ဒိန်ချဉ်ဟာ စားဖို့သက်သက်မဟုတ်ပါဘူးနော်။ အသားအရေနဲ့ဆံပင် ကျန်းမာသန်စွမ်းစေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။

ဒိန်ချဉ်မှာ ဇင့်ဂ်နဲ့ လက်တီး အက်ဆစ်တွေပါဝင်လို့ ကျန်းမာသန်စွမ်းတဲ့ အသားအရေကို ရရှိစေပါတယ်။ ဒိန်ချဉ်ကို အရေပြားပေါ်မှာ ညင်သာစွာပွတ်ပေးတာဟာ အသားအရေပေါ်က ဆဲလ်အသေတွေကိုဖယ်ရှားပေးနိုင်ပြီး အသားအရေ ချောမွတ်လာစေပါတယ်။ ဒါ့အပြင် ချွေးပေါက်ကျဉ်းစေပြီး ခြောက်သွ့တဲ့အသားအရေကို အာဟာရဖြည့်ပေးတာမို့ အသားအရေလှပ တင့်တယ်စေမှာပါ။

ဗောက်ထခြင်း

ဗောက်ထတာကို တိုက်ဖျက်ပေးနိုင်တဲ့ မှိုဆန့်ကျင်ပစ္စည်းတွေ ဒိန်ချဉ်မှာ ပါဝင်ပါတယ်။ ဒါ့အပြင် ဆံကေသာတစ်ချောင်းချင်းဆီကို အားဖြည့်ပေးပါတယ်။ ဒိန်ချဉ်ကို ဦးရေပြားပေါ် လိမ်းပေးပြီး ၄၅ မိနစ်ထားပါ။ ပြီးရင်ခေါင်းလျှော်ချပါ။

ဝက်ခြံ

အက်ဆစ်ရဲ့သဘောတရားရှိတဲ့ ဒိန်ချဉ်မှာ ဝက်ခြံအမျိုးမျိုးကို ဖြစ်စေတဲ့ ဘက်တီးရီးယား၊ မှိုနဲ့ ပိုးမွှားတွေကို သန့်စင်ပေးနိုင်ပါတယ်။ ဒိန်ချဉ်ကို မျက်နှာပေါ်မှာ မိနစ် ၃၀ လောက်လိမ်းပေးထားပြီး မျက်နှာသစ်ချလိုက်ပါ။ အသားအရေ သန့်ရှင်းပြီး အမာရွတ်တွေကော ဝက်ခြံပါ ပျောက်ကင်းသွားမှာပါ။

ဒိန်ချဉ်ကို နနွင်းမှုန့် သကြားနဲ့ ဆန္ဒကူးနံ့သာမှုန့်ရောပြီး မျက်နှာပေါ်မှာ ၁၅ မိနစ်လောက်လိမ်းပေးကာ မျက်နှာသစ်ပါ။

ဆားဝက်ခြံ

ဆန်မှုန့်နဲ့ ဒိန်ချဉ်ရောပြီး မျက်နှာပေါ်က ဆားဝက်ခြံရှိတဲ့နေရာမှာ ညင်သာစွာလိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။

မျက်ကွင်းညိုခြင်း

မျက်ကွင်းညိုတာတွေအတွက် ဒိန်ချဉ်ကို ၁၅ မိနစ်လောက်လိမ်းပေးပြီး ဝါဂွမ်းစနဲ့ သုတ်ပစ်ပေးပါ။ တစ်ပတ်အတွင်း မျက်ကွင်းညိုတာ ပျောက်ကင်းသွားမှာဖြစ်ပါတယ်။