ဆီးထဲသွေးပါခြင်းအကြောင်းရင်းများ

၁။ Urinary tract infections ဆီးလမ်းပိုးဝင်ခြင်း၊

၂။ Pyelonephritis ကျောက်ကပ်ရောင်ခြင်း၊

၃။ Bladder or Kidney stone ဆီးအိမ် သို့မဟုတ် ကျောက်ကပ်ကျောက်၊

၄။ Enlarged prostate ယောက်ျားဆီးကျိတ်ကြီးနေခြင်း၊

၅။ Kidney disease ကျောက်ကပ်ရောဂါ၊ ဥပမာ Glomerulonephritis ရောဂါ၊ Viral or strep ပိုးဝင်ခြင်း၊ Vasculitis ရောဂါ၊ IgA nephropathy ရောဂါ၊

၆။ Cancer ဆီးလမ်းကင်ဆာ၊

၇။ Sickle cell anemia သွေးအားနည်းရောဂါ၊

၈။ Kidney injury ကျောက်ကပ်ထိခိုက်ခံရခြင်း၊

၉။ Medications ဆေးတချို့၊ ဥပမာ aspirin နဲ့ heparin ဆေး။၊

၁ဝ။ Strenuous exercise လေ့ကျင့်ခန်း အပြင်အထန်လုပ်ခြင်း၊

၁၁။ အကြောင်းရှာမရခြင်း။

အဖြစ်များတဲ့ ယောက်ျားတွေမှာ ဆီးထဲသွေးပါခြင်း အကြောင်းရင်းများ

  • ကျောက်ကပ်ကျောက်၊ ဆီးအိမ်ကျောက်၊
  • ကျောက်ကပ်၊ ဆီးအိမ်၊ ဆီးလမ်း ထိခိုက်ဒဏ်ရာရခြင်းများ၊
  • ကျောက်ကပ်ရောဂါများ၊ လိင်ကတဆင့်ကူးစက်ရောဂါများ၊ ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်း၊ ကင်ဆာ၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ ဆီးလမ်းပိတ်နေခြင်း၊
  • Phenytoin, Quinine, Rifampin ဆေးတွေကြောင့်ဖြစ်ခြင်း

ရှားပါးတဲ့အကြောင်းရင်းတွေ

  • Sickle cell anemia မွေးရာပါ သွေးအားနည်းရောဂါ၊
  • Von Hippel-Landau disease မွေးရာပါ ကျောက်ကပ်၊ ကျားအစိနှင့် ခါးဆစ် ရောဂါ၊
  • Systemic Lupus Erythatosus (SLE) လူးပတ်စ်ရောဂါ၊

ဆီးထဲသွေးပါနေတာကို ရိုးရိုးမျက်စိနဲ့ မြင်ရတာရှိသလို မှန်ဘီလူးနဲ့စစ်မှသိတာလည်းရှိတယ်။ ဆီးအရောင်နီရဲနေတာ၊ နီညိုနေတာလည်းဖြစ်နိုင်တယ်။

ရောဂါအကြောင်းရင်းအလိုက်တွဲရှိနေတဲ့ရောဂါလက္ခဏာတွေလည်းရှိပါမယ်။