[Unicode]
လူအများစုသည် တခါတလေတွင် အင်မတန်ပူလောင်သည့်အစားအစာများကို အမှတ်တမဲ့ဖြင့် ပါးစပ်ထဲရောင်ရမ်းပြီးထည့်တတ်ကြပါတယ်။ ထိုကဲ့သို့ လျှာပေါ်တွင်အပူလောင်ဒဏ်ရာရရှိသွားခြင်းသည် သင့်အရသာခံအာရုံပေါ်တွင် သက်ရောက်မှုရှိလာနိုင်ပါတယ်။ အနည်းငယ်မျှလောင်ကျွမ်းမှုရှိသွားရုံနှင့်ပင် စားသောက်သည့်အခါ သို့မဟုတ် အနွေးတစ်ခုခုကို သောက်သုံးသည့်အခါများတွင် ခံစားရခက်စေမှာဖြစ်ပါတယ်။
ထို့ကြောင့် လျှာအပူလောင်သွားပြီဆိုသည်နှင့် သက်သာမှုရှိစေရန် လုပ်ဆောင်နိုင်မည့် သဘာဝနည်းလမ်းကောင်းလေးအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ ပါးစပ်ဖြင့်အသက်ရှူပါ။
ပူတာ၊ စပ်တာ တစ်ခုခုစားသုံးလိုက်မိပြီဆိုသည်နှင့် ချက်ချင်းထွေးပစ်၍ လျှာကိုထုတ်ကာအသက်စတင်ရှူပေးပါ။ လေအေးသည် အပူလောင်ဒဏ်ရာကို အေးမြစေသောကြောင့် သက်သာရာရသည့်အချိန်အထိ ဆက်လက်လုပ်ဆောင်ပေးပါ။
၂။ အေးတာတစ်ခုခုသောက်ပေးပါ။
နောက်ထပ်နည်းလမ်းတစ်ခုကတော့ လျှာအပူလောင်ပြီဆိုသည်နှင့် ရေခဲတုံး၊ ရေခဲချောင်း၊ အအေး၊ ရေအေးတို့ကဲ့သို့သော အေးတာတစ်ခုခုကို ချက်ချင်းသောက်သုံးပေးပါ။ ထိုသို့ပြုလုပ်ပေးခြင်းသည် ရောင်ရမ်းခြင်းနှင့် တစ်သျှူးစများပျက်စီးမှုတို့ ဖြစ်ပေါ်လာခြင်းကို လျော့ချပေးပါတယ်။
၃။ ရေပူဖြင့်ပလုပ်ကျင်းပေးပါ။
ဆားသည်ပါးစပ်အတွင်း ရောဂါများဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်သောကြောင့် ဆားရေနွေးကိုအသုံးပြုခြင်းက အကောင်းဆုံးပဲဖြစ်ပါတယ်။ ရေနွေးတစ်ခွက်ထဲတွင် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ဆားကိုထည့်ပြီး ပါးစပ်ထဲတွင် စက္ကန့်သုံးဆယ်ခန့်ပလုပ်ကျင်းပြီးနောက် ထွေးထုတ်ပစ်နိုင်ပါတယ်။
၄။ ပျားရည်
လက်ဖက်ရည်ဇွန်းတစ်ဇွန်းရှိ ပျားရည်ကို အပူလောင်ထားသောလျှာပေါ်တွင် ကြာနိုင်သမျှကြာအောင် ထားပြီးမှ မျိုချပေးပါ။
၅။ ရှားစောင်းလက်ပတ်
အပင်မှကော်ယူထားသော ရှားစောင်းလက်ပတ်အနှစ်အား အပူလောင်ခြင်းသက်သာစေရန်အတွက် လျှာပေါ်တွင်သုတ်လိမ်းပေးပါ။ နောက်တနည်းအနေဖြင့် ရှားစောင်းလက်ပတ်အနှစ်ကို ရေခဲတုံးအတွင်းထည့်ခဲကာ မှန်မှန်စားသုံးပေးနိုင်ပါတယ်။
၆။ ဒိန်ချဉ်
ဒိန်ချဉ်သည် အပူဓာတ်ကိုဖယ်ရှားပေးပြီး လောင်ကျွမ်းထားသောလျှာ၏ နာကျင်ခံစားရမှုကို သက်သာရာရစေနိုင်ပါတယ်။
၇။ သကြား
လက်ဖက်ရည်ဇွန်းတစ်ဇွန်းရှိသကြားကို လျှာပေါ်တွင်တင်ပေးပါ။ သကြားများအရည်ပျော်သွားစေရန်အတွက် အာခေါင်နှင့်ကပ်ဖိထားပေးပါ။ သတိပေးချက် – သွေးချိုပမာဏမြင့်မားသူများ မပြုလုပ်ဖို့အကြံပေးချင်ပါတယ်။
