ကိုယ်ဝန်ဆောင်နေပြီဆိုရင် စိတ်ခံစားချက်တွေ ပြောင်းလဲနေပြီး ရုပ်ပိုင်းဆိုင်ရာလည်း တဖြည်းဖြည်းပြောင်းလဲနေပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ အဓိကကြုံတွေ့ရတာကတော့ သူတို့ရဲ့ သက်သောင့်သက်သာမရှိတာ ကိုယ်လက်ကိုက်ခဲတာမျိုးဖြစ်တတ်ပါတယ်။ အိပ်တဲ့အခါမှာဆိုရင်လည်း ရင်သွေးလေးအတွက် သတိထားပြီး အိပ်ပုံအိပ်နည်းကိုလည်း သတိထားရပါတယ်။

ဘေးစောင်းအိပ်ပါ

ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဘေးစောင်းပြီးအိပ်သင့်ပါတယ်။ ဘေးဆောင်းပြီးအိပ်တာကိုမှ ဘယ်ဖက်ကိုစောင်းပြီးအိပ်သင့်ပါတယ်။

ဒီလိုလုံးဝမအိပ်ပါနဲ့

ကျောလှဲပြီးအိပ်တာ မှောက်လျက်အိပ်တာမျိုးကို ရှောင်သင့်ပါတယ်။ သွေးစီးဆင်းမှုက နှလုံးကိုပြန်လာပြီး သန္ဓေသားဆီကို သွေးစီးဆင်းမှု လျော့သွားပါတယ်။ ဒါဆို အောက်ဆီဂျင်ရရှိမှုနည်းသွားပြီး အဟာရလည်းရရှိမှုနည်းသွားမှာဖြစ်ပါတယ်။ မှောက်အိပ်မယ်ဆိုရင် ဝမ်းဗိုက်ကို ဖိသလိုဖြစ်နေလို့ လုံးဝကိုရှောင်ကျဉ်သင့်ပါတယ်။

ခေါင်းအုံးထားပြီးအိပ်နိုင်တယ်

ကိုယ်ဝန်ဆောင်တွေအတွက် အိပ်တဲ့အခါမှာ ပိုပြီးသက်သောင့်သက်သာဖြစ်စေဖို့ ခြေထောက်ကြားမှာ ခေါင်းအုံးထားပြီး အိပ်နိုင်ပါတယ်။

ညအိပ်ယာမဝင်ခင် ၂ နာရီအလိုမှာ ရေလုံးဝမသောက်ပါနဲ့

ဆီးအိမ်ထဲမှာ ရေပြည့်သွားပြီဆိုရင် ညဖက်မှာ မကြာခဏနိုးလို့ ကလေးအတွက်ရော မိခင်အတွက်ရောမကောင်းပါဘူး။ ညအိပ်ယာမဝင်ခင် ဆီးသွားပေးပါ။

အိပ်ယာဝင်တော့မယ်ဆိုရင် အဝတ်အစားတွေကို ချောင်ချောင်ဝတ်အိပ်ပါ

အသက်ရှုရလွယ်ကူစေပြီး သန္ဓေသားအတွက် သွေးနဲ့အောက်ဆီဂျင်အလုံအလောက်ရဖို့ ချောင်ချောင်ချိချိအဝတ်အစားတွေ ဝတ်အိပ်ပါ။

စိုးရိမ်ပူပန်မှုတွေ မရှိပါစေနဲ့

စိုးရိမ်ပူပန်မှုတွေမဖြစ်အောင် အစားအသောက်အနေအထိုင်ကအစ ဂရုစိုက်ပါ။ စိုးရိမ်ပူပန်တာဟာ ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ သက်ရောက်မှုှရိစေလို့ပါ။ တတ်နိုင်သမျှ စိတ်ကို အေးဆေးတည်ငြိမ်စေဖို့ ရောဂတို့လို ကိုယ်ဝန်ဆောင်တွေ လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေလုပ်ပေးသင့်ပါတယ်။

၃ လတကြိမ်ပြောင်းလဲရမည့် အိပ်ပုံအနေအထား

ပထမ ၃ လပတ်မှာတော့ ဘယ်လိုအပ်အိပ်ရပါတယ်။ ဒုတိယ ၃ လပတ်မှာတော့ ဘယ်ဖက်သာ စောင်းသာ စောင်းအိပ်ပါ။ တတိယ ၃ လပတ်မှာတော့ အဆင်ပြေသလို အိပ်လို့ရပါတယ်။ ဒါပေမယ့် မှောက်မအိပ်နဲ့ ပက်လက်မအိပ်ပါနဲ့။