ဒီတစ်ခါတော့ စာဖတ်သူတို့အတွက် ခပ်ဆန်းဆန်းလေးလည်းဖြစ်သွားအောင် ဘီယာကို အလှအပအတွက် အသုံးပြုနည်းတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ဘီယာဟာ ဆံကေသာ သန်စွမ်းဖို့နဲ့ ဆံသားတွေမှာကပ်ညှိနေတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဝက်ခြံတွေကိုလည်း သက်သာစေပါတယ်။ ဘီယာမှာ ဗီတာမင် B၊ပရိုတင်း၊ ဆီလီနီယမ်၊ ပိုတက်ဆီယမ်၊ သံဓါတ်၊ သွပ်ဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ်တွေပါဝင်ပါတယ်။
၁။ မျက်နှာပေါင်းတင်မယ်
ဘီယာ လက်ဖက်ရည်ဇွန်းတစ်ဝက်
ကြက်ဥအကာ ၁ လုံး (ကြက်ဥ ၁ လုံးကိုခွဲပြီး အကာပဲယူရမှာပါ)
သံပုရာသီးတစ်ခြမ်း (အရညှစ်ထည့်ပါ)
ပြုလုပ်နည်း
ပါဝင်ပစ္စည်းနှစ်မျိုးကို သေချာရောပြီးမွှေလိုက်ပါ။ ပြီးရင် မျက်နှာသစ်ပြီး ခြောက်အောင်သုတ်လိုက်ပါ။ စောစောက ရောထားတဲ့ ဘီယာနဲ့ ကြက်ဥကို မျက်နှာပေါ်မှာလိမ်းပေးပြီး ခြောက်အောင်ထားပါ။ ခြောက်သွားပြီဆိုရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ချလိုက်ပါ။
၂။ ခေါင်းလျှော်မယ်
ရေ ၁ ခွက်
ဘီယာ ၁ ခွက်
ပန်းသီးရှလကာရည် (Apple Cider Vinegar) လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သံလွင်ဆီ ၇ စက်
ပါဝင်ပစ္စည်းတွေအားလုံးကို သမအောင်မွှေလိုက်ပါ။ ဆံပင်ကိုခေါင်းလျှော်ရည်နဲ့ အရင်လျှော်ပေးလိုက်ပါ။ ပြီးရင် စောစောရောထားတဲ့အရည်ကို လောင်းချလိုက်ပြီး နှံ့သွားအောင် ခေါင်းကို ညှင်သာစွာနှိပ်ပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ခေါင်းလျှော်ချပါ။ တစ်လကို ၁ ကြိမ် (သို့) ၂ ကြိမ် လုပ်ပေးရမှာပါ။
၃။ ရေချိုးမယ်
ဆပ်ပြာရည်
ဘီယာ
ပြုလုပ်နည်း
ဘီယာနဲ့ ရေချိုဆပ်ပြာကို စတူရောလိုက်ပြီး ရေချိုးတဲ့အချိန်မှာ တိုက်ပေးရမှာပါ။ ၃ မိနစ်လောက် တစ်ကိုယ်လုံးကို ပွတ်တိုက်ပေးပါနော်။ အသားအရေ နူးညံ့ပြီး ချောမွေ့နေမှာပါ။
၄။ ဝက်ခြံလေးတွေပျောက်ကင်းဖို့
ဘီယာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သံပုရာသီး တစ်ခြမ်း(အရည်ညှစ်ပါ)
ပါဝင်ပစ္စည်းအားလုံးကိုရောလိုက်ပြီး မျက်နှာပေါ်လိမ်းကာ ၁၅ မိနစ်လောက်ထားပေးပါ။ ပြီးရင် မျက်နှာသစ်ချလိုက်ပါ။