မေ့ခြင်းဟာ မှတ်ဉာဏ်အတွက် ဘာကြောင့် ကောင်းကျိုးရှိသလဲ။ မေ့တတ်တာဟာ သင့်ကို သတိရအောင်ကူညီပေးပါတယ်။ ဟုတ်ပါတယ်။ ချီကာကိုမှာရှိတဲ့ Illinois တက္ကသိုလ်ရဲ့ သုတေသနပြုချက်အရ အရေးမကြီးတဲ့ တစ်စုံတစ်ခုကို မေ့လိုက်တာဟာ အသစ်တစ်ခုကို သင်ယူနိုင်ပါတယ်တဲ့။ တစ်ခုခုကို မမေ့ဘဲ အသစ်တစ်ခုကို လေ့လာနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ကျွန်မတို့ နေ့စဉ်ထိတွေ့ကိုင်တွယ် အသုံးပြုနေတဲ့ ပစ္စည်းလေးတွေကို ဘယ်နားထားမိလဲမမှတ်မိတာမျိုး ဖြစ်တတ်ပါတယ်။ ဖုန်းဘယ်နားထားမိသလဲမမှတ်မိတာ။ သော့ကိုဘယ်နားထားမိမှန်းမသိတာ။ မျက်မှန်ဘယ်နားထားမိမှန်းမသိတာ စတဲ့ အသေးအမွှားလေးတွေကို ဦးနှောက်ထဲ မှတ်မထားဘဲမေ့တတ်တာဟာ သင့်မှတ်ဉာဏ်အတွက် ကောင်းမွန်စေတယ်လို့ သုတေသီတွေကဆိုပါတယ်။

၂၀၀၇ ခုနှစ်ကလည်း ကျန်းမာသန်စွမ်းတဲ့ အရွယ်ရောက်သူ လူအယောက် ၂၀ကို ရိုးရှင်းတဲ့ မှတ်ဉာဏ်စမ်းသတ်မှုတစ်ခုပြုလုပ်စောင့်ကြည့်ခဲ့ပါတယ်။ ရလဒ်တွေအရ လူတွေဟာ ရှုပ်ထွေးတဲ့သတင်းအချက်အလက်တွေကို လွယ်ကူပြီး အရေးမကြီးတဲ့ ကိုယ်ထပ်ခါထပ်ခါ လုပ်မိတဲ့အကြောင်းအရာတွေထက် ပိုပြီးမှတ်မိကြတယ်လို့ ဆိုပါတယ်။

အသေးအမွှားအကြောင်းအရာတွေ အရေးမကြီးတဲ့ အကြောင်းအရာတွေကို မေ့လိုက်တာဟာ ဦးနှောက်နဲ့ မှတ်ဉာဏ်ကို ချိတ်ဆက်ပေးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့  Hippocampus မှာရှိတဲ့ အာရုံခံမှုအသစ်ကို ဖွံ့ဖြိုးစေပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အခုလို သေးသေးလေးတွေကို မေ့လိုက်တာဟာ ဦးနှောက်ထဲမှာ အရေးကြီးတဲ့ ကိစ္စတွေကို ပိုမိုမှတ်မိစေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အသေးအမွှားကိစ္စတွေကို မေ့တဲ့အခါ အရမ်းကြီး စိတ်သောကရောက်မနေပါနဲ့။ အခုလို မေ့တတ်တာဟာ သင့်ဦးနှောက်က အသုံးမဝင်တဲ့ သတင်းအချက်အလက်တွေ ကိုယ်သိပြီးသား သတင်းဟောင်းတွေကို ဦးနှောက်ထဲက ထုတ်ပေးပြီး အရေးကြီးတဲ့ သတင်းအချက်အလက်တွေအတွက် ဦးနှောက်ထဲမှာ မှတ်သားဖို့ နေရာလွှတ်သွားတယ်လို့ သုတေသီတွေက ဆိုပါတယ်။