ငါးတွေမှာ ပရိုတင်းဓာတ်တွေ၊ Omega 3 Fatty အက်ဆစ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ Omega 3 Fatty အက်ဆစ်က ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အဆီဓာတ်တွေဖြစ်ပါတယ်။
Omega 3 Fatty အက်ဆစ်က ဦးနှောက်နဲ့ နှလုံး ကျန်းမာရေးအတွက် အဓိက အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်ပါတယ်။
အဲ့ဒီအပြင် နှလုံးရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျော့ချပေးနိုင်တာကြောင့် အမေရိကန် နှလုံး အဖွဲ့အစည်းက အဆီဓာတ်များတဲ့ ဆယ်မွန်၊ တူနာ၊ ဆာဒင်း စသည့်ငါးတွေကို အများဆုံး စားဖို့ တိုက်တွန်းထားပါတယ်။
Alaskan Salmon
မွေးမြုရေး ဆယ်မွန် (Salmon) ငါးနဲ့ အရိုင်း ဆယ်မွန် ငါး တို့ရဲ့ ကျန်းမာရေး အာနိသင်နဲ့ ပတ်သက်ပြီး ငြင်းခုံနေကြတာတွေရှိပါတယ်။ မွေးမြူရေး ဆယ်မွန်ငါးက အနည်းငယ်ဈေးသက်သာပေမယ့် ဗီတာမင်ဓာတ်၊ သတ္တုဓာတ် ပါဝင်မှုနှုန်းက ဆယ်မွန် ငါး အရိုင်းထက်စာရင် နည်းပါတယ်။ ကယ်လိုရီပါဝင်မှုနဲ့ ပြည့်ဝဆီပါဝင်မှုလည်းများပါတယ်။
ဆယ်မွန်ငါးတွေကတော့ ကျန်းမာရေးအတွက်ကောင်းတာကြောင့် အဆင်ပြေရင် ဆယ်မွန်ငါးအရိုင်းကို စားသင့်ပြီး မွေးမြူရေး ဆယ်မွန်ငါးကို စားလည်း အရမ်းကြီး ကွာခြားမှုမရှိပါဘူး။
Cod ငါး
ရေငန်မှာတွေ့ရတဲ့ ငါးတစ်မျိုးဖြစ်ပြီး အသားကလည်း နူးညံ့လှပါတယ်။ သူ့မှာ Phosphorus, Niacin နဲ့ ဗီတာမင် B-12 တို့ ကြွယ်ဝစွာပါဝင်ပါတယ်။
ချက်ထားတဲ့ ၃ အောင်စလောက်ရှိတဲ့ Cod ငါးမှာဆိုရင် ပရိုတင်း ၁၅ ဂရမ်ကနေ ၂၀ ဂရမ်ကြားပါဝင်ပြီး အဆီ ၁ ဂရမ်ပါဝင်ပြီး ကယ်လိုရီကတော့ ၉ ၀ အောက်လျော့နည်းပါတယ်။
Herring ငါး
Sardines ဆာဒင်း လိုငါးမျိုးဖြစ်ပြီး အရသာလည်း ခပ်ဆင်ဆင်ပါဘဲ။ ကင်စားလို့ ကောင်းတဲ့ အစားအစာမျိုးပါ။ ဆိုဒီယမ် ပါဝင်မှုများတာကြောင့် သွေးတိုးရှိသူတွေ မစားသင့်သလို သာမန်လူတွေလည်း အများကြီးမစားသင့်ပါဘူး။
Sardines ငါး
ငါးသေတ္တာ ငါး လို့လူသိများကြတဲ့ Sardines ငါးဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ကောင်းတဲ့ အဆီဓာတ်ပါဝင်မှုများတဲ့ ငါးဖြစ်ပြီး ဗီတာမင်ဓာတ်တွေလည်း ကြွယ်ဝပါတယ်။
တူနာငါး
တူနာငါးလည်း ငါးသေတ္တာအနေနဲ့လာတာများပါတယ်။ တူနာငါးအစိမ်းဆိုရင် မီးပြင်းပြင်းနဲ့ချက်ရင် အရသာပိုရှိပြီး အာဟာရဓာတ်လည်း ကြွယ်ဝပါတယ်။