အသက်အရွယ်ရလာတာနဲ့အမျှ မိမိတို့ရဲ့ ဇီဝဖြစ်စဉ်ကလည်း ဖြည်းဖြည်းချင်း နှေးကွေးစပြုလာပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်တက်လာပြီး အချို့နေရာတွေမှာ အဆီတွေစုဝေးလာကြပါတယ်။ အသက်ကြီးလာတာတစ်ခုကြောင့်သာမဟုတ်ဘဲ ရှုပ်ထွေးလှတဲ့လူနေမှုဘဝကလည်း ခန္ဓာကိုယ်ကိုနှောင့်ယှက်နိုင်ပါတယ်။

ဒီလိုတွေကနေ ဖြစ်ပေါ်လာနိုင်တဲ့ ခန္ဓာကိုယ်အဆီအမျိုးမျိုးရှိပြီး ကိုယ်အလေးချိန်လျှော့ချဖို့ နည်းလေးတွေအစုံပေါ်နေပေမယ့်လည်း လူတစ်ယောက်နဲ့ တစ်ယောက်က ခန္ဓာကိုယ်တည်ဆောက်ပုံချင်းမတူကြပါဘူး။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်ဘယ်လိုအလေးချိန်တက်လာလဲဆိုတာကို သိနားလည်ထားမယ်ဆိုရင် လျော့ချဖို့ကလည်း အလွယ်လေးဖြစ်သွားပါပြီ။

ခန္ဓာကိုယ်အပေါ်ပိုင်းအဆီ

လောင်ကျွမ်းသမျှ ကယ်လိုရီထက် ပိုမိုများပြားတဲ့ ကယ်လိုရီပမာဏကို စားသုံးမိရာမှာ ခန္ဓာကိုယ်အပေါ်ပိုင်းအဆီဖြစ်လာရတာပါ။ အလွယ်ကူဆုံးနည်းလမ်းကတော့ အချိုကိုအထူးရှောင်ကြဉ်ရမှာဖြစ်ပြီး တနေ့လျှင် အနည်းဆုံးနာရီဝက်လောက် လေ့ကျင့်ခန်းလုပ်ပေးပါ။

ဝမ်းဗိုက်အောက်ပိုင်းအဆီ

ဒီလိုအဆီမျိုးက အမျိုးသမီးများတွင် ပုံမှန်ဖြစ်ပွားတတ်ပါတယ်။ စိတ်ကျမှု၊ စိတ်ဖိစီးမှု၊ စိုးရိမ်ကြောင့်ကြမှုတွေက အဓိကပြဿနာတွေဖြစ်လို့ အတတ်နိုင်ဆုံး ကြိုးစားကာ စိတ်ကိုအနားပေးပြီး သက်သာအောင်လုပ်ပေးပါ။ ဒါ့အပြင် ယောဂ သို့မဟုတ် အသက်ရှုထုတ်ခြင်းလေ့ကျင့်ခန်းများကို လုပ်ဆောင်ပြီး green tea ကိုသောက်သုံးပေးပါ။

ခန္ဓာကိုယ်အောက်ပိုင်းအဆီ

မိမိရဲ့ပေါင်ရင်းတွေ တဖြည်းဖြည်းကြီးလာတယ်လို့ ထင်ရတယ်ဆိုရင်တော့ gluten အများကြီး စားသုံးမိလို့ ဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မှာ လှေကားအတက်အဆင်းလေ့ကျင့်ခန်းကို လုပ်ပေးခြင်းက ခြေထောက်ကိုကျစ်ကျစ်လျစ်လျစ်နဲ့ သွယ်လျလာစေနိုင်ပါတယ်။ ဒါ့အပြင် မနက်စာကိုလည်း မှန်မှန်စားသုံးပေးပါ။

ဗိုက်ပူခြင်း

ဗိုက်ထဲမှာ အဆီစုဝေးလာတယ်ဆိုတာဟာ အရက်သေစာအလွန်အကျွံသောက်သုံးခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းပြဿနာတွေကြောင့် ဖြစ်လာရတာပါ။ ဒီလိုဗိုက်ခေါက်ကိုဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းကတော့ အရက်သောက်သုံးခြင်းကို ရှောင်ကြဉ်ဖို့ပါပဲ။