ကလေးတွေက သူတို့နဲ့ အနီးကပ်နေတဲ့သူ၊ ချစ်သူ၊ ဂရုစိုက်သူနဲ့ အထူးသဖြင့် မိဘတွေကို အရမ်းတွယ်တာ တတ်ကြပါတယ်။

ကလေးအရွယ်မှာ ကိုယ်ချစ်ခင်နှစ်သက်သူ အထူးသဖြင့် မိဘတွေနဲ့ ခွဲခွာရတဲ့သူတွေ အသက်ကြီးလာတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ ခံစားရနိုင်ပါတယ်။

လူတွေက တခြားသူတွေကို အလွယ်တကူ အကဲဖြတ် ဝေဖန်တတ်ကြပါတယ်။ တကယ်တမ်းတော့ သူ့ဘဝက ဘယ်လောက် ခက်ခဲကြမ်းတမ်းခဲ့လို့ ဒီလို ဖြစ်သလဲဆိုတာကို ထည့်ပြီး စဉ်းစားနိုင်လေ့မရှိပါဘူး။

သူငယ်ချင်း၊ မိဘ၊ ချစ်သူ တို့နဲ့ ခွဲခွာရတဲ့အခါမှာ အနည်းနဲ့ အများတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတတ်ပါတယ်။ ဒါကြောင့် အဲ့လို အချိန်မျိုးကို ပတ်ဝန်းကျင်၊ သူငယ်ချင်း၊ မိဘများက နားလည် သဘောပေါက်ပြီး နှစ်သိမ့်ပေးဖို့ လိုအပ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိသလိုမျိုး ခံစားရခြင်း

ငယ်စဉ်က ကိုယ့်ကို စောင့်ရှောက်ပေးသူ၊ ချစ်သူ ခင်သူတွေနဲ့ ခွဲခွာရတဲ့သူဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိသလိုမျိုး ခံစားရတတ်ပါတယ်။ ဒီလို လုံခြုံမှုမရှိသလိုမျိုးက နေ့စဉ်နဲ့အမျှခံစားရတတ်ပါတယ်။

တစ်ယောက်တည်း နေတတ်ခြင်း

ငယ်စဉ်က ခွဲခွာမှုကို ပြင်းပြင်းထန်ထန် ခံစားရဖူးသူက တစ်ယောက်တည်း နေတတ်ကြပါတယ်။ လူတစ်ယောက်ကို ယုံကြည်ဖို့၊ ချစ်ဖို့ကြောက်သွားတတ်တာကြောင့် တခြားသူတွေနဲ့ သိပ်အဆက်အဆံမလုပ်ဘဲ တစ်ယောက်တည်း နေတတ်ကြပါတယ်။

လူတစ်ယောက်ကို ချစ်ပြီဆိုလည်း အရမ်းချစ်တတ်တယ်

အရမ်း ဝမ်းနည်းဖွယ်ရာကောင်းတဲ့ ခွဲခွာခြင်းကို ငယ်စဉ်က ကြုံဖူးတဲ့သူတစ်ယောက်ဟာ လူတွေကို လွယ်လွယ်နဲ့ မပေါင်းချင်ဘဲ တစ်ယောက်တည်း နေတတ်ပါတယ်။ ဒါပေမယ့် ကိုယ်တကယ်ခင်ပြီ ဆိုလည်း အရမ်းကို ခင်၊ ချစ်ပြီဆိုလည်း အရမ်း ချစ်တတ်ကြပါတယ်။

အချစ်ရေးမှာလည် အဆင်မပြေတတ်

အရမ်းချစ်နေပေမယ့် တစ်ဖက်သားကို ယုံကြည်ရမှာ ကြောက်သလိုဖြစ်ပြီး အမြဲတမ်း မယုံသကာ် စိတ်တွေ ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင် ကိုယ့်ကို ပြန်ထိန်းသင့်ပြီး လက်တွဲဖော်ကလည်း ဖေးမ ကူညီပေးသင့်ပါတယ်။

စိတ်ဓာတ်ကျ၊ ကိုယ့်ကိုကို ယုံကြည်မှုနည်း

တချို့တွေက ငယ်စဉ်က စိတ်ဒဏ်ရာကြောင့် စိတ်ဓာတ်ကျတာတို့ ကိုယ့်ကိုကို ယုံကြည်မှုနည်းတာတို့ ဖြစ်တတ်ပါတယ်။