လူမျိုးအများစုရဲ့ တိုင်းရင်းဆေးတွေက သဘာ၀ သစ်ဥ၊ သစ်ဖု၊ ဆေးဘက်ဝင် အပင်များကို အသုံးပြုပြီး ရောဂါများကို ကုသခဲ့ကြတာပါ။

ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာများကို ဖော်ပြပေးသွားပါမယ်။

မူးဝေအော့အန်တာတွေအတွက် ဂျင်း

ဂျင်းမှာ ဆာလဖာတွေကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာတဲ့ တစ်ရှူးတွေ ကို ပြန်လည် ပြင်ဆင် ထိန်းသိမ်းဖို့အတွက် အရေးကြီးသလို ဆံပင်၊ အရေပြားနဲ့ လက်သည်း ကျန်းမာရေးတို့ကိုလည်း ထိန်းသိမ်းပေးပါတယ်။

ဂျင်းမှာ ဗီတာမင် ဘီ ၆ ဖြစ်တဲ့ ဇီဝကမဖြစ်စဉ်ကို အထောက်အကူပြုပေးတဲ့ ဓာတ်ပါဝင်ပါတယ်။

လတ်လတ်ဆတ်ဆတ် ဂျင်းမှာ အစာခြေတဲ့ အင်ဇိုင်းတွေ ပါဝင်တာကြောင့် အစာခြေစနစ်ကို ထောက်ပံ့ပေးပါတယ်။

မူးေ၀ အော့အန်တာတွေအတွက်လည်း ဂျင်းကကောင်းပါတယ်။ မနက်ခင်းတိုင်း မူးေ၀ အော့အန် တတ်တာတွေ၊ ကိုယ်ဝန်ရှိလို့မူးေ၀ အော့အန်တတ်ရင် ဂျင်းအစိမ်းကို စားသင့်ပါတယ်။

အားရှိဖို့အတွက် ဂျင်ဆင်း

ဂျင်ဆင်းပင်တွေက အသက် ၇ နှစ်၊ ၈ နှစ်ဝန်းကျင်လောက်မှာ စတင်အစွမ်းရှိကြပြီး အသက် ၁၂ နှစ်၊ ၁၃ နှစ်လောက်မှာ သေကြပေမယ့် အဲ့ဒီ အသက်မှာမသေရင် မသေတော့ပါဘူး။ အဲ့လို မသေတော့တဲ့ နှစ်ဆယ်ပေါင်းများစွာ သက်တမ်းရှိတဲ့ ဂျင်ဆင်းပင်တောင် ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။

အားမရှိတဲ့သူတွေ ဂျင်ဆင်းကို သောက်လိုက်ရင်၊ စားလိုက်ရင် အားအင်ပြည့်ဝဖို့အတွက် အထောက်အကူပြုပါတယ်။

ဂျင်ဆင်းမှာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့ ဓာတ်တွေလည်း ပါဝင်ပါတယ်။

လက်ဖက်ခြောက်

လက်ဖက်ခြောက်မှာ နှလုံးရောဂါတွေနဲ့ သွေးကျရောဂါတွေအတွက်ကောင်းပါတယ်။ တစ်နေ့ကို ရေနွေးကြမ်း ၂ ခွက်၊ ၃ ခွက်လောက် သောက်သုံးသင့်ပါတယ်။ ကော်ဖီအစား ရေနွေးကြမ်းကို အစားထိုး သောက်သင့်ပါတယ်။