မှတ်ဉာဏ်ကောင်းမွန်ဖို့ဆိုတာ လူတိုင်းလိုအပ်တဲ့အရာပါ။ သင်ယူခဲ့ပြီးသားအရာတွေ၊ မှတ်သားထားခဲ့သမျှ သတင်းအချက်အလက်တွေ၊ အတိတ်ကအဖြစ်အပျက်တွေကို ပြန်လည်တွေးယူဖို့အတွက် ထိုမှတ်ဉာဏ်ကကူညီပေးပါတယ်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မှတ်ဉာဏ်အားလည်းကျဆင်းလာကာ ပြန်လည်တွေးတောနိုင်စွမ်းအားလည်း မှေးမှိန်လာတာကို သတိထားမိနိုင်ပါတယ်။ ဒါကြောင့် မိမိတို့လူသားတွေဘဝအတွက် အလွန်အရေးကြီးတဲ့ မှတ်ဉာဏ်စွမ်းအားကို မြှင့်တင်ပေးနိုင်ဖို့ လုပ်ဆောင်ပေးနိုင်တဲ့ နည်းလမ်းလေးအချို့ကို မျှဝေပေးလိုက်ရပါတယ်။

၁။ နှစ်ခြိုက်စွာအိပ်စက်ခြင်း

အိပ်နေစဉ်အချိန်မှာပါ ပိုမိုလှပလာစေမယ့် နည်းလမ်း (၈) ခု

အိပ်စက်နေတဲ့အချိန်မှာ ဦးနှောက်ကနေပြီး မှတ်ဉာဏ်အသစ်တွေကို စုဆောင်းသိမ်းဆည်းတာဖြစ်သည့်အတွက် နှစ်ခြိုက်စွာအိပ်စက်ခြင်းက အလွန်အထောက်အကူဖြစ်စေပါတယ်။

၂။ နေ့စဉ်မှန်မှန်လေ့ကျင့်ခန်းလုပ်ခြင်း

ဂရုတစိုက်နှင့် လေ့ကျင့်ခန်းလုပ်ပေးခြင်းက Hippocampus လို့ခေါ်တဲ့ အပြောမှတ်ဉာဏ်နှင့်သင်ယူနိုင်စွမ်းတို့ပါဝင်သည့် ဦးနှောက်ဖွဲ့စည်းမှုကို မြှင့်တင်ပေးနိုင်ပါတယ်။

၃။ စိတ်ဖိစီးမှုလျှော့ချပါ။

စိတ်ဖိစီးမှုတွေများလာပြီဆိုရင် တစုံတခုကိုမှတ်သားဖို့ကလည်း ခက်ခဲလာနိုင်ပါတယ်။ စိတ်ရှုပ်စရာတွေများလာပြီဆိုရင် ခန္ဓာကိုယ်မှ Cortisol လိုမျိုးစိတ်ဖိစီးမှုဟော်မုန်းတွေကို ထုတ်လွှတ်ပေးပြီး ဦးနှောက်ရဲ့မှတ်ဉာဏ်အားကို အနှောင့်အယှက်ပေးလာနိုင်ပါတယ်။

၄။ ဦးနှောက်အသုံးပြုရတဲ့ဂိမ်းများကစားပေးပါ။

ပုံစံတမျိုးပြောင်းပြီး ဦးနှောက်မှတ်ဉာဏ်ရည်ကို တိုးတက်စေနိုင်မယ့် နည်းလမ်းလေးတစ်ခုပါ။ ဦးနှောက်အသုံးပြုရတဲ့ဂိမ်းများ ကစားပေးခြင်းက ဦးနှောက်တစ်ခုလုံးအတွင်းရှိ အာရုံကြောမြွာဆုံကို အသက်သွင်းပေးရန်ကူညီပေးပြီး အာရုံစူးစိုက်နိုင်စွမ်းအားကိုပါ တိုးတက်စေပါတယ်။

၅။ တရားထိုင်ပေးပါ။

သင့်ရဲ့အာရုံစူးစိုက်နိုင်စွမ်းရည်ကို တိုးတက်စေရန်အတွက် တရားမှတ်ပေးခြင်းက အလွန်လိုအပ်ပါတယ်။ ဦးနှောက်နှင့်ဆိုင်သည့် သွေးလည်ပတ်မှုကိုတိုးတက်စေကာ မှတ်ဉာဏ်အားကို ကောင်းမွန်စေပါတယ်။

၆။ မကြာခဏရယ်မောပေးပါ။

ရယ်မောခြင်းက အကောင်းဆုံးဆေးတစ်လက်ဖြစ်သလို မှတ်ဉာဏ်အတွက်လည်း အထူးကောင်းမွန်ပါတယ်။ ရယ်မောသည့်အခါ သင့်ရဲ့ဦးနှောက်မှတ်ဉာဏ်အားကို အနှောင့်အယှက်ပေးနိုင်တဲ့ စိတ်ဖိစီးမှုတွေကို ဖယ်ရှားဖို့လည်း ကူညီပေးနိုင်ပါတယ်။

၇။ ဝိုင်နီသောက်သုံးပေးပါ။

ကိုယ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါ ကောင်းမွန်စေတဲ့ ဝိုင်နီကိုသောက်သုံးပေးခြင်းက ဆဲလ်များပျက်စီးမှုကိုကာကွယ်ပေးပြီး မှတ်ဉာဏ်ချို့ယွင်းမှုမှ တားဆီးပေးပါတယ်။