[Zawgyi]
လူအမ်ားစုသည္ တခါတေလတြင္ အင္မတန္ပူေလာင္သည့္အစားအစာမ်ားကို အမွတ္တမဲ့ျဖင့္ ပါးစပ္ထဲေရာင္ရမ္းၿပီးထည့္တတ္ႀကပါတယ္။ ထိုကဲ့သို႕ လွ်ာေပၚတြင္အပူေလာင္ဒဏ္ရာရရွိသြားျခင္းသည္ သင့္အရသာခံအာရံုေပၚတြင္ သက္ေရာက္မႈရွိလာႏိုင္ပါတယ္။ အနည္းငယ္မွ်ေလာင္ကၽြမ္းမႈရွိသြားရံုႏွင့္ပင္ စားေသာက္သည့္အခါ သို႕မဟုတ္ အေႏြးတစ္ခုခုကို ေသာက္သံုးသည့္အခါမ်ားတြင္ ခံစားရခက္ေစမွာျဖစ္ပါတယ္။
ထုိ႕ေႀကာင့္ လွ်ာအပူေလာင္သြားၿပီဆိုသည္ႏွင့္ သက္သာမႈရွိေစရန္ လုပ္ေဆာင္ႏိုင္မည့္ သဘာ၀နည္းလမ္းေကာင္းေလးအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ရပါတယ္။
၁။ ပါးစပ္ျဖင့္အသက္ရွဴပါ။
ပူတာ၊ စပ္တာ တစ္ခုခုစားသံုးလိုက္မိၿပီဆိုသည္ႏွင့္ ခ်က္ခ်င္းေထြးပစ္၍ လွ်ာကိုထုတ္ကာအသက္စတင္ရွဴေပးပါ။ ေလေအးသည္ အပူေလာင္ဒဏ္ရာကို ေအးျမေစေသာေႀကာင့္ သက္သာရာရသည့္အခ်ိန္အထိ ဆက္လက္လုပ္ေဆာင္ေပးပါ။
၂။ ေအးတာတစ္ခုခုေသာက္ေပးပါ။
ေနာက္ထပ္နည္းလမ္းတစ္ခုကေတာ့ လွ်ာအပူေလာင္ၿပီဆုိသည္ႏွင့္ ေရခဲတံုး၊ ေရခဲေခ်ာင္း၊ အေအး၊ ေရေအးတို႕ကဲ့သို႕ေသာ ေအးတာတစ္ခုခုကို ခ်က္ခ်င္းေသာက္သံုးေပးပါ။ ထုိသုိ႕ျပဳလုပ္ေပးျခင္းသည္ ေရာင္ရမ္းျခင္းႏွင့္ တစ္သွ်ဴးစမ်ားပ်က္စီးမႈတို႕ ျဖစ္ေပၚလာျခင္းကို ေလ်ာ႕ခ်ေပးပါတယ္။
၃။ ေရပူျဖင့္ပလုပ္က်င္းေပးပါ။
ဆားသည္ပါးစပ္အတြင္း ေရာဂါမ်ားျဖစ္ပြားမႈမွ ကာကြယ္ေပးႏိုင္ေသာေႀကာင့္ ဆားေရေႏြးကိုအသံုးျပဳျခင္းက အေကာင္းဆံုးပဲျဖစ္ပါတယ္။ ေရေႏြးတစ္ခြက္ထဲတြင္ လက္ဖက္ရည္ဇြန္းတစ္၀က္ခန္႕ဆားကိုထည့္ၿပီး ပါးစပ္ထဲတြင္ စကၠန္႕သံုးဆယ္ခန္႕ပလုပ္က်င္းၿပီးေနာက္ ေထြးထုတ္ပစ္ႏုိင္ပါတယ္။
၄။ ပ်ားရည္
လက္ဖက္ရည္ဇြန္းတစ္ဇြန္းရွိ ပ်ားရည္ကို အပူေလာင္ထားေသာလွ်ာေပၚတြင္ ႀကာႏုိင္သမွ်ႀကာေအာင္ ထားၿပီးမွ မ်ိဳခ်ေပးပါ။
၅။ ရွားေစာင္းလက္ပတ္
အပင္မွေကာ္ယူထားေသာ ရွားေစာင္းလက္ပတ္အႏွစ္အား အပူေလာင္ျခင္းသက္သာေစရန္အတြက္ လွ်ာေပၚတြင္သုတ္လိမ္းေပးပါ။ ေနာက္တနည္းအေနျဖင့္ ရွားေစာင္းလက္ပတ္အႏွစ္ကို ေရခဲတံုးအတြင္းထည့္ခဲကာ မွန္မွန္စားသံုးေပးႏိုင္ပါတယ္။
၆။ ဒိန္ခ်ဥ္
ဒိန္ခ်ဥ္သည္ အပူဓာတ္ကိုဖယ္ရွားေပးၿပီး ေလာင္ကၽြမ္းထားေသာလွ်ာ၏ နာက်င္ခံစားရမႈကို သက္သာရာရေစႏုိင္ပါတယ္။
၇။ သႀကား
လက္ဖက္ရည္ဇြန္းတစ္ဇြန္းရွိသႀကားကို လွ်ာေပၚတြင္တင္ေပးပါ။ သႀကားမ်ားအရည္ေပ်ာ္သြားေစရန္အတြက္ အာေခါင္ႏွင့္ကပ္ဖိထားေပးပါ။ သတိေပးခ်က္ – ေသြးခ်ိဳပမာဏျမင့္မားသူမ်ား မျပဳလုပ္ဖုိ႕အႀကံေပးခ်င္ပါတယ္။