ပီကေကို အလွယ်တကူ ခွာနိုင်
ပီကေက ဆံပင်တို့၊ အဝတ်အစားတို့မှာ ကပ်သွားရင် ခွာရခက်ပါတယ်။ ဒါပေမယ့် ကိုကာကိုလာကို ပီကေပေါ်မှာ အနည်းငယ်လောင်းပြီး မိနစ်အနည်းငယ်လောက်ထားလိုက်ပါ။ ပြီးရင် ဖြည်းဖြည်းချင်း ခွာလို့ရသွားမှာပါ။ ဒါဆိုရင် ပီကေခွာလို့မရလို့ ဆံပင် ညှပ်ရမယ့် အန္တရာယ်ကနေ ကင်းဝေးမှာ ဖြစ်ပါတယ်။
ကိုယ့်စိုက်ခင်းကနေ ပိုးမွှားအန္တရာယ်တွေ ကာကွယ်ပေးနိုင်
ကိုယ့်အိမ်တွင်းမှာ တစ်နိုင်တစ်ပိုင် စိုက်ထားတဲ့ အပင်လေးတွေ ပိုးတွေကျလို့ စိတ်ညစ်နေသလား။ ကိုကာကိုလာကို စိုက်ခင်းအပေါ် ဖြန်းပြီး ဖြေရှင်းလို့ရပါတယ်။ သူ့မှာ ပါဝင်တဲ့ သကြားဓာတု ပစ္စည်းဟာ ပုရွက်ဆိတ်အနီတွေနဲ့ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ ဒါမှမဟုတ် ပန်းကန်ပြား တစ်ခုထဲထည့်ထားပြီး စိုက်ခင်း ရဲ့ ၂ နေရာ ၃ နေရာလောက်မှား ထားထားလိုက်ပါ။
အနာကို သက်သာစေ
သင့်မှာ အင်းဆက်ကိုက်လို့ ယားပြီး နာနေသလို ဖြစ်နေပါသလား။ ဂွမ်းကို ကိုကာကိုလာနဲ့ စွတ်လိုက်ပြီး ယားပြီးနာနေတဲ့နေရာကို အုပ်လိုက်ရင် သာသာသွားပါတယ်။ သူ့မှာ ကဖိန်းဓာတ်ပါဝင်တာကြောင့် အနာကို သက်သာစေပါတယ်။
ကားမှာ ကပ်နေတဲ့ဖုန်တွေ ကြေးတွေ အလွယ်တကူ ခွာနိုင်
ကိုကာကိုလာက ကားမှာကပ်နေတဲ့ ဖုတ်တွေ ကြေးတွေကို အလွယ်တကူခွာနိုင်အောင် ကူညီပေးပါတယ်။ ကိုကာကိုလာအရည်ကို ကိုယ်သန့်ရှင်းရေး လုပ်ချင်တဲ့နေရာကို လောင်းချလိုက်ပြီး တိုက်ချွတ်ဆေးကြောလိုက်ပါ။ သံတွေကပ်နေတဲ့ ကြေးတွေကို အလွယ်တကူ ဖယ်ရှားပြီး ပြောင်လက်အောင် ကူညီပေးပါတယ်။
အိမ်သာကို သန့်ရှင်းရေးလုပ်နိုင်
ကိုကာကိုလာမှာ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တဲ့ Orthophosphoric အက်ဆစ် တွေ ပါဝင်ပါတယ်။ ကိုကာကိုလာကို ရေဖြန်းလို့ရတဲ့ ဗူးထဲထည့်ပြီး သန့်ရှင်းရေး လုပ်ချင်တဲ့နေရာကို ဖြန်းထားလိုက်ပါ။ နာရီအနည်းငယ်လောက်ထားပြီး Brush နဲ့ တိုက်ပြီး သန့်ရှင်းရေးလုပ်လိုက်ရင် ကြွေခွက်တွေ သန့်ရှင်းသွားမှာပါ။ Orthophosphoric အက်ဆစ်က စားသုံးရင်လည်း လူကိုအန္တရာယ်မပေးပါဘူး။
ဆံပင်ကောက်လို့ရ
ဆံပင်ကို လှိုင်းပုံစံလေးတွေကို ကိုကာကိုလာနဲ့လည်း ကောက်လို့ရပါတယ်။ ကိုကာကိုလာနဲ့ ဆံပင်ကို စွတ်ထားပြီး ၅ မိနစ်ကနေ ၁၀ မိနစ်လောက်ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။ နာမည်ကြီး မော်ဒယ် Suki Waterhouse ကလည်း တခါတလေ ဒီနည်းနဲ့ ဆံပင်ကောက်လေ့ရှိပါတယ်။
အနံ့ အသက်ဆိုးတွေ ဖယ်ရှားပေး
အကယ်၍ ကိုယ့်အဝတ်အထည်တွေမှာ ငါးညှီနံ့တွေ နဲ့ တခြားအနံ့တွေ ရှိနေရင် ရေ ၁ ချိုးနဲ့ ကိုကာကိုလာ ၁ ချိုးတို့ကို ခဏလောက် စိမ်ထားလိုက်ပါ။ ပြီးမှ လျှော်လိုက်ပါ။ ဖြစ်နိုင်ရင် လက်နဲ့ လျှော်ပါ။ ဒါဆိုရင် အနံ့အသက်ဆိုးတွေ ပျောက်သွားပါလိမ့်မယ်။