ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကိုယ်တွင်း အင်္ဂါတိုင်းက ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဒါပေမယ့် တချိုု့ အင်္ဂါတွေလို ဥပမာ နှလုံးလို အသက်ရှင်ဖို့မရှိမဖြစ် အရေးကြီးတဲ့ အင်္ဂါတွေရှိသလို ရောဂါတစ်ခုခုကြောင့် ဖယ်ထုတ်လိုက်လည်း အသက်ရှင်နိုင်တဲ့ အင်္ဂါတွေလည်း ရှိပါတယ်။

အူအတက် (The appendix)

အူအတက်က သေးငယ်ပြီး အူမကြီးနဲ့ တွဲလျက်ရှိနေပါတယ်။ ဝမ်းဗိုက်ရဲ့ အောက်ဘက် ညာဘက်အခြမ်းမှာရှိနေပါတယ်။ အူအတက်ရောင်ရမ်းရင်လည်း အသက်အန္တရာယ်အတွက် စိုးရိမ်ရပါတယ်။ အူအတက်ကို ဖယ်ထုတ်လိုက်ရင် ကျန်းမာရေး ဆိုးကျိုးကြီးကြီးမားမား မရှိပါဘူး။

ဘေလုံး (The Spleen)

ဘေလုံးက ဝမ်းဗိုက်မှာတည်ရှိပြီး သွေးတွေကို စစ်ထုတ်တာ၊ ရောဂါ ပိုးမွှားတွေကို တိုက်ဖျက်ရာမှာ ကူညီပေးပါတယ်။

ဘေလုံးကို ကျန်းမာရေးအရ ထုတ်လိုက်ရရင်လည်း အသက်ဆက်ရှင်နိုင်ပါတယ်။ ရောဂါပိုးမွှားမဝင်အောင် ဂရုစိုက်ပြီးနေထိုင်ရင် လူကောင်းတစ်ယောက်လိုနေနိုင်ပါတယ်။

ကျောက်ကပ်

ကျောက်ကပ်က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပြီး သွေးတွေသန့်စင်ရာမှာ အရေးကြီးပါတယ်။ အဆိပ်အတောက်တွေကို ဆီးကနေလည်း စွန့်ထုတ်ပေးပါတယ်။

ဒါပေမယ့် လူတွေမှာ ကျောက်ကပ် ၂ လုံးပါဝင်ပြီး အသက်ရှင်ဖို့အတွက်ဆိုရင် ကျောက်ကပ် ၁ လုံးတည်းနဲ့အဆင်ပြေပါတယ်။ ကျောက်ကပ်တစ်လုံးတည်းနဲ့ ပုံမှန်လူတွေအတိုင်း အသက်ရှင်နေထိုင်လို့ရပါတယ်။

သည်းခြေအိတ် (The Gallbladder)

သည်းခြေအိတ်က သေးငယ်ပြီး အစိမ်းရောင် ရှိပါတယ်။ အသည်းရဲ့ အနောက်မှာရှိပါတယ်။ အစာခြေစနစ်ကို အထောက်အကူပြုပါတယ်။

သည်းခြေအိတ်ထုတ်ထားတဲ့သူတွေလည်း ဂရုစိုက်ရင် ဘဝကို တခြားသူတွေလိုဘဲ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါတယ်။