ခန္ဓာကိုယ်အတွက်လေ့ကျင့်ခန်းလုပ်သလို မျက်လုံးအတွက် လေ့ကျင့်ခန်းလုပ်ပေးဖို့လိုပါတယ်။ လေ့ကျင့်ခန်းမလုပ်ရင် ပင်ပန်းနွမ်းနယ်နေတတ်သလို ခန္ဓာကိုယ်လိုပဲ မျက်လုံးကလည်း လေ့ကျင့်ခန်းမလုပ်ပေးရင် အမြင်အာရုံတွေ ‌ဝေဝါးလာတတ်ပါတယ်။

၁။ ကွန်ပျူတာ (သို့) Laptop ၂ နာရီ ၃ နာရီလောက်ကြည့်ပြီးတိုင်း ၂ မိနစ်လောက် မျက်လုံးခဏမှိတ်ထားပေးပါ။

မျက်လုံးညောင်းတာသက်သာလာပါလိမ့်မယ်။

၂။ မျက်မှန်ကို အခါအားလျော်စွာ ချွတ်ပေးပြီး မျက်လုံးတွေကို ငြင်သာစွာ နှိပ်နယ်ပေးပါ။ လက်ညိုးနဲ့ လက်ခလည်ကို အသုံးပြုပြီး နှိပ်ပေးါ။ မျက်လုံးနားတစ်ဝိုက်ကိုလည်း ငြင်သာစွာ ဖိပေးထားပါ။

၃။ မျက်လုံးလေ့ကျင့်ခန်းလုပ်ပါ။ အခုအောက်မှာ မျက်လုံးလေ့ကျင့်ခန်းလုပ်နည်းပုံတွေကို မျှဝေပေးထားပါတယ်။ မျက်လုံးကို အပေါ်အောက် ဘေးတိုက် စသဖြင့် ရွှေ့ပေးပါ။

၄။ အမြင်အာရုံကောင်းစေတဲ့ အစားအစာစားပါ။ မုန်လာဥနီဖျော်ရည် နေ့တိုင်းသောက်ပေးပါ။

၅။ ခပ်ဝေးဝေးကြည့်ပေးပါ။ မျက်လုံးလေ့ကျင့်ခန်းလုပ်တဲ့သဘောဖြစ်ပါတယ် အရင်ဆုံး ပစ္စည်းကို နီးတဲ့နေရာမှာထားပြီး တဖြည်းဖြည်းဝေးတဲ့နေရာထားပေးပါ။

၆။ ရေနွေးနဲ့ မျက်လုံးကိုဆေးပါ။

၇။ အိပ်ယာဝင်ခါနီး ဖုန်း (သို့) Laptop ကိုပိတ်ထားပါ။ အနည်းဆုံး ၂ နာရီလောက်အလိုမှာပိတ်ထားပါ။

၈။ မီးကိုကြည့်ပါ။ ဖယောင်းတိုင်တစ်ခုကို ခပ်ဝေးဝေးမှာ ထွန်းထားပြီး အဲဒီကမီးကို မျက်တောင်မခပ်ဘဲ ကြည့်ပေးပါ။ မျက်လုံးစပ်လာပြီး မျက်ရည်ထွက်လာရင် မြန်မြန်ပိတ်လိုက်ပြီး မိနစ်အနည်းငယ်လောက်ပိတ်ထားပါ။ မျက်လုံးက မျက်ရည်ကျသွားမှ မျက်စိပြန်ဖွင့်ပါ။

အမြင်အာရုံကို သဘာဝအတိုင်း တိုးတက်စေမယ့် နည်းလမ်း ၈ သွယ်