နယ်ဘက်တွေကို ခရီးသွားမှ ပျားအန္တရာယ်ရှိတာမဟုတ်ပါဘူး။ တခါတလေ မြို့တွင်း သွားလာရင်းနဲ့လည်း ပျားတုပ်ခံရတတ်ပါတယ်။ ပျားတုပ်တာကလည်း တခါတလေ အသက်အန္တရာယ်ကို ထိခိုက်စေပါတယ်။

ပျားတုပ်ခံရရင် နီးစပ်ရာ ဆေးခန်း ကိုသွားပါ သို့မဟုတ် ဆေးရုံကားကို ခေါ်ပါ

ပျားတုပ်ခံရပြီးနောက် ခေါင်းမူးမယ်၊ လျှာတွေလေးပြီး ရောင်ရမ်းမယ်၊ အသားအရေတွေ ယားယံလာမယ် နဲ့ အသက်ရှူဖို့ ခက်ခဲတာတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ပျားတုပ်ခံရပြီးရင် နီးစပ်ရာဆေးခန်းကို သွားပါ။ ဆေးခန်းကို သွားနိုင်တဲ့အခြေအနေ မရှိရင် ဆေးရုံကားကို ခေါ်ပါ။

ပျားရဲ့ အဆွယ်ကိုဖယ်ပါ။

ပျားတုပ်ခံရရင် ပျားရဲ့ အဆွယ်က တုပ်ခံရတဲ့နေရာမှာ ကျန်နေတတ်ပါတယ်။ ကိုယ့်မှာရှိတဲ့ credit ကဒ်ဖြစ်ဖြစ်၊ လက်မနဲ့ ညှပ်ပြီး ဆွဲထုတ်တာဖြစ်ဖြစ်၊ တစ်ခုခုနဲ့ ဆွဲထုတ်ပါ။ အဲ့ဒီ တုပ်ခံရတဲ့နေရာကို သေချာဂရုစိုက်ပြီး ဆေးကြောပါ။

အဆွယ်ကိုထုတ်တဲ့အခါမှာလည်း အသားကိုအရမ်း ညှစ်ပြီး ထုတ်ရင် အဆိပ်တွေကို အသားထဲကို ထပ်ဝင်နိုင်တာကြောင့် ဂရုစိုက်သင့်ပါတယ်။

ရေခဲနဲ့ ဖိပါ

အတုပ်ခံရတဲ့နေရာက ယောင်ပြီး ဖောင်းလာတတ်ပါတယ်။ ဒါကြောင့် အဲ့ဒီနေရာကို ရေခဲနဲ့ ဖိလိုက်ပါ။ အကောင်းဆုံးကတော့ ရေခဲကို အဝတ်တစ်ခုထဲထည့်ပြီး ဒဏ်ရာပေါ်မျာ ဖိဖိပေးပါ။

တုပ်ခံရတဲ့နေရာကို ဆေးကြောပါ

အတုပ်ခံရတဲ့နေရာကို ဆပ်ပြာနဲ့ ဆေးကြောပါ။ ပြီးရင် ပျားရည် သို့မဟုတ် သွားတိုက်ဆေးကို လိမ်းပေးပါ။ ပျားရည်လိမ်းထားရင် ၁ နာရီလောက်ထားထားပေးပါ။ သွားတိုက်ဆေးဆိုရင်တော့ မိနစ် ၂၀ ကနေ ၃၀ ကြားလိမ်းပေးထားပါ။ ပြီးရင် ရေဆေးချပါ။