ညဖက်အိပ်ရေးမဝရင် အလုပ်ပင်ပန်းရင် မျက်ကွင်းတွေညိုပြီး မျက်လုံးရောင်ရမ်းတာမျိုးဖြစ်စေပါတယ်။ အငိုများရင်လည်း ဖြစ်စေပါတယ်။ ကိုယ့်ရဲ့ မျက်ကွင်းကညိုနေပြီး ပင်ပန်းနေသလိုဖြစ်နေရင် အိပ်ရေးမဝဘူးလား နေမကောင်းဘူးလားလို့ မကြာခဏ အမေးခံရလေ့ရှိတတ်ပါတယ်။

အခုလို မျက်ကွင်းညိုတာ မျက်လုံးညောင်းတာ ပင်ပန်းနွမ်းနယ်တာတွေဟာ အချိန်ကြာလာရင် အမြင်အာရုံတွေကိုလည်း ထိခိုက်လာနိုင်ပါတယ်။

ဒါ့ကြောင့် အိမ်တွင်းနည်းလမ်းတွေကိုမျှဝေပေးပါမယ်။

သခွားသီး

သခွားသီးမှာ သဘာဝအတိုင်း အေးစေတဲ့ ဂုဏ်သတ္တိတွေပါဝင်လို့ မျက်လုံးပင်ပန်းနွမ်းနယ်တာတွေကို သက်သာစေပါတယ်။ သခွားသီးကို ပါးပါးလှီးပြီး မျက်လုံးပေါ်မှာ ၁၀ မိနစ်လောက်ကပ်ထားပေးပါ။ သခွားသီးနွေးလာတဲ့ထိထားပေးနိုင်ပါတယ်။ မျက်လုံးရောင်ရမ်းတာသက်သာသွားမှာပါ။

၂။ အာလူး

သခွားသီးလိုပါပဲ။ အာလူးဟာလည်း မျက်ကွင်းညိုတာ မျက်လုံးရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ အာလူးကို ပါးပါးလှီးပြီး မျက်လုံးပေါ်မှာ ကပ်ထားပေးပါ။ ပြီးရင်နွေးလာတဲ့ထိကပ်ပြီး ရေဆေးချပါ။

၃။ ရေ

ရေအေးအေးလေးနဲ့ မျက်လုံးကိုဆေးချလိုက်ပါ။ ပြီးရ ရေများများသောက်ပါ။ သံပုယိုရည်လည်းသောက်ပေးပါ။ ခန္တာကိုယ်အတွင်ရေဓါတ်ဖြည့်တင်းနေမှ စိတ်ဖိစီးမှုတွေ သက်သာပြီး မျက်ကွင်းညိုတာ မျက်လုံးရောင်ရမ်းတာတွေလည်း သက်သာစေပါတယ်။

၄။ Tea Bag (လက်ဖက်အိတ်)

လက်ဖက်အိတ်ကို ရေနွေးနဲ့ ၅ မိနစ်လောက် စိမ်ပေးလိုက်ပြီး ထုတ်ထားပေးကာ ရေအေးအေးနဲ့ဆေးလိုက်ပါ။ ဒါမှမဟုတ် ရေခဲသေတ္တာထဲ ခဏထည့်ထားပါ။ ပြီးရင်မျက်လုံးပေါ်မှာ ၁၅ မိနစ် မိနစ် ၂၀ ခန့် တင်ထားပေးပါ။

၅။ စတော်ဘယ်ရီ

သခွားသီးမှာ Alpha Hydroxyl ဓါတ်ပါဝင်ပြီး မျက်ကွင်းညိုတာ မျက်လုံးရောင်ရမ်းတာတွေအတွက် သက်သာစေပါတယ်။ အသားအရေကို ချောမွတ်ပြီး နုပျိုစေပါတယ်။ စတော်ဘယ်ရီကို ပါးပါးလှီးပြီး ရေခဲသေတ္တာထဲ မိနစ် ၃၀ လောက်ထည့်ထားပါ။ ပြီးရင် မျက်လုံးမှာကပ်ပေးပါ။