[Unicode]
အသက်အရွယ်ရလာပြီဆိုရင် အမြင်အာရုံတွေေ၀ဝါးလာတတ်တာသဘာဝပါပဲ။ ဒီနေ့ခေတ်မှာဆို တီဗီ ဂိမ်း ဖေ့ဘုတ်တွေ အသုံးများလာကြလို့ ငယ်ငယ်ကတည်းက ပါဝါမျက်မှန်တွေ တပ်နေကြပါတယ်။
နိုကိုဥကတော့ ငယ်စဉ်ကပဲဖြစ်ဖြစ် အသက်အရွယ်ရလာရင်ဖြစ်ဖြစ် အမြင်အာရုံနဲ့ပတ်သတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ဒါ့အပြင် အသည်းအဆီဖုံးတာကိုလည်း သက်သာစေပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေတဲ့အပြင် တခြားကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။
နိုကိုဥကို သုပ်စားရအောင်
နိုကိုဥ ၂ ဥ (သို့) ၃ ဥ
ကြက်သွန်နီ ၂ လုံး
သံလွင်ဆီ အသန့်
ရှလကာရည်
ဆား
ပြင်ဆင်ခြင်း
နိုကိုဥကိုအခွံနွှာပြီး ရေ ၊ ဆားအနည်ငယ်ထည့်ပြီး ပြုတ်လိုက်ပါ။
ပွက်လာပြီဆိုရင် မီးဖိုပေါ်ကချ အအေးခံပြီး အတုံးသေးသေးလေးလှီးကာ ခွက်တစ်လုံးထဲထည့်ထားပါ။ ကြက်သွန်နီကို အခွံနွှာ အတုံးလေးတွေလှီးပြီး နိုကိုဥနဲ့ရောလိုက်ပါ။ ပြီးရင် သံလွင်ဆီအနည်း၊ ရှလကာရည်အနည်းငယ်နဲ့ ဆားအနည်းငယ်ထည့်ပါ။
ပြီးရင် သေချာနှယ်ပေးပါ။ တကယ်လို့ ဆားမကောင်းရင်ဆားထပ်ထည့်ပြီး တခြားဟင်းခတ်မှုန့်တွေလည်း ထည့်လို့ရပါတယ်။ သုပ်ပြီးလို့ တစ်နာရီလောက်ထားပြီးမှ စားသုံးပေးပါ။
အသည်းနဲ့ အူမကြီးကို သန့်စင်စေတဲ့အပြင် အမြင်အာရုံကိုတိုးတက်လာစေပါတယ်။ နိုကိုဥသုပ်ကိုနေ့တိုင်းစားပေးဖို့ အကြံပြုပါရစေ။
[Zawgyi]
အသက္အရြယ္ရလာၿပီဆိုရင္ အျမင္အာရံုေတြေ၀၀ါးလာတတ္တာသဘာ၀ပါပဲ။ ဒီေန႔ေခတ္မွာဆို တီဗီ ဂိမ္း ေဖ့ဘုတ္ေတြ အသံုးမ်ားလာၾကလို႔ ငယ္ငယ္ကတည္းက ပါ၀ါမ်က္မွန္ေတြ တပ္ေနၾကပါတယ္။
ႏိုကိုဥကေတာ့ ငယ္စဥ္ကပဲျဖစ္ျဖစ္ အသက္အရြယ္ရလာရင္ျဖစ္ျဖစ္ အျမင္အာရံုနဲ႔ပတ္သတ္တဲ့ ျပႆနာေတြကို ေျဖရွင္းေပးႏိုင္ပါတယ္။ ဒါ့အျပင္ အသည္းအဆီဖံုးတာကိုလည္း သက္သာေစၿပီး ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစတဲ့အျပင္ တျခားက်န္းမာေရးအတြက္ အထူးေကာင္းမြန္ပါတယ္။
ႏိုကိုဥကို သုပ္စားရေအာင္
ႏိုကိုဥ ၂ ဥ (သို႕) ၃ ဥ
ၾကက္သြန္နီ ၂ လံုး
သံလြင္ဆီ အသန္႔
ရွလကာရည္
ဆား
ျပင္ဆင္ျခင္း
ႏိုကိုဥကိုအခြံႏႊာၿပီး ေရ ၊ ဆားအနည္ငယ္ထည့္ၿပီး ျပဳတ္လိုက္ပါ။
ပြက္လာၿပီဆိုရင္ မီးဖိုေပၚကခ် အေအးခံၿပီး အတံုးေသးေသးေလးလွီးကာ ခြက္တစ္လံုးထဲထည့္ထားပါ။ ၾကက္သြန္နီကို အခြံႏႊာ အတံုးေလးေတြလွီးၿပီး ႏိုကိုဥနဲ႔ေရာလိုက္ပါ။ ၿပီးရင္ သံလြင္ဆီအနည္း၊ ရွလကာရည္အနည္းငယ္နဲ႔ ဆားအနည္းငယ္ထည့္ပါ။
ၿပီးရင္ ေသခ်ာႏွယ္ေပးပါ။ တကယ္လို႔ ဆားမေကာင္းရင္ဆားထပ္ထည့္ၿပီး တျခားဟင္းခတ္မႈန္႔ေတြလည္း ထည့္လို႔ရပါတယ္။ သုပ္ၿပီးလို႔ တစ္နာရီေလာက္ထားၿပီးမွ စားသုံးေပးပါ။
အသည္းနဲ႔ အူမႀကီးကို သန္႔စင္ေစတဲ့အျပင္ အျမင္အာရံုကိုတိုးတက္လာေစပါတယ္။ ႏိုကိုဥသုပ္ကိုေန႔တိုင္းစားေပးဖို႔ အႀကံျပဳပါရေစ။