[Unicode]
မကြာသေးမီက စပိန်နိုင်ငံရဲ့ လေ့လာတွေ့ရှိမှုအရ ဖရုံစေ့ဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တယ်လို့ ဆိုပါတယ်။ ဖရုံစေ့မှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ပစ္စည်း Anti-Inflammatory ပါ၀င်တာကြောင့် ကင်ဆာဆဲလ်အမျိုးမျိုးကို တိုက်ဖျက်နိုင်ပါတယ်။
သွေးဆုံးပြီး အမျိုးသမီးတွေ စားသင့်တဲ့ ရွှေဖရုံစေ့
သွေးဆုံးပြီး အမျိုးသမီးတွေလည်း ဖရုံစေ့ကိုစားသင့်တယ်လို့ ဂျမနီနိုင်ငံက လေ့လာတွေ့ရှိချက်တစ်ခုကလည်း ဖော်ပြထားပါတယ်။ ဘာလို့လဲဆိုတော့ ရွှေဖရုံစေ့ဟာ ရင်သားကင်ဆာ ဖြစ်ပွားမှုကို ၂၃ % ထိလျှော့ချပေးနိုင်ပါတယ်။
ဖရုံစေ့မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါ၀င်ပါတယ်။ ဒါ့ကြောင့်လည်း တခြားကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေလည်း အများအပြားရှိနေပါတယ်။
ရွှေဖရုံစေ့ရဲ့ အကျိုးကျေးဇူးများ
၁။ အိပ်ယာမဝင်ခင် ရွှေဖရုံစေ့အနည်းငယ်ကို စားသုံးပေးတာဟာ ညဖက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတာကြောင့် အိပ်ရေးဝစေပါတယ်။
၂။ ရွှေဖရုံစေ့မှာ သွပ် (Zinc) ဓါတ်ကြွယ်ဝစွာပါ၀င်လို့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး အမြင်အာရုံကိုကြည်လင်စေပါတယ်။ ဒါ့အပြင် အသားအရေကိုကြည်လင်စေပြီး စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေပါတယ်။
၃။ ရွှေဖရုံစေ့ကို စားပေးတာဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။
၄။ နောက်ဆုံးအနေနဲ့ကတော့ စိတ်ဖိစီးမှုကို သက်သာစေပြီး စိတ်ကိုပျော်ရွှင်စေပါတယ်။
ဒါ့ကြောင့် ညအိပ်ယာမဝင်ခင် နာရီပိုင်းအလိုမှာ ရွှေဖရုံစေ့ကို စားပေးဖို့ အကြံပြုလိုက်ပါတယ်။
[Zawgyi]
မၾကာေသးမီက စပိန္ႏိုင္ငံရဲ့ ေလ့လာေတြ႔ရွိမႈအရ ဖရံုေစ့ဟာ ကင္ဆာဆဲလ္ေတြကို တိုက္ဖ်က္ႏိုင္တယ္လို႔ ဆိုပါတယ္။ ဖရံုေစ့မွာ ေရာင္ရမ္းမႈကို ဆန္႔က်င္တဲ့ပစၥည္း Anti-Inflammatory ပါ၀င္တာေၾကာင့္ ကင္ဆာဆဲလ္အမ်ိဳးမ်ိဳးကို တိုက္ဖ်က္ႏိုင္ပါတယ္။
ေသြးဆံုးၿပီး အမ်ိဳးသမီးေတြ စားသင့္တဲ့ ေရႊဖရံုေစ့
ေသြးဆံုးၿပီး အမ်ိဳးသမီးေတြလည္း ဖရံုေစ့ကိုစားသင့္တယ္လို႔ ဂ်မနီႏိုင္ငံက ေလ့လာေတြ႔ရွိခ်က္တစ္ခုကလည္း ေဖာ္ျပထားပါတယ္။ ဘာလို႔လဲဆိုေတာ့ ေရႊဖရံုေစ့ဟာ ရင္သားကင္ဆာ ျဖစ္ပြားမႈကို ၂၃ % ထိေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
ဖရံုေစ့မွာ ဗီတာမင္နဲ႔ သတၱဳဓါတ္ေတြ ၾကြယ္၀စြာပါ၀င္ပါတယ္။ ဒါ့ေၾကာင့္လည္း တျခားက်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးေတြလည္း အမ်ားအျပားရွိေနပါတယ္။
ေရႊဖရံုေစ့ရဲ့ အက်ိဳးေက်းဇူးမ်ား
၁။ အိပ္ယာမ၀င္ခင္ ေရႊဖရံုေစ့အနည္းငယ္ကို စားသံုးေပးတာဟာ ညဖက္မွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစတာေၾကာင့္ အိပ္ေရး၀ေစပါတယ္။
၂။ ေရႊဖရံုေစ့မွာ သြပ္ (Zinc) ဓါတ္ၾကြယ္၀စြာပါ၀င္လို႔ ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစၿပီး အျမင္အာရံုကိုၾကည္လင္ေစပါတယ္။ ဒါ့အျပင္ အသားအေရကိုၾကည္လင္ေစၿပီး စိတ္ခံစားမႈကိုလည္း ေကာင္းမြန္ေစပါတယ္။
၃။ ေရႊဖရံုေစ့ကို စားေပးတာဟာ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ရာမွာ အေထာက္အကူျဖစ္ေစပါတယ္။
၄။ ေနာက္ဆံုးအေနနဲ႔ကေတာ့ စိတ္ဖိစီးမႈကို သက္သာေစၿပီး စိတ္ကိုေပ်ာ္ရႊင္ေစပါတယ္။
ဒါ့ေၾကာင့္ ညအိပ္ယာမ၀င္ခင္ နာရီပိုင္းအလိုမွာ ေရႊဖရံုေစ့ကို စားေပးဖို႔ အႀကံျပဳလိုက္ပါတယ္။