ဆားကို ချက်ပြုတ်ရာမှာသာမကဘဲ အလှအပအတွက် အသုံးပြုနည်းကိုမျှဝေပေးပါမယ်။ အိမ်တိုင်းမှာလည်း အလွယ်တကူရရှိနိုင်တာမို့ စာဖတ်သူတို့ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။

အဆီပြန်တဲ့ ဆံကေသာအတွက်

အဆီပြန်တတ်တဲ့ဆံကေသာအတွက်ဆိုရင်တော့ ခေါင်းလျှော်ရည်ဘူးထဲမှာ ဆား စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပေးပါ။ ပြီးရင် ခေါင်းလျှော်ရည်ဘူးကို လှုပ်ခါလိုက်ပါ။ အဲဒီနောက် ခေါင်းလျော်တဲ့နေရာမှာ သုံးပေးပါ။ ဦးရေပြားအဆီပြန်တာနဲ့ ဆံသားအဆီပြန်တာကို သက်သာစေမှာဖြစ်ပါတယ်။

ပထမအကြိမ်ခေါင်းလျှော်ရင် အဆီတွေနဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီး နောက်ပိုင်းမှာတော့ ဦးရေပြားကို အားဖြည့်ပေးသလို ဆံသားကို သန်စွမ်းစေပါတယ်။

ဆံသားခြောက်သွေ့ခြင်း

ဆံပင်ကိုခေါင်းလျှော်ပြီးလို့ ပေါင်းဆေးသုံးပေးပါ။ ကိုယ်သုံးမယ့် ပေါင်းဆေးပမာဏနဲ့ ဆားပမာဏကို ဆတူရောလိုက်ပါ။ ပြီးရင် Microwave နဲ့ စက္ကန့် ၃၀ လောက်အပူပေးပြီး ခေါင်းလျှော်ပြီးတဲ့အခါ အဲဒီပေါင်းဆေးကိုရောသုံးပေးပါ။ ဦးရေပြားနဲ့ ဆံသားအဖျားတွေထိ နှံ့အောင်လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီးမှ ခေါင်းကို ပြောင်အောင်လျှော်ပါ။

တခြားအလှအပအတွက်

ခြေထောက်ကို ချေးချွတ်မယ်

ဆား စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သံလွင်ဆီ တစ်ခွက်ကိုရောပြီး ခြေထောက်ကို ပွတ်တိုက်ပေးပါ။ အသားအရေ နူးညံ့ချောမွတ်ပြီး သန့်ရှင်းစေမှာဖြစ်ပါတယ်။

မျက်နှာနဲ့ အသားအရေပေါ်က ဆဲလ်သေတွေကိုဖယ်ရှားမယ်

ဆံကေသာနဲ့ အလှအပအတွက် ဆားကိုအသုံးပြုနည်း အသွယ်သွယ်

ဆား စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ အုန်းဆီ ခွက်တစ်ဝက်ကိုရောပြီး ခန္တာကိုယ်အတွင်းက ဆဲလ်သေတွေကို ဖယ်ရှားဖို့အသုံးပြုနိုင်မှာပါ။

နှုတ်ခမ်းသားခြောက်သွေ့ခြင်း

ဆားနဲ့ သံလွင်ဆီဆတူရောပြီး နှုတ်ခမ်းကို ပွတ်တိုက်ပေးပါ။ ပြီးရင် ဆေးချလိုက်ပါ.

နေလောင်ဒဏ်ကို ကုသမယ်

နေလောင်တာအတွက် ဆားစားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ ရေ ၁ ခွက်ရောပြီး စပရေးဘူးထဲထည့်လိုက်ပါ။ ပြီးရင် နေလောင်တဲ့နေရာတွေကို ဖြန်းပေးပါ။

ခေါင်းကိုက်ခြင်း

ခေါင်းကိုက်ခြင်းကိုသက်သာဖို့အတွက် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရေ တစ်ခွက်ရောပြီးသောက်ပေးပါ။