ဆီးကို ပုံမှန်ထက် (သူများတွေထက်) အကြိမ်ခဏခဏပိုသွားချင်တာကို အလုပ်ပိုလုပ်နေတဲ့ဆီးအိမ်လို့ခေါ်တယ်။ ကြာရင် Incontinence ဆီးမလုံတာဆက်ဖြစ်နိုင်ပါတယ်။ အသက်ရလာသူတွေမှာ ဆီးကို ငယ်စဉ်ကလောက် ထိန်းမထားချင်တော့ဘူး။ ယောက်ျားဆိုရင် ဆီးကျိတ်ကြီးနေသလားဆိုတာ စစ်ရမယ်။ ကျားရောမပါ ဆီးချိုစစ်ရမယ်။

ပြုပြင်ထိန်းသိမ်းနည်းတွေရှိပါတယ်။ အမူအယာဗျူဟာလို့ခေါ်တယ်။ သောက်တဲ့အရည်ကိုထိန်းရမယ်။ ကဖိန်းပါ ကော်ဖီ၊ လက်ဖက်ရည် မသောက်သင့်ပါ။ အရက် မသောက်သင့်ပါ။ ဘီယာဆိုးတယ်။ ဆီးထိန်းထားနည်း လေ့ကျင့်ရမယ်။ မရသေးရင် နောက်တဆင့် တက်နိုင်တယ်။
Kegel exercises ကီဂယ်လေ့ကျင့်ခန်းလုပ်ပါ။  ကိုယ်အလေးချိန် များနေရင် လျော့ပါ။

ဆီးသွားတိုင်း ၂ ခါသွားပြီးနည်းအောင်ကြိုးစားပါ။ ပထမတခါသွားပြီး မိနစ်ပိုင်းအတွင်း ထပ်သွားလိုက်ပါဦး။ ရေအိမ်သာဝင်တာကို အချိန်သတ်မှတ်ပြီးသွားကြည့်ပါ။ လိုအပ်ရင် မကြာမကြာ ဆီးပိုက်နဲ့ ဆီးခြူပါ။ ပိုးမဝင်စေမယ့်နည်း သင်ယူထားပါ။ Absorbent pads ဆီးခံပဒ် သုံးပါ။
ဆေးတွေလည်းရှိတယ်။ ဆရာဝန်ကညွှန်ကြားမှသာ သုံးသင့်တယ်။ ဆေးတွေက အာခေါင်ခြောက်စေနိုင်တယ်။ ဝမ်းချုပ်စေနိုင်တယ်။

  • Tolterodine (Detrol)
  • (Ditropan XL)
  • Oxybutynin as a skin patch (Oxytrol)
  • Oxybutynin gel (Gelnique)
  • Trospium (Sanctura)
  • Solifenacin (Vesicare)
  • Darifenacin (Enablex)
  • Mirabegron (Myrbetriq)
  • Fesoterodine (Toviaz)
  • OnabotulinumtoxinA ခေါ် Botox ဆေးကို ဆီးအိမ်ကိုထိုးပေးနည်းလည်းရှိတယ်။ ခွဲစိတ်ကုသနည်းလည်းရှိတယ်။ ဆီးအိမ်ကိုချဲ့နည်းနဲ့ ထုတ်ပစ်နည်းတွေလည်းရှိတယ်။

စိတ်ဖိအားများရင်လည်း ဆီးခဏခဏသွားချင်တယ်။ စိတ်ကျရောဂါရှိသူလည်း အဲလိုပါပဲ။ အိပ်ရေးပျက်သူတွေလည်း ဖြစ်တတ်တယ်။ ဆီးသွားများစေတဲ့အကြောင်းအရင်းတွေရှိတယ်။ တနေ့မှာ ဆီးပုံမှန်က ၂ လီတာအထိသွားပါတယ် ။ အသက်အရွယ်နဲ့ ရာသီဥတုအပြင် သောက်တဲ့ ရေနဲ့အရည်တွေအပေါ်မူတည်ပါတယ်။ လူကြီးတယောက် ပုံမှန်ရက်တွေမှာ တနေ့ ၂ လီတာခွဲသွားထက်များရင် စစ်ဆေးသင့်တယ်။ ဆီးချိုနဲ့ ကျောက်ကပ်ကျောက်ကို သံသယထားသင့်တယ်။ ညအချိန်မှာသာများတာကို Nocturnal polyuria (Nocturia) လို့ခေါ်တယ်။

  • Bladder infection ဆီးအိမ်ပိုးဝင်ခြင်း (ကလေးတွေအဖြစ်များ)
  • Urinary incontinence ဆီးမလုံခြင်း (အမျိုးသမီးတွေအဖြစ်များ)၊
  • Diabetes ဆီးချို (အရွယ်-ကျား-မ မရွေး)၊
  • Interstitial nephritis ကျောက်ကပ်ရောင်ခြင်း၊
  • Kidney failure ကျောက်ကပ်အလုပ်မနိုင်ခြင်း၊

  • Kidney stones ကျောက်ကပ်ကျောက်၊
  • Psychogenic polydipsia စိတ်ကြောင့်ရေငတ်လွန်ရောဂါ၊
  • Sickle cell anemia သွေးအားနည်းရောဂါတမျိုး၊
  • BPH ဆီးကျိတ်ကြီးခြင်း (အသက်ကြီးယောက်ျားအဖြစ်များ)၊
  • Diuretics ခေါ်ဆီးဆေးတွေဖြစ်တဲ့ Chlorothiazide, hydrochlorothiazide, eplerenone, triamterene, bumetanide and furosemide တွေကနေ ဆီးသွားများစေတယ်။ သွေးတိုးနဲ့ ကိုယ်ရောင်သူတွေကိုပေးတယ်။

တချို့ဆေးတွေမှာ ဆီးသွားများစေတဲ့ ဘေးထွက်သက်ရောက်မှုတွေရှိတယ်။