မျက်လုံးဆိုတာ လူတစ်ယောက်ရဲ့ အရေးကြီးဆုံး အင်္ဂါ အစိတ်အပိုင်းတစ်ခုပါပဲ။ သင့်မျက်လုံးဟာ အချိန်မတန်သေးဘဲ ဘာကြောင့် ဝေဝါးသွားပြီး နောက်ပိုင်း သင့်မျက်လုံးကို ထိခိုက်ပျက်စီးစေသလဲဆိုတာကို သိထားသင့်ပါတယ်။ ဒါ့ကြောင့် သင်အခုပြုလုပ်လေ့ရှိတဲ့ အမှားတွေကို အခုပဲ ရပ်တန့်လိုက်ရအောင်ပါ။

၁။ နေကာမျက်မှန်မတပ်ခြင်း

နေကာမျက်မှန်တပ်တာဟာ စတိုင်လ်ထုတ်တာတစ်ခုတည်းအတွက်လိုအပ်တာမဟုတ်ပါဘူး။ မျက်လုံးကိုလည်း နေရောင်ချည်ကနေ ကာကွယ်ပေးပြီး မျက်လုံးထိခိုက်ပျက်စီးခြင်းကနေ အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် နေကာမျက်မှန်တပ်ပေးပါ။

၂။ မျက်ကပ်မှန်တပ်ပြီးအိပ်ပေးခြင်း

မျက်ကပ်မှန်တပ်ပြီးအိပ်ပေးတာဟာ တစ်နေ့တာလုံး သန့်ရှင်းရေးမလုပ်ပေးတာကြောင့် ဇီဝပိုးမွှားတွေ ဖြစ်ပေါ်စေပြီး သင့်မျက်လုံးမှာ ဘက်တီးရီးယားတွေ ကူးစက်ပြန့်ပွားစေပါတယ်။ ဒါ့ကြောင့် အိပ်ယာမဝင်ခါနီး မဖြစ်မနေ မျက်ကပ်မှန်ချွတ်ပေးပါ။

၃။ မျက်လုံးကိုပွတ်ပေးခြင်း

သင့်မျက်လုံးကို ထိခိုက်ပျက်စီးစေတဲ့ သင်လုပ်မိတဲ့အမှား (၅) ခု

မျက်လုံးကို ပွတ်ပေးတာဟာ လုံးဝမကောင်းပါဘူး။ မျက်လုံးနီစေပြီး မျက်တောင်မွှေးကိုကျွန်စေသလို မျက်လုံးအတွင်းပိုင်းကို ရောင်ရမ်းစေပါတယ်။

၄။ ကွန်ပျူတာစခရင်မ်အကြာကြီးကြည့်ခြင်း

မလွဲမရှောင်သာလို့ ကွန်ပျူတာနဲ့ အလုပ်လုပ်နေရတယ်ဆိုရင်တော့ မျက်မှန်တပ်ပေးသင့်ပါတယ်။ အကောင်းဆုံးကတော့ ကွန်ပျူတာကို ရေရှည်မကြည့်တာကောင်းပေးမယ့် မတတ်နိုင်တဲ့အဆုံး မျက်မှန်တပ်ပေးတာ၊ မျက်လုံးကို နာရီဝက်တစ်ခါ ညင်သာစွာ နှိပ်နယ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။

၅။ မိတ်ကပ်လိမ်းလျက်သားနဲ့ အိပ်ယာဝင်ခြင်း

မိတ်ကပ်လိမ်းလျက်သားနဲ့ အိပ်ယာဝင်တာဟာ သင့်မျက်လုံးကိုသာမက အသားအရေကိုပါ ထိခိုက်စေပါတယ်။ မျက်လုံးနားမှာ အဆီပြန်ပြီး ပွတ်မိရင် ဘက်တီးရီးယားတွေ ပြန့်ပွားသွားစေနိုင်ပါတယ်။