည်ခံအောင်ပြုလုပ်ထားတဲ့ စည်သွပ် ဘူးတွေမှာ ဆားပါဝင်မှုအရမ်းကိုများပါတယ်။စည်သွပ်ဘူးတွေက လွယ်ကူလျင်မြန်စွာ စားသုံးလို့ရတဲ့အတွက် လူကြိုက် များပေမယ့် သွေးတိုးရှိသူတွေအနေနဲ့တော့ ဖြစ်နိုင်မစားတာကောင်းပါတယ်။အကယ်၍မဖြစ်မနေစည်သွပ်ဘူးစားရမယ်ဆိုရင်လည်း ဆားပါဝင်မှုနည်းတဲ့ စည်သွပ်ဘူးအမျိုးအစားတွေကိုရွေးချယ်စားသုံးဖို့အကြုံပြုလိုပါတယ်။

(၃) သကြား

Source : Baking Business

သေကြားဓာတ်မြင့်မားစွာပါဝင်တဲ့ သကြားလုံး ရေခဲမှုန့် အချိုရည်စတဲ့ အချိုဓာတ်ကဲတဲ့အစားအစာတွေများစွာကို နေ့စဉ် စားသုံးနေမိမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေပြီး ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုအနှောက်ယှက်ဖြစ်စေပါတယ်။ထိုအခါ ခန္ဓာကိုယ်မှာတဖြေးဖြေးအဆီတွေစုလာပြီး အဝလွန်ခြင်း သွေးတိုးနဲ့ ဆီချို ရောဂါတွေဝင်လာနိုင်တာဖြစ်ပါတယ်။ဒါကြောင့်သွေးတိုးရှိသူတွေအနေနဲ့ သကြားဓာတ်ကိုမဖြစ်မနေလျော့စားသင့်ပါတယ်။

(၄) အရက်

Source : settlerszone.ru

အရက်သောက်ခြင်းကလည်း သွေးပေါင်ချိန်တက်စေတဲ့ အဓိ ကအကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။တစ်ခါတစ်လေအရက်သောက်ခြင်းက သွေးပေါင်ချိန်တက်ခြင်းကိုမသိသာစေပေမယ့် ရေရှည်စွဲစွဲမြဲမြဲသောက်သုံးနေပြီဆိုရင်တော့ နာတာရှည်သွေးတိုးရောဂါခံစားရဖို့သေချာနေပါပြီ။သွေးတိုးရောဂါဓာတ်ခံရှိသူတွေအနေနဲ့ဆိုရင် ရုတ်တရက်လေဖြတ်ခြင်း သွေးဆောင့်တက်ခြင်း အသည်းအဆီဖုံးခြင်းစတဲ့ ရောဂါတွေပါခံစားရစေနိုင်တာကြောင့် အရက်ကိုလုံးဝမသောက်ဖို့အကြံပြုချင်ပါတယ်။

(၅) အမြန်စား အစားအစာများ

Source : Editor Choice

လူကြိုက်များတဲ့အမြန်စား အစားအစာတွေဟာ သွေးပေါင်ချိန်ကိုမြင့်တက်စေတဲ့အပြင် တခြားသောကျန်းမာရေးပြဿနာ တွေများစွာရှိနေပါတယ်။ အဓိကအားဖြင့် အမြန်စားအစားအစာတွေဖြစ်တဲ့ ဟမ်ဘာဂါ အာလူးကြော် ပီဇာ ကြက်ကြော် စတာတွေမှာ အဆီပါဝင်မှုများပြီး အရေအသွေးမကောင်းတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဆားပါဝင်မှုလည်းများတာကြောင့် သွေးတိုးရောဂါရှိသူတွေအနေနဲ့ လုံးဝကိုရှောင်ကျဉ်သင့်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။

Reference Source : https://10faq.com/health/foods-to-avoid-with-high-blood-pressure/10/?fbclid=IwAR1y2b8Q3KXPTRNrhvgFV3Sjz5BUF0KA-zZXw73nSFchSmaVQyv9tp1VVXs