ညှင်းဟာ နွေရာသီတွင်း အရေပြးပေါ်မှာ ဖြစ်ပေါ်တတ်တဲ့ မှိုစိုစိုကြောင့် ဖြစ်ပေါ်ရတာပါ။ အဖြူရောင် အစက်အပျောက်ပုံ ဖြစ်ပြီးတော့ လည်ပင်နားတစ်ဝိုက်နဲ့ ခန္တာကိုယ်တွေမှာ ပျံ့နှံ့တတ်တဲ့ ရောဂါတစ်မျိုးပါ။ ခန္တာကိုယ်အပေါ်ပိုင်းမှာ အဖြစ် များပါတယ်။

Source: cerapura.com.br

အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိပေမဲ့ စာဖတ်သူတွေအတွက် သဘာဝနည်းလမ်းကောင်းကိုမျှဝေလိုက်ပါတယ်။

ဘာလို့ ပွေးဖြစ်ရတာလဲ

ကိုယ်ခံအားစနစ်မကောင်းခြင်း

ချွေးထွက်များခြင်း

အသားနေလှန်းလို့ နဲ့ ပူနွေးတဲ့နေရာတွေမှာ အနားယူ အိပ်စက်ခြင်း

အသားအရေ အဆီပြန်ခြင်း

ဒိန်ချဉ်

Source: Fine Cooking

ဒိန်ချဉ်ဟာ အန္တရာယ်ရှိတဲ့ ဇီဝသက်ရှိအကောင်သေးသေးလေးတွေကို တိုက်ဖျက်ရာမှာ သိပ်ကိုအသုံးဝင်ပါတယ်။ ဒိန်ချဉ် (သို့) ပရိုဘိုင်အိုးတစ် (Probiotic Sugar) သကြား ကို ညှင်းဖြစ်နေတဲ့နေရာတွေမှာ လိမ်းပေးပြီး အခြောက်ထားပါ။ ပြီးရင် ရေဆေးချပါ။ တစ်နေ့ကို အကြိမ်ပေါင်းများစွာလုပ်နိုင်ပါတယ်။

ပန်းသီးရှာလကာရည်

Source: wonderflavours.com

ပန်းသီးရှာလကာရည်ကလည်း မှိုရောဂါတွေကို ပျောက်ကင်းစေပါတယ်။ ရှာလကာရည်ကို ရေနဲ့ ဆတူရောပြီး ဝါဂွမ်းနဲ့စွတ်လိုကာ ညှင်းရှိတဲ့နေရာတွေမှာ လိမ်းပေးပြီး ခြောက်အောင်ထားပါ။ ပြီးရင်ရေဆေးချပါ။ မိမိကြိုက်သလောက်လုပ်နိုပါတယ်။

Tea Tree Oil

Tea Tree Oil ကလည်း မှိုရောဂါအတွက် အထူးကောင်းမွန်ပါတယ်။ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့ လကဖက်ဆီ ၅ စက်ကနေ ၇ စက်လောက်ထည့်ပြီး ဝါဂွမ်းနဲ့တို့ကာ ညှင်းရှိတဲ့နေရာတွေမှာ လိမ်းပေးပါ။ မိမိကြိုက်သလောက်လိမ်းပေးနိုင်ပါတယ်